ယူကရိန္းအေရးေဆြးေႏြးဖို႔ ႐ုရွားသံရံုးကို ပုပ္ရဟန္းမင္းႀကီးကိုယ္တိုုင္ သြားေရာက္
{{Zawgyi/Unicode}}
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ အီတလီႏုိင္ငံ Rome ၿမိဳ့ေတာ္မွာရွိတဲ့ ရုရွားသံရုံးကုိ ပုဂၢိဳလ္ေရးအရသြားေရာက္ၿပီး ယူကရိန္းက စစ္ပဲြနဲ႔ပတ္သက္လုိ႕သူရဲ့စုိးရိမ္ပူပန္မႈကုိ ေဖၚျပခဲ့ပါတယ္။
ပုပ္ရဟန္းမင္းႀကီးဟာ အခုလုိ သြားေရာက္တဲ့ အစဥ္အလာမရွိပါဘူး။ သူ့ရဲ့ ဗာတီကန္ ေက်ာင္းေတာ္မွာသာ ႏုိင္ငံတကာကသံအမတ္ေတြ၊ ႏုိင္ငံေခါင္းေဆာင္ေတြကုိ လက္ခံ ေတြ့ဆုံေလ့ရွိပါတယ္။
အခုလုိ ဗာတီကန္ေက်ာင္းေတာ္ရဲ့ အျပင္ဘက္ကုိထြက္ၿပီး ပုပ္ရဟန္းမင္းႀကီးကုိယ္တုိင္ ရရွားသံရုံးကုိသြားေရာက္တာဟာ ယူကရိန္းအေရးနဲ႕ပတ္သက္ၿပီး သူ့ရဲ့စိတ္ပူပန္မႈ အတုိင္းအတာကုိေဖၚျပေနတာျဖစ္ပါတယ္။
အခုလုိရုရွားသံရုံးကုိသြားေရာက္တာဟာ ယူကရိန္းစစ္ပဲြနဲ႕ ပတ္သက္ၿပီး သူရဲ့စုိးရိမ္ပူပန္မွု ေတြကုိေဖၚျပဖုိ႕အတြက္သြားေရာက္တာျဖစ္တယ္လုိ႕ ဗာတီကန္ေက်ာင္းေတာ္ရဲ့ေျပာေရး ဆုိခြင့္ရွိသူ Matteo Burni ကေျပာဆုိခဲ့ပါတယ္။ ပုပ္ရဟန္းမင္းႀကီး ရုရွားသံရုံးမွာ နာရီ၀က္ေလာက္ၾကာခဲ့တယ္လုိ႕လည္းသူကေျပာဆုိပါတယ္။
ယူကရိန္းအေရးကုိေဆြးေႏြးေျဖရွင္းဖုိ႕ပုပ္ရဟန္းမင္းႀကီးကတုိက္တြန္းထားပါတယ္။ လာမယ့္ဗုဒၶဟူးေန႕ကုိလည္း ယူကရိန္းအတြက္ဥပုပ္ေစာင့္ၿပီးဆုေတာင္းေပးဖုိေန႔ အျဖစ္သတ္မွတ္လုိက္ပါတယ္။
ဒါေပမယ့္လည္း ပုပ္ရဟန္းမင္းႀကီးအေနနဲ႔ ရုရွားကုိလူသိရွင္ၾကားေဝဖန္တာမ်ိဳးေတာ့မလုပ္ပါဘူး။ ရုရွားေအာ္သုိေဒါ့ ခရစ္ယန္ေက်ာင္းေတာ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိလုိတ့ဲ ပုပ္ရဟန္းမင္းႀကီးအေနနဲ႕ ဆက္ဆံေရးမေျပလည္မွာကုိ စုိးရိမ္ပုံရပါတယ္။
............................................
ယူကရိန်းအရေးဆွေးနွေးဖို့ ရုရှားသံရုံးကို ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် သွားရောက်
{{Unicode}}
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အီတလီနိုင်ငံ Rome မြို့တော်မှာရှိတဲ့ ရုရှားသံရုံးကို ပုဂ္ဂိုလ်ရေးအရသွားရောက်ပြီး ယူကရိန်းက စစ်ပွဲနဲ့ပတ်သက်လို့သူရဲ့စိုးရိမ်ပူပန်မှုကို ဖေါ်ပြခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ အခုလို သွားရောက်တဲ့ အစဉ်အလာမရှိပါဘူး။ သူ့ရဲ့ ဗာတီကန် ကျောင်းတော်မှာသာ နိုင်ငံတကာကသံအမတ်တွေ၊ နိုင်ငံခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံလေ့ရှိပါတယ်။
အခုလို ဗာတီကန်ကျောင်းတော်ရဲ့ အပြင်ဘက်ကိုထွက်ပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ရရှားသံရုံးကိုသွားရောက်တာဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ပူပန်မှု အတိုင်းအတာကိုဖေါ်ပြနေတာဖြစ်ပါတယ်။
အခုလိုရုရှားသံရုံးကိုသွားရောက်တာဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သူရဲ့စိုးရိမ်ပူပန်မှု တွေကိုဖေါ်ပြဖို့အတွက်သွားရောက်တာဖြစ်တယ်လို့ ဗာတီကန်ကျောင်းတော်ရဲ့ပြောရေး ဆိုခွင့်ရှိသူ Matteo Burni ကပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ရုရှားသံရုံးမှာ နာရီဝက်လောက်ကြာခဲ့တယ်လို့လည်းသူကပြောဆိုပါတယ်။
ယူကရိန်းအရေးကိုဆွေးနွေးဖြေရှင်းဖို့ပုပ်ရဟန်းမင်းကြီးကတိုက်တွန်းထားပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့ကိုလည်း ယူကရိန်းအတွက်ဥပုပ်စောင့်ပြီးဆုတောင်းပေးဖိုနေ့ အဖြစ်သတ်မှတ်လိုက်ပါတယ်။
ဒါပေမယ့်လည်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရုရှားကိုလူသိရှင်ကြားဝေဖန်တာမျိုးတော့မလုပ်ပါဘူး။ ရုရှားအော်သိုဒေါ့ ခရစ်ယန်ကျောင်းတော်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိလိုတဲ့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဆက်ဆံရေးမပြေလည်မှာကို စိုးရိမ်ပုံရပါတယ်။