သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာအေပၚ ယူကရိန္းအေရး ဂယက္ ျမန္မာတခ်ိဳ႕အျမင္


FILES-UKRAINE-RUSSIA-CONFLICT

[[ ZAWGYI / UNICODE ]]

ျမန္မာအေပၚ ယူကရိန္းအေရး ဂယက္ ျမန္မာတခ်ိဳ႕အျမင္

႐ုရွားနဲ႔ ယူကရိန္းစစ္ပဲြေၾကာင့္ ျမန္မာ့အေရးကိစၥအေပၚ ကမာၻက အာရုံစိုက္မႈေတြ ပိုၿပီးေလ်ာ့က် လာႏုိင္ဖြယ္ရွိတယ္လို႔ ျမန္မာျပည္သူတခ်ိဳ႕က ရႈျမင္ သုံးသပ္ေနၾကပါတယ္။ အခုလို ႐ုရွားက ယူကရိန္းကို စစ္ေရးအရ ၀င္ေရာက္ တုိက္ခုိက္လိုက္တဲ့အတြက္ ျမန္မာ အပါအ၀င္ ကမာၻတ၀န္းမွာ ဘယ္လို အက်ိဳးဆက္ေတြ ျဖစ္လာႏုိင္မလဲ။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ျမန္မာျပည္သူ တခ်ိဳ႕ရဲ႕ သေဘာထား အျမင္ေတြကို ကိုရန္နုိင္က စုစည္းတင္ျပထားပါတယ္။

႐ုရွားဘက္က ယူကရိန္းကို တပ္ေတြနဲ႔ ၀င္ေရာက္ တုိက္ခုိက္လိုက္တာေၾကာင့္ ဒီစစ္ပဲြက အခုေလာေလာဆယ္ ကမာၻ႔အေရးမွာ ထိပ္ဆုံးက ရွိလာေနၿပီး တကမာၻလုံးကလည္း စိတ္၀င္တစားနဲ႔ ေစာင့္ၾကည့္ေနၾကသလို ဒီထဲမွာ ျမန္မာျပည္သူေတြလည္းပါ၀င္ၾကပါတယ္။ ဒါေပမဲ့ တဘက္မွာလည္း ဒီစစ္ပဲြေၾကာင့္ ျမန္မာ့ႏုိင္ငံလက္ရွိျဖစ္ေနတဲ့ ႏုိင္ငံေရး အေျခအေနေတြ နဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာရဲ႕ အာ႐ုံစိုက္မႈေတြ ေလ်ာ့က်လာႏုိင္တယ္လို႔ ရန္ကုန္ၿမိဳ႕ခံတဦးက ဗီအိုေအကို အခုလို ေျပာပါတယ္။

" နဂိုကတည္းကိုက က်ေနာ္တို႔ ျမန္မာ့အေရးကို ကမာၻက ေသေသခ်ာခ်ာ စိတ္မဝင္စားဘူး။ အခု ဒီ ႐ုရွားနဲ႔ ယူကရိန္းကိစၥက်ေတာ့ သူက ေတာ္ေတာ္ႀကီး ႀကီးႀကီးမားမား ျဖစ္သြားႏိုင္တဲ့ ကိစၥျဖစ္ေတာ့ ကမာၻက အဲဒီဖက္ကို ပိုၿပီးအာ႐ုံေရာက္မယ္ေပါ့ဗ်ာ၊ အဲဒီေတာ့ က်ေနာ္တို႔ ျမန္မာ့အေရး ၾကဳိးစားပမ္းစား လုပ္ေနတဲ့သူေတြအတြက္ကေတာ့ အင္အားနဲနဲ ပိုေလ်ာ့သြားတာေပါ့။"

ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္ၿမိဳ႕နယ္မွာေနထုိင္သူ တဦးကေတာ့ သူ႔ရဲ႕ အျမင္ကို အခုလို ေျပာပါတယ္။

" ျမန္မာ့အေရးက ကမာၻ့ဇာတ္ခုံေပၚမွာ သိပ္ၿပီး အေရးမပါတဲ့ အေျခအေန ေရာက္ေနတာေပါ့။ တႏွစ္လည္း ေက်ာ္သြားၿပီကိုး။ ဒီ ယူကရိန္းအေရးက်ေတာ့ ႐ုရွားနဲ႔ အေနာက္အုပ္စု စစ္ျဖစ္ႏိုင္တဲ့ အေျခအေနမ်ဳိး ကမာၻေပၚမွာ အေရးအႀကီးဆုံး အျဖစ္အပ်က္တခုေပါ့။ ဆိုေတာ့ ဒီအျဖစ္အပ်က္ကေတာ့ ေရွ႕ကိုေရာက္လာမွာေပါ့။ ျမန္မာျပည္ေပၚ ႐ိုက္ခတ္မႈကေတာာ့ အေကာင္းဖက္ေတာ့ ျဖစ္မလာႏိုင္ဘူးေပါ့ေနာ္။ ယူကရိန္းအေရး ျဖစ္လာခ်ိန္မွာ အေမရိကန္ကလည္း ျမန္မာျပည္အေၾကာင္းကို ေခါင္းထဲ ရွိေတာ့မွာ မဟုတ္ဘူးဗ် ။ ဒီ ယူကရိန္းကိစၥေၾကာင့္ ျမန္မာျပည္ ဒီမိုကေရစီအေရးက အဆိုးဖက္ကိုပဲ ပိုသြားမယ္လို႔ပဲ ထင္ပါတယ္။"

႐ုရွားနဲ႔ ယူကရိန္း ျပႆနာကို စစ္ေရးအရ မေျဖရွင္းဖို႔ ကုလသမဂၢ အပါအ၀င္ အေမရိကန္ နဲ႔ အေနာက္ႏုိင္ငံေတြဘက္က ရုရွားကို အႀကိမ္ႀကိမ္ သတိေပး တားျမစ္ခဲ့ေပမယ့္ ႐ုရွားက ယူကရိန္းကို စစ္အင္အားအသုံးျပဳၿပီး တုိက္ခုိက္ခဲ့တာျဖစ္ပါတယ္။ ကမာၻ႔အေရးကိစၥေတြမွာ ဦးေဆာင္ေျဖရွင္းေနတဲ့ ကုလသမဂၢရွိေနတဲ့ၾကားက ဒီကိစၥကို မေျဖရွင္းႏုိင္တာကလည္း ကုလသမဂၢရဲ႕ တည္ရွိမႈအေပၚမွာ ေမးခြန္းထုတ္စရာ ျဖစ္တယ္လို႔ ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕ခံတဦးကေျပာပါတယ္။

" ကမာၻ့ ႏိုင္ငံေရး အခင္းအက်င္းကို ၾကည့္လိုက္ရင္ ၊ အခု ႐ုရွားလုပ္တဲ့ပုံစံမ်ဳိးကက်ေတာ့ လက္နက္ရွိရင္ ငါတို႔ ဘာမဆို လုပ္လို႔ရတယ္ဆိုတဲ့ ပုံစံမ်ဳိးကို တကမာၻလုံးကို ျပလိုက္တာလို႔ ထင္ပါတယ္ေပါ့ေလ။ ဆိုေတာ့ အဲဒီအက်ဳိးဆက္က ျမန္မာႏိ္ုင္ငံကို ၿငိမ္းခ်မ္းေရးရယ္၊ တိုင္းျပည္ တည္ၿငိမ္ေရးရယ္ အမ်ားႀကီး သက္ေရာက္ႏိုင္တယ္။ ျမန္မာက ႐ုရွားရဲ႕ မဟာမိတ္ျဖစ္ေနေတာ့ ျပည္တြင္းမွာ ႐ိုက္ခတ္မႈ ပိုရွိလာမယ္ ထင္တာေပါ့။ တခုေတာ့ ရွိတာေပ့ါ ႏိုင္ငံတကာ အခင္းအက်င္းမွာေတာ့ သံတမန္ေရးအရ စကားေျပာႏိုင္မယ့္ UN လို အဖြဲ႔အစည္းတခု ရွိတာေတာင္ ဒီဟာကို မေျဖရွင္းေပး ႏိုင္ဘူးဆိုေတာ့ UN ရဲ႕ တည္ရွိမႈ အေပၚမွာလည္း ေတာ္ေတာ္ေလး သံသယရွိတယ္။ အဲလိုဆိုေတာ့ ျမန္မာႏိုင္ငံမွာလည္း ဒီစစ္အုပ္စုက UN ရဲ႕အခန္းက႑ကို အမ်ားႀကီး ပ်က္ရယ္ျပဳႏိုင္တဲ့ အေနအထား ရွိတယ္လို႔ က်ေနာ္တို႔ သုံးသပ္တယ္။"

ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ကမာၻတ၀န္းမွာ စီးပြားေရးက်ဆင္းတာ၊ ကုန္ေစ်းႏႈန္းႀကီးးျမင့္တာ၊ ေငြေၾကးေဖာင္းပြတာစတဲ့ ျပႆနာေတြကို ရင္ဆုိင္ေနရတာျဖစ္ပါတယ္။ ဆုိေတာ့ ႐ုရွား-ယူကရိန္းစစ္ေရး အေျခအေနေၾကာင့္ ျမန္မာႏုိင္ငံမွာေရာ ေနာက္ထပ္ ဘယ္လိုအက်ိဳးဆက္ေတြ ရွိလာႏုိင္ပါသလဲ။ ဒီအေပၚမွာ စမ္းေခ်ာင္းၿမိဳ႕ခံကေတာ့

" ျမန္မာျပည္မွာကေတာ့ ေရာဂါဘယေဘးေရာ ၊ အာဏာသိမ္းတဲ့ အက်ပ္တည္းျပႆနာေတြေၾကာင့္ ျမန္မာျပည္က နဂိုကတည္းက စီးပြားေရး ခၽြတ္ျခဳံက်ေနတာေပါ့ဗ်ာ။ ခု ယူကရိန္းအေရးကလည္း ကမာၻတခုလုံးကို ႐ိုက္ခတ္လာႏိုင္တာေပါ့ေနာ္။ အခန္႔မသင့္ရင္ ကမာၻစစ္ႀကီးေတာင္ ျဖစ္သြားႏိုင္တာမ်ဳိး ဆိုေတာ့ ကမာၻႀကီးတခုလုံး ဒုကၡေရာက္သြားႏိုင္တာေပါ့။ ပိုၿပီး ဒုကၡ ေရာက္ၾကမယ့္အထဲမွာ နဂိုထဲက ဒုကၡေရာက္ေနတဲ့ ျမန္မာျပည္ကေတာ့ ပိုၿပီးဆိုးလာမယ္ဆိုတာကေတာ့ ယုံမွား သံသယျဖစ္စရာ မလိုဘူးေပါ့။ "

႐ုရွား-ယူကရိန္းစစ္ေရး ပဋိပကၡေၾကာင့္ ၿပီးခဲ့တဲ့ ရက္ပုိင္းေတြအတြင္းကတည္းက ျမန္မာႏုိင္ငံမွာလည္း ေလာင္စာဆီေစ်းႏႈန္းေတြ ပိုၿပီးေတာ့ ျမင့္တက္လာခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕ခံက ေျပာပါတယ္။

" က်ေနာ္တို႔ ဒီ ဗမာျပည္မွာဆိုရင္လည္း ေငြေၾကး ေဖါင္းပြမႈက ပက္ပက္စက္စက္ မ်ားေနတယ္။ ေနာက္ၿပီး ေလာင္စာျပႆနာေပါ့။ ႐ုရွားက ယူကရိန္းကို မဝင္ခင္ ၂ ရက္ေလာက္ ကတည္းကိုက စက္သုံးဆီေစ်းကလည္း ဟိုဖက္မွာ တက္တယ္ဆိုၿပီး ဒီမွာလည္း တက္ေနၿပီေပါ့ဗ်ာ။ အဲဒီေတာ့ စဥ္းစားၾကည့္ရင္ ေၾကာက္စရာႀကီးေပါ့၊ စစ္ျဖစ္လို႔ ေၾကာက္ရမယ့္ကိစၥေတြအျပင္ကို စီးပြားေရးေတြ ပ်က္ၿပီးေတာ့ အကုန္လုံး ဒုကၡေရာက္မယ့္ဟာကေတာ့ ပိုမ်ားမယ္လို႔ ထင္တယ္။"

႐ုရွား-ယူကရိန္းစစ္ပဲြအေပၚမွာ ကမာၻတ၀န္းက စိုးရိမ္မႈေတြ တုိုးလာေနေပမယ့္လည္း၊ အခုလို ႐ုရွားက ယူကရိန္းကို တုိက္ခုိက္တဲ့အေပၚ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ေထာက္ခံေၾကာင္း ေျပာထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

= = = = = = = =

{{ UNICODE }}

မြန်မာအပေါ် ယူကရိန်းအရေး ဂယက် မြန်မာတချို့အမြင်

ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် မြန်မာ့အရေးကိစ္စအပေါ် ကမ္ဘာက အာရုံစိုက်မှုတွေ ပိုပြီးလျော့ကျ လာနိုင်ဖွယ်ရှိတယ်လို့ မြန်မာပြည်သူတချို့က ရှုမြင် သုံးသပ်နေကြပါတယ်။ အခုလို ရုရှားက ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်လိုက်တဲ့အတွက် မြန်မာ အပါအဝင် ကမ္ဘာတဝန်းမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မြန်မာပြည်သူ တချို့ရဲ့ သဘောထား အမြင်တွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

ရုရှားဘက်က ယူကရိန်းကို တပ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်လိုက်တာကြောင့် ဒီစစ်ပွဲက အခုလောလောဆယ် ကမ္ဘာ့အရေးမှာ ထိပ်ဆုံးက ရှိလာနေပြီး တကမ္ဘာလုံးကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြသလို ဒီထဲမှာ မြန်မာပြည်သူတွေလည်းပါဝင်ကြပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒီစစ်ပွဲကြောင့် မြန်မာ့နိုင်ငံလက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ လျော့ကျလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတဦးက ဗီအိုအေကို အခုလို ပြောပါတယ်။

" နဂိုကတည်းကိုက ကျနော်တို့ မြန်မာ့အရေးကို ကမ္ဘာက သေသေချာချာ စိတ်မဝင်စားဘူး။ အခု ဒီ ရုရှားနဲ့ ယူကရိန်းကိစ္စကျတော့ သူက တော်တော်ကြီး ကြီးကြီးမားမား ဖြစ်သွားနိုင်တဲ့ ကိစ္စဖြစ်တော့ ကမ္ဘာက အဲဒီဖက်ကို ပိုပြီးအာရုံရောက်မယ်ပေါ့ဗျာ၊ အဲဒီတော့ ကျနော်တို့ မြန်မာ့အရေး ကြိုးစားပမ်းစား လုပ်နေတဲ့သူတွေအတွက်ကတော့ အင်အားနဲနဲ ပိုလျော့သွားတာပေါ့။"

ရန်ကုန်မြို့ စမ်းချောင်မြို့နယ်မှာနေထိုင်သူ တဦးကတော့ သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

" မြန်မာ့အရေးက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သိပ်ပြီး အရေးမပါတဲ့ အခြေအနေ ရောက်နေတာပေါ့။ တနှစ်လည်း ကျော်သွားပြီကိုး။ ဒီ ယူကရိန်းအရေးကျတော့ ရုရှားနဲ့ အနောက်အုပ်စု စစ်ဖြစ်နိုင်တဲ့ အခြေအနေမျိုး ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အဖြစ်အပျက်တခုပေါ့။ ဆိုတော့ ဒီအဖြစ်အပျက်ကတော့ ရှေ့ကိုရောက်လာမှာပေါ့။ မြန်မာပြည်ပေါ် ရိုက်ခတ်မှုကတောာ့ အကောင်းဖက်တော့ ဖြစ်မလာနိုင်ဘူးပေါ့နော်။ ယူကရိန်းအရေး ဖြစ်လာချိန်မှာ အမေရိကန်ကလည်း မြန်မာပြည်အကြောင်းကို ခေါင်းထဲ ရှိတော့မှာ မဟုတ်ဘူးဗျ ။ ဒီ ယူကရိန်းကိစ္စကြောင့် မြန်မာပြည် ဒီမိုကရေစီအရေးက အဆိုးဖက်ကိုပဲ ပိုသွားမယ်လို့ပဲ ထင်ပါတယ်။"

ရုရှားနဲ့ ယူကရိန်း ပြဿနာကို စစ်ရေးအရ မဖြေရှင်းဖို့ ကုလသမဂ္ဂ အပါအဝင် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဘက်က ရုရှားကို အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့ပေမယ့် ရုရှားက ယူကရိန်းကို စစ်အင်အားအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အရေးကိစ္စတွေမှာ ဦးဆောင်ဖြေရှင်းနေတဲ့ ကုလသမဂ္ဂရှိနေတဲ့ကြားက ဒီကိစ္စကို မဖြေရှင်းနိုင်တာကလည်း ကုလသမဂ္ဂရဲ့ တည်ရှိမှုအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့ခံတဦးကပြောပါတယ်။

" ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းကို ကြည့်လိုက်ရင် ၊ အခု ရုရှားလုပ်တဲ့ပုံစံမျိုးကကျတော့ လက်နက်ရှိရင် ငါတို့ ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကို တကမ္ဘာလုံးကို ပြလိုက်တာလို့ ထင်ပါတယ်ပေါ့လေ။ ဆိုတော့ အဲဒီအကျိုးဆက်က မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးရယ်၊ တိုင်းပြည် တည်ငြိမ်ရေးရယ် အများကြီး သက်ရောက်နိုင်တယ်။ မြန်မာက ရုရှားရဲ့ မဟာမိတ်ဖြစ်နေတော့ ပြည်တွင်းမှာ ရိုက်ခတ်မှု ပိုရှိလာမယ် ထင်တာပေါ့။ တခုတော့ ရှိတာပေ့ါ နိုင်ငံတကာ အခင်းအကျင်းမှာတော့ သံတမန်ရေးအရ စကားပြောနိုင်မယ့် UN လို အဖွဲ့အစည်းတခု ရှိတာတောင် ဒီဟာကို မဖြေရှင်းပေး နိုင်ဘူးဆိုတော့ UN ရဲ့ တည်ရှိမှု အပေါ်မှာလည်း တော်တော်လေး သံသယရှိတယ်။ အဲလိုဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒီစစ်အုပ်စုက UN ရဲ့အခန်းကဏ္ဍကို အများကြီး ပျက်ရယ်ပြုနိုင်တဲ့ အနေအထား ရှိတယ်လို့ ကျနော်တို့ သုံးသပ်တယ်။"

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာ စီးပွားရေးကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးးမြင့်တာ၊ ငွေကြေးဖောင်းပွတာစတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဆိုတော့ ရုရှား-ယူကရိန်းစစ်ရေး အခြေအနေကြောင့် မြန်မာနိုင်ငံမှာရော နောက်ထပ် ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်ပါသလဲ။ ဒီအပေါ်မှာ စမ်းချောင်းမြို့ခံကတော့

" မြန်မာပြည်မှာကတော့ ရောဂါဘယဘေးရော ၊ အာဏာသိမ်းတဲ့ အကျပ်တည်းပြဿနာတွေကြောင့် မြန်မာပြည်က နဂိုကတည်းက စီးပွားရေး ချွတ်ခြုံကျနေတာပေါ့ဗျာ။ ခု ယူကရိန်းအရေးကလည်း ကမ္ဘာတခုလုံးကို ရိုက်ခတ်လာနိုင်တာပေါ့နော်။ အခန့်မသင့်ရင် ကမ္ဘာစစ်ကြီးတောင် ဖြစ်သွားနိုင်တာမျိုး ဆိုတော့ ကမ္ဘာကြီးတခုလုံး ဒုက္ခရောက်သွားနိုင်တာပေါ့။ ပိုပြီး ဒုက္ခ ရောက်ကြမယ့်အထဲမှာ နဂိုထဲက ဒုက္ခရောက်နေတဲ့ မြန်မာပြည်ကတော့ ပိုပြီးဆိုးလာမယ်ဆိုတာကတော့ ယုံမှား သံသယဖြစ်စရာ မလိုဘူးပေါ့။ "

ရုရှား-ယူကရိန်းစစ်ရေး ပဋိပက္ခကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတည်းက မြန်မာနိုင်ငံမှာလည်း လောင်စာဆီဈေးနှုန်းတွေ ပိုပြီးတော့ မြင့်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။

" ကျနော်တို့ ဒီ ဗမာပြည်မှာဆိုရင်လည်း ငွေကြေး ဖေါင်းပွမှုက ပက်ပက်စက်စက် များနေတယ်။ နောက်ပြီး လောင်စာပြဿနာပေါ့။ ရုရှားက ယူကရိန်းကို မဝင်ခင် ၂ ရက်လောက် ကတည်းကိုက စက်သုံးဆီဈေးကလည်း ဟိုဖက်မှာ တက်တယ်ဆိုပြီး ဒီမှာလည်း တက်နေပြီပေါ့ဗျာ။ အဲဒီတော့ စဉ်းစားကြည့်ရင် ကြောက်စရာကြီးပေါ့၊ စစ်ဖြစ်လို့ ကြောက်ရမယ့်ကိစ္စတွေအပြင်ကို စီးပွားရေးတွေ ပျက်ပြီးတော့ အကုန်လုံး ဒုက္ခရောက်မယ့်ဟာကတော့ ပိုများမယ်လို့ ထင်တယ်။"

ရုရှား-ယူကရိန်းစစ်ပွဲအပေါ်မှာ ကမ္ဘာတဝန်းက စိုးရိမ်မှုတွေ တိုးလာနေပေမယ့်လည်း၊ အခုလို ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်ကတော့ ထောက်ခံကြောင်း ပြောထားပါတယ်ခင်ဗျာ။

XS
SM
MD
LG