သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္မႈ တ႐ုတ္ သတိထား တုံ႔ျပန္


တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ အမ်ဳိးသမီး Hua Chunying (Feb. 24, 2022)

[[ ZAWGYI / UNICODE ]]

ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္မႈ တ႐ုတ္ သတိထား တုံ႔ျပန္

ယူကရိန္းႏုိင္ငံကုိ ႐ုရွားက က်ဳးေက်ာ္တုိက္ခုိက္မႈအေပၚ ႏုိင္ငံတကာ အသုိင္းအ၀န္းက တုံ႔ျပန္မႈေတြ ထြက္ေပၚေနရာမွာ ႐ုရွားရဲ႕ မဟာမိတ္ေတြအနက္ အင္အားအႀကီးဆုံးျဖစ္တဲ့ တ႐ုတ္ႏုိင္ငံက သိသိသာသာ ထိန္းထိန္းသိမ္းသိမ္း တုံ႔ျပန္တာေတြ႔ရပါတယ္။ ႐ုရွားအေပၚ စီးပြားေရး၊ သံတမန္ေရးအရ အထီးက်န္ေအာင္လုပ္ဖုိ႔ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက ႀကိဳးပမ္းေနတာကုိလည္း တုိက္႐ုိက္ေထာက္ခံတာ သိပ္မေတြ႔ရပါဘူး။

ယူကရိန္းႏုိင္ငံက အေျခအေနေတြကုိ အနီးကပ္ ေစာင့္ၾကည့္ေနတယ္လုိ႔သာ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Hua Chunying က ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆုိခဲ့တာပါ။ အေျခအေနေတြ ထိန္းမႏုိင္သိမ္းမရ အဆင့္မေရာက္ေအာင္ သက္ဆုိင္သူေတြ အားလုံးက ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ၾကဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။ သက္ဆုိင္သူေတြ အားလုံးအေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဆက္လက္လမ္းဖြင့္ထားၿပီး၊ အေျခအေနေတြ ပုိဆုိးမလာေအာင္ ေဆြးေႏြးညႇိႏႈိင္းေျဖရွင္းဖုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရရဲ႕ တုံ႔ျပန္ခ်က္ဟာ မၾကာေသးခင္က တ႐ုတ္အစုိးရရဲ႕ ေျပာဆုိခ်က္ေတြနဲ႔ ကုိက္ညီတာ ေတြ႔ရေပမဲ့ အေနာက္ႏုိင္ငံ ေခါင္းေဆာင္ေတြက ျပင္းထန္တဲ့ စီးပြားေရးပိတ္ဆုိ႔ဒဏ္ခတ္မႈေတြလုပ္ဖုိ႔ ေျပာဆုိေနခ်ိန္မွာ ႐ုရွားကုိ ကူညီဖုိ႔ မေျပာခဲ့တာက ထူးျခားခ်က္အျဖစ္နဲ႔လည္း ေဘဂ်င္းၿမိဳ႕ေတာ္ အေျခစုိက္ သံတမန္တဦးက ေျပာပါတယ္။

ရုရွားႏုိင္ငံက ဓာတ္ေငြ႔ေတြကုိ တ႐ုတ္ႏုိင္ငံက ၀ယ္ယူဖုိ႔ မၾကာေသးခင္က သေဘာတူညီထားတဲ့အတုိင္း ဆက္လက္ အေကာင္အထည္ေဖာ္သြားမယ္ ဆုိတာမ်ဳိး အနိမ့္ဆုံးအဆင့္ အာမခံေျပာဆုိတာမ်ဳိးလည္း မေတြ႔ရဘူးလုိ႔ အမည္မေဖာ္လုိတဲ့ သံတမန္ကေျပာပါတယ္။ ဒါေပမဲ့လည္း ႐ုရွားအေပၚ အေနာက္ႏုိင္ငံေတြက ပိတ္ဆု႔ိအေရးယူမႈေတြက သက္သာရာရေအာင္ တ႐ုတ္က ကူညီမယ့္ အလားအလာေတြလည္း ရွိေနတာပါ။

တ႐ုတ္ႏုိင္ငံကုိ ႐ုရွားက ဂ်ဳံနဲ႔ ဘာလီ တင္ပုိ႔ဖုိ႔ ေဖေဖာ္၀ါရီလ ၈ ရက္ေန႔က သေဘာတူညီခ်ရရွိထားၿပီး တ႐ုတ္အေကာက္ခြန္ဌာနကလည္း ဂ်ဳံတင္သြင္းခြင့္ ဗုဒၶဟူးေန႔ကပဲ ခြင့္ျပဳခ်က္ေပးထားပါတယ္။

= = = = = = = = = =

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု တရုတ် သတိထား တုံ့ပြန်

ယူကရိန်းနိုင်ငံကို ရုရှားက ကျုးကျော်တိုက်ခိုက်မှုအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက တုံ့ပြန်မှုတွေ ထွက်ပေါ်နေရာမှာ ရုရှားရဲ့ မဟာမိတ်တွေအနက် အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံက သိသိသာသာ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်တာတွေ့ရပါတယ်။ ရုရှားအပေါ် စီးပွားရေး၊ သံတမန်ရေးအရ အထီးကျန်အောင်လုပ်ဖို့ နိုင်ငံတော်တော်များများက ကြိုးပမ်းနေတာကိုလည်း တိုက်ရိုက်ထောက်ခံတာ သိပ်မတွေ့ရပါဘူး။

ယူကရိန်းနိုင်ငံက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့သာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ အဆင့်မရောက်အောင် သက်ဆိုင်သူတွေ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်လမ်းဖွင့်ထားပြီး၊ အခြေအနေတွေ ပိုဆိုးမလာအောင် ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရရဲ့ တုံ့ပြန်ချက်ဟာ မကြာသေးခင်က တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ကိုက်ညီတာ တွေ့ရပေမဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ ပြောဆိုနေချိန်မှာ ရုရှားကို ကူညီဖို့ မပြောခဲ့တာက ထူးခြားချက်အဖြစ်နဲ့လည်း ဘေဂျင်းမြို့တော် အခြေစိုက် သံတမန်တဦးက ပြောပါတယ်။

ရုရှားနိုင်ငံက ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံက ဝယ်ယူဖို့ မကြာသေးခင်က သဘောတူညီထားတဲ့အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမယ် ဆိုတာမျိုး အနိမ့်ဆုံးအဆင့် အာမခံပြောဆိုတာမျိုးလည်း မတွေ့ရဘူးလို့ အမည်မဖော်လိုတဲ့ သံတမန်ကပြောပါတယ်။ ဒါပေမဲ့လည်း ရုရှားအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆု့ိအရေးယူမှုတွေက သက်သာရာရအောင် တရုတ်က ကူညီမယ့် အလားအလာတွေလည်း ရှိနေတာပါ။

တရုတ်နိုင်ငံကို ရုရှားက ဂျုံနဲ့ ဘာလီ တင်ပို့ဖို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က သဘောတူညီချရရှိထားပြီး တရုတ်အကောက်ခွန်ဌာနကလည်း ဂျုံတင်သွင်းခွင့် ဗုဒ္ဓဟူးနေ့ကပဲ ခွင့်ပြုချက်ပေးထားပါတယ်။

XS
SM
MD
LG