သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး အေပၚ ျမန္မာ႔ရႈေဒါင္႔ အမ်ိဳးမ်ိဳး


Ukraine Russia

ယူကရိန္းအေရး အေပၚ ျမန္မာ႔ရႈေဒါင္႔ အမ်ိဳးမ်ိဳး

{{Zawgyi /Unicode}}

ရုရွားတပ္ေတြ ယူကရိန္းကို ဝင္တိုက္ခိုက္တဲ့အေပၚ ျမန္မာႏိုင္ငံက အဖြဲ႔အစည္းေတြနဲ႔ ေလ့လာသံုးသပ္သူေတြအၾကား စိုးရိမ္မူနဲ႔ သေဘာထားမ်ိဳးစံုရွိေနပါတယ္။ ဒါဟာ အခ်ဳပ္အခ်ာအာဏာပိုင္ႏိုင္ငံတခုကို မတရားဝင္ေရာက္တိုက္ခိုက္တာေၾကာင့္ ကန္႔ကြက္ၾကသလို၊ တခ်ိဳ.ကလည္း အခ်ဳပ္အခ်ာအာဏာကို ႀကိဳတင္ကာကြယ္ဖို႔ လက္ဦးမူယူတာလို႔ ဆိုေနပါတယ္။ ျမန္မာႏိုင္ငံအေပၚေရာ ဘယ္လို စိုးရိမ္ သက္ေရာက္ေစႏိုင္ပါလဲ။

ဒီအေၾကာင္း ႏိုင္ငံေရးေလ့လာသံုးသပ္သူေတြအျပင္၊ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ KNU ကရင္အမ်ိဳးသားအစည္းအရံုးနဲ႔ USDP ျပည္ေထာင္စုႀကံခို္င္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ ေျပာခြင့္ရတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့ အခုလို ႔ရုရွားက ယူကရိန္း ကို ဝင္တုိက္လုိက္တဲ့အေပၚ ISP ျမန္မာမဟာဗ်ူဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ႕အဖြဲ႔ ဒါရိုက္တာ ဦးေအာင္သူၿငိမ္း က ....

ကိုေအာင္သူၿငိမ္း (ISP ျမန္မာ ) ။ . ။ ဒါကေတာ့ ေတာ္ေတာ္စိုးရိမ္စရာေကာင္းတဲ့ အေနအထားဗ်။ ဒီစစ္ပြဲကို အဆုံးမသတ္ႏိုင္ဘူးဆိုရင္ ကမၻာစစ္အထိလည္း ျဖစ္သြားႏုိင္တာေပါ့ေနာ္။ အထူးသျဖင့္ေတာ့ NATO ပါဝင္ပတ္သက္လာႏိုင္တယ္။ ေနာက္တခုက အေမရိကန္ ျပည္ေထာင္စုဖက္က ကူမယ္ စသျဖင့္ ဒါေတြရွိေတာ့ ရွိတယ္။ ေနာက္တခုက ဒီစစ္ပြဲက မထိန္းႏုိင္ မသိမ္းႏိုင္ျဖစ္သြားႏိုင္တယ္။ အဲဒီအတြက္ စိုးရိမ္ရပါတယ္။ က်ေနာ္ျမင္တာကေတာ့ ရုရွားက အင္အားႀကီးတယ္။ အခ်ိန္တိုအတြင္းမွာ ယူကရိန္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားရွိတယ္လို႔ ျမင္တယ္ဗ်။ အဲေတာ့ ယူကရိန္း ဖက္ကေတာ့လည္း မဟာမိတ္ေတြဖက္က ကူမယ္လို႔သာ ေျပာတယ္ ။ လက္ေတြ႔မွာ ခက္မယ္လို႔ က်ေနာ္ထင္တယ္။ ျမန္မာအေရးကို အာရုံစိုက္မႈ ေလ်ာ့သြားမယ္ဗ်။ လူေတြက ယူကရိန္အေရး နဲ႔ ကမၻာ့အေရး အာရုံစိုက္လာလိမ့္မယ္ဗ်။

ကိုဝင္းမင္း ။. ။ သီေပါၿမိဳ႕နယ္၊ လႊတ္ေတာ္အမတ္ေဟာင္း တဦးျဖစ္တဲ့ ဦးရဲထြန္း ကလည္း

ဦးရဲထြန္း (သီေပါၿမိဳ႕နယ္ အမတ္ေဟာင္း ) ။. ။ ေယဘူယ် အျမင္နဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ အခ်ဳပ္အျခာအာဏာပိုင္ ႏုိင္ငံတခုကို အင္အားႀကီး ႏိုင္ငံတခုက ဝင္ေရာက္သိမ္းပုိက္တာျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္သမိုင္းေနာက္ခံနဲ႔ အဓိက အခ်က္ကို သိရင္ေတာ့ နဂိုလ္စစ္ေအး တိုက္ပြဲကာလက စစ္ေအးတုိက္ပြဲကာလ က အေရွ႕အုပ္စု နဲ႔ အေနာက္အုပ္စု မယုံမၾကည္ျဖစ္ရာက မဟာမိတ္ဖြဲ႕ၾကတာေပါ့ဗ်ာ။ အေရွ႕အုပ္စုက စစ္ေအး တုိက္ပြဲၿပီးဆုံးသြားတဲ့အခါမွာ ဝါေဆာစစ္စာခ်ဳပ္ ၿပိဳသြားၿပီးေတာ့ သူရဲမဟာမိတ္ႏိုင္ငံေတြကလည္း အေနာက္အုပ္စု ေနတိုး အုပ္စုထဲေရာက္သြားတယ္။ ေနာက္တခါ ဆိုဗီယက္ျပည္ေထာင္စုကလည္း ၿပိဳသြားတဲ့ ၁၅ ႏိုင္ငံထဲက အက္စတိုးနီးယား တုိ႔ လက္ဗီးယား တို႔ ဒီႏိုင္ငံေတြကလည္း ဝင္သြားတဲ့အခါၾကေတာ့ သူေတာင္းဆိုတာက ေနတုိးအဖြဲ႔ တုိးခ်ဲ႕တာကို ရပ္ဆိုင္းေပးပါ။ ေနာက္ အေရွ႕ဥေရာပက ေနတိုး တပ္ေတြဆုတ္ေပးပါ။ ေနာင္ဆုံး ရုရွားက က်ဴးေက်ာ္ၿပီးေတာ့ ေသခ်ာေအာင္လုပ္လိုက္တဲ့ သေဘာပါ။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ ေကအင္ယူ ေျပာခြင့္ရနဲ႔ ႏိုင္ငံျခားေရး အႀကီးအကဲ ဖဒို ေစာေတာနီ ကလည္း

ဖဒိုေစာေတာနီ ။. ။ ယူကရိန္အေန႔ နဲ႔ ဆိုဗီယက္ ခြဲထြက္ၿပီးေတာ့ သူမွာ အႏုျမဴလက္နက္ေတြ
က်န္ခဲ့တယ္။ ဒါေပမယ့္ သူၾကည့္ရတာေတာ့ ၿငိမ္းခ်မ္းေရးဖက္မွာ ေတာ္ေတာ္ေပ်ာ္ေနပုံပဲ။ ႏွစ္ေပါင္း ၃ဝ ၾကာတဲ့အခါမွာေတာ့ ရုရွားအေနအထားမွာေတာ့ ေလွ်ာ့တြက္လို႔မရဘူး။

ကိုဝင္းမင္း ။. ။ ၾကံခိုင္ေရးပါတီ ေဒါက္တာ လွျမင့္ ကေတာ့

ေဒါက္တာ လွျမင့္ (ႀကံခိုင္ဖြံၿဖိဳးေရးပါတီ) ။. ။ ႏိုင္ငံတိုင္းဟာ မိမိအက်ဳိးစီးပြားအဓိကထားခဲ့ၾကတဲ့အတြက္ ကမၻာ့အင္အားႀကီး အေမရိကန္ ၊ ရုရွား ဆိုတာ မိမိႏိုင္ငံ အက်ဳိးစီးပြားကို အဓိကထားၾကပါတယ္။ ရုရွားအေနနဲ႔ ၾကည့္ရင္ ယူကရိန္ ေနတိုးအဖြဲ႔ဝင္ဖို႔ၾကည့္တာဟာ အခ်ဳပ္အျခာငကို ထိခိုက္ႏိုင္ပါတယ္။ အမ်ဳိးသားအက်ဳိးစီးပြားၾကည့္ရင္း လက္ဦးမႈ ရယူတယ္လို႔ ယူဆရပါတယ္။ ဒီကေန ႏိုင္ငံတုိင္းဟာ မိမိႏိုင္ငံအက်ုိးစီးပြားကို ကာကြယ္ဖို႔လိုအပ္ပါတယ္။

ကိုဝင္းမင္း ။. ။ ဒါေပမယ့္ မိမိႏိုင္ငံ အခ်ဳပ္အျခာအက်ုိးစီးပြား အတြက္ စစ္ေကာင္စီ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာသလို မလုပ္သင့္ပါဘူးလို႕ ဦးမိုေဇာ္ဦး က ေျပာပါတယ္။

ဦးမိုေဇာ္ဦး (ဦးမိုးေဇာ္ဦး ၊ NUG ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး )။. ။ က်ေနာ္ကေတာ့ အခ်ဳပ္အျခာႏိုင္ငံတခုကို အခုလိုမလုပ္သင့္ဘူးထင္ပါတယ္။ ႏိုင္ငံေရးပုံစံတခုခ်မွတ္တာေတာ့ရွိပါတယ္။ ကမၻာႏိုင္ငံအသီးသီကလည္း ဒါကို ဆန္႕က်င္ေနတာ။ က်ေနာ္တို႔ကလည္း အတူတူပါပဲ။ သို႔ေသာ္ ရုရွားကေန စစ္ေကာင္စီ ကို လက္နက္ေရာင္းေနတာရွိပါတယ္။ မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးရွိပါတယ္။ က်ေနာ္တို႔ ႏိုင္ငံကို ကူးစက္မွာေတာ့ မလိုလားပါဘူး။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ဥေရာပျဖစ္ေနတာကေတာ ကမၻာ့စစ္ပြဲကို ကူးစက္လာမွာကို စုိးရိမ္ေနရပါတယ္ခင္ဗ်ာ။

...........................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းအရေး အပေါ် မြန်မာ့ရှုဒေါင့် အမျိုးမျိုး

{{Zawgyi /Unicode}}

ရုရှားတပ်တွေ ယူကရိန်းကို ဝင်တိုက်ခိုက်တဲ့အပေါ် မြန်မာနိုင်ငံက အဖွဲ့အစည်းတွေနဲ့ လေ့လာသုံးသပ်သူတွေအကြား စိုးရိမ်မူနဲ့ သဘောထားမျိုးစုံရှိနေပါတယ်။ ဒါဟာ အချုပ်အချာအာဏာပိုင်နိုင်ငံတခုကို မတရားဝင်ရောက်တိုက်ခိုက်တာကြောင့် ကန့်ကွက်ကြသလို၊ တချို.ကလည်း အချုပ်အချာအာဏာကို ကြိုတင်ကာကွယ်ဖို့ လက်ဦးမူယူတာလို့ ဆိုနေပါတယ်။ မြန်မာနိုင်ငံအပေါ်ရော ဘယ်လို စိုးရိမ် သက်ရောက်စေနိုင်ပါလဲ။

ဒီအကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေအပြင်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ USDP ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ အခုလို့ရုရှားက ယူကရိန်း ကို ဝင်တိုက်လိုက်တဲ့အပေါ် ISP မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု့အဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်း က .......

ကိုအောင်သူငြိမ်း (ISP မြန်မာ ) ။ . ။ ဒါကတော့ တော်တော်စိုးရိမ်စရာကောင်းတဲ့ အနေအထားဗျ။ ဒီစစ်ပွဲကို အဆုံးမသတ်နိုင်ဘူးဆိုရင် ကမ္ဘာစစ်အထိလည်း ဖြစ်သွားနိုင်တာပေါ့နော်။ အထူးသဖြင့်တော့ NATO ပါဝင်ပတ်သက်လာနိုင်တယ်။ နောက်တခုက အမေရိကန် ပြည်ထောင်စုဖက်က ကူမယ် စသဖြင့် ဒါတွေရှိတော့ ရှိတယ်။ နောက်တခုက ဒီစစ်ပွဲက မထိန်းနိုင် မသိမ်းနိုင်ဖြစ်သွားနိုင်တယ်။ အဲဒီအတွက် စိုးရိမ်ရပါတယ်။ ကျနော်မြင်တာကတော့ ရုရှားက အင်အားကြီးတယ်။ အချိန်တိုအတွင်းမှာ ယူကရိန်ကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိတယ်လို့ မြင်တယ်ဗျ။ အဲတော့ ယူကရိန်း ဖက်ကတော့လည်း မဟာမိတ်တွေဖက်က ကူမယ်လို့သာ ပြောတယ် ။ လက်တွေ့မှာ ခက်မယ်လို့ ကျနော်ထင်တယ်။ မြန်မာအရေးကို အာရုံစိုက်မှု လျော့သွားမယ်ဗျ။ လူတွေက ယူကရိန်အရေး နဲ့ ကမ္ဘာ့အရေး အာရုံစိုက်လာလိမ့်မယ်ဗျ။

ကိုဝင်းမင်း ။. ။ သီပေါမြို့နယ်၊ လွှတ်တော်အမတ်ဟောင်း တဦးဖြစ်တဲ့ ဦးရဲထွန်း ကလည်း

ဦးရဲထွန်း (သီပေါမြို့နယ် အမတ်ဟောင်း ) ။. ။ ယေဘူယျ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို အင်အားကြီး နိုင်ငံတခုက ဝင်ရောက်သိမ်းပိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်သမိုင်းနောက်ခံနဲ့ အဓိက အချက်ကို သိရင်တော့ နဂိုလ်စစ်အေး တိုက်ပွဲကာလက စစ်အေးတိုက်ပွဲကာလ က အရှေ့အုပ်စု နဲ့ အနောက်အုပ်စု မယုံမကြည်ဖြစ်ရာက မဟာမိတ်ဖွဲ့ကြတာပေါ့ဗျာ။ အရှေ့အုပ်စုက စစ်အေး တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာ ဝါဆောစစ်စာချုပ် ပြိုသွားပြီးတော့ သူရဲမဟာမိတ်နိုင်ငံတွေကလည်း အနောက်အုပ်စု နေတိုး အုပ်စုထဲရောက်သွားတယ်။ နောက်တခါ ဆိုဗီယက်ပြည်ထောင်စုကလည်း ပြိုသွားတဲ့ ၁၅ နိုင်ငံထဲက အက်စတိုးနီးယား တို့ လက်ဗီးယား တို့ ဒီနိုင်ငံတွေကလည်း ဝင်သွားတဲ့အခါကြတော့ သူတောင်းဆိုတာက နေတိုးအဖွဲ့ တိုးချဲ့တာကို ရပ်ဆိုင်းပေးပါ။ နောက် အရှေ့ဥရောပက နေတိုး တပ်တွေဆုတ်ပေးပါ။ နောင်ဆုံး ရုရှားက ကျူးကျော်ပြီးတော့ သေချာအောင်လုပ်လိုက်တဲ့ သဘောပါ။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ ကေအင်ယူ ပြောခွင့်ရနဲ့ နိုင်ငံခြားရေး အကြီးအကဲ ဖဒို စောတောနီ ကလည်း

ဖဒိုစောတောနီ ။. ။ ယူကရိန်အနေ့ နဲ့ ဆိုဗီယက် ခွဲထွက်ပြီးတော့ သူမှာ အနုမြူလက်နက်တွေ
ကျန်ခဲ့တယ်။ ဒါပေမယ့် သူကြည့်ရတာတော့ ငြိမ်းချမ်းရေးဖက်မှာ တော်တော်ပျော်နေပုံပဲ။ နှစ်ပေါင်း ၃ဝ ကြာတဲ့အခါမှာတော့ ရုရှားအနေအထားမှာတော့ လျှော့တွက်လို့မရဘူး။

ကိုဝင်းမင်း ။. ။ ကြံခိုင်ရေးပါတီ ဒေါက်တာ လှမြင့် ကတော့

ဒေါက်တာ လှမြင့် (ကြံခိုင်ဖွံဖြိုးရေးပါတီ) ။. ။ နိုင်ငံတိုင်းဟာ မိမိအကျိုးစီးပွားအဓိကထားခဲ့ကြတဲ့အတွက် ကမ္ဘာ့အင်အားကြီး အမေရိကန် ၊ ရုရှား ဆိုတာ မိမိနိုင်ငံ အကျိုးစီးပွားကို အဓိကထားကြပါတယ်။ ရုရှားအနေနဲ့ ကြည့်ရင် ယူကရိန် နေတိုးအဖွဲ့ဝင်ဖို့ကြည့်တာဟာ အချုပ်အခြာငကို ထိခိုက်နိုင်ပါတယ်။ အမျိုးသားအကျိုးစီးပွားကြည့်ရင်း လက်ဦးမှု ရယူတယ်လို့ ယူဆရပါတယ်။ ဒီကနေ နိုင်ငံတိုင်းဟာ မိမိနိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့လိုအပ်ပါတယ်။

ကိုဝင်းမင်း ။. ။ ဒါပေမယ့် မိမိနိုင်ငံ အချုပ်အခြာအကျိုးစီးပွား အတွက် စစ်ကောင်စီ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသလို မလုပ်သင့်ပါဘူးလို့ ဦးမိုဇော်ဦး က ပြောပါတယ်။

ဦးမိုဇော်ဦး (ဦးမိုးဇော်ဦး ၊ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး )။. ။ ကျနော်ကတော့ အချုပ်အခြာနိုင်ငံတခုကို အခုလိုမလုပ်သင့်ဘူးထင်ပါတယ်။ နိုင်ငံရေးပုံစံတခုချမှတ်တာတော့ရှိပါတယ်။ ကမ္ဘာနိုင်ငံအသီးသီကလည်း ဒါကို ဆန့်ကျင်နေတာ။ ကျနော်တို့ကလည်း အတူတူပါပဲ။ သို့သော် ရုရှားကနေ စစ်ကောင်စီ ကို လက်နက်ရောင်းနေတာရှိပါတယ်။ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိပါတယ်။ ကျနော်တို့ နိုင်ငံကို ကူးစက်မှာတော့ မလိုလားပါဘူး။

ကိုဝင်းမင်း ။. ။ တကယ်တော့ ဥရောပဖြစ်နေတာကတော ကမ္ဘာ့စစ်ပွဲကို ကူးစက်လာမှာကို စိုးရိမ်နေရပါတယ်ခင်ဗျာ။

XS
SM
MD
LG