သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ အၾကမ္းဖက္က်ဴးေက်ာ္မႈ ပုပ္ရဟန္းမင္းႀကီး ႐ႈတ္ခ်


ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္။ (မတ္ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းမွာ ႐ုရွားဆင္ႏႊဲေနတဲ့ စစ္ပြဲဟာ အဓိပၸာယ္မဲ့တဲ့ လူအစုလိုက္ သတ္ျဖတ္မႈအျဖစ္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေျပာဆို႐ႈတ္ခ်လိုက္ၿပီး ဒီစစ္ပြဲ အဆံုးသတ္သြားေအာင္ ႏိုင္ငံတကာက လုပ္ေဆာင္ၾကဖို႔ ပန္ၾကားလိုက္ပါတယ္။

"ယူကရိန္းအေပၚ အၾကမ္းဖက္ တုိက္ခိုက္မႈေတြဟာ ခုထိ မရပ္စဲေသးသလို ေန႔စဥ္လိုလို လူေတြအသတ္ခံရၿပီး ထပ္တလဲလဲ ရက္စက္မႈေတြ က်ဴးလြန္ေနတာေၾကာင့္ ဒါဟာ အဓိပၸာယ္မဲ့ လူအစုလိုက္ သတ္ျဖတ္မႈ ျဖစ္ေၾကာင္းနဲ႔ အခုျဖစ္ပြါးေနတဲ့ မႏွစ္ၿမိဳ႕စရာ စစ္ပြဲ အဆံုးသတ္သြားေအာင္ ႏိုင္ငံတကာ အသိုင္းအဝန္းက ဝိုင္းဝန္းေဆာင္ရြက္ၾကဖို႔” ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က တနဂၤေႏြေန႔ စိန္႔ပီတာရင္ျပင္က ပရိသတ္ ေထာင္ေပါင္းမ်ားစြာ တက္ေရာက္လာတဲ့ ဆုေတာင္းပြဲမွာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ယူကရိန္းကို ႐ုရွားဆင္ႏႊဲေနတဲ့ က်ဴးေက်ာ္စစ္ဟာ တန္ဖိုးထားရမယ့္ လူ႔အသက္ေတြကို တိုက္ခိုက္ေနတဲ့ လူမဆန္ဘဲ ရက္ရက္စက္စက္ ေစာ္ကားေမာ္ကား ျပဳေနတာမ်ိဳး ျဖစ္ေၾကာင္းလည္း ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တဲ့ ေဖေဖာ္ဝါရီ ၂၄ ရက္ကစၿပီး အခု ပထမဆံုးအႀကိမ္အျဖစ္ ျပင္းထန္တဲ့ စကားလံုးေတြ သံုးႏႈန္း ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

အကာအကြယ္မဲ့ေနသူေတြ အသက္ေတြကို ဘယ္လိုမဟာဗ်ဴဟာနဲ႔မွ သတ္ျဖတ္တာမလုပ္ဘဲ ေလးေလးစားစားနဲ႔ အကာအကြယ္ ေပးသင့္တယ္လို႔လည္း ေျပာပါတယ္။

ဒါေပမယ့္ ႐ုရွားႏိုင္ငံသားေတြရဲ႕ Orthodox Church ခရစ္ယာန္ဘုရားေက်ာင္းေတြနဲ႔ ဆက္ဆံေရး မပ်က္ေစခ်င္တာေၾကာင့္ ႐ုရွားဆိုတဲ့ နာမည္ကုိေတာ့ ထုတ္ေဖာ္ေျပာဆို သံုးႏႈန္းတာမ်ိဳး မလုပ္ခဲ့သလို ႐ုရွားအစိုးရကို တိုက္႐ိုက္ၫႊန္းဆိုတာမ်ိဳးကိုလည္း ေရွာင္ရွား ေျပာဆိုခဲ့တာပါ။

ယူကရိန္းကို စြန္႔ခြါထြက္ေျပးေနရတဲ့ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြနဲ႔ ထြက္မေျပးႏိုင္ဘဲ ပိတ္မိေနသူေတြအတြက္ပါ နာက်င္စြာ ခံစားေနရတယ္လို႔လည္း ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ယူကရိန်းအပေါ် အကြမ်းဖက်ကျူးကျော်မှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

ယူကရိန်းမှာ ရုရှားဆင်နွှဲနေတဲ့ စစ်ပွဲဟာ အဓိပ္ပာယ်မဲ့တဲ့ လူအစုလိုက် သတ်ဖြတ်မှုအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုရှုတ်ချလိုက်ပြီး ဒီစစ်ပွဲ အဆုံးသတ်သွားအောင် နိုင်ငံတကာက လုပ်ဆောင်ကြဖို့ ပန်ကြားလိုက်ပါတယ်။

"ယူကရိန်းအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ခုထိ မရပ်စဲသေးသလို နေ့စဉ်လိုလို လူတွေအသတ်ခံရပြီး ထပ်တလဲလဲ ရက်စက်မှုတွေ ကျူးလွန်နေတာကြောင့် ဒါဟာ အဓိပ္ပာယ်မဲ့ လူအစုလိုက် သတ်ဖြတ်မှု ဖြစ်ကြောင်းနဲ့ အခုဖြစ်ပွါးနေတဲ့ မနှစ်မြို့စရာ စစ်ပွဲ အဆုံးသတ်သွားအောင် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းဆောင်ရွက်ကြဖို့” ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်က ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်လာတဲ့ ဆုတောင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်းကို ရုရှားဆင်နွှဲနေတဲ့ ကျူးကျော်စစ်ဟာ တန်ဖိုးထားရမယ့် လူ့အသက်တွေကို တိုက်ခိုက်နေတဲ့ လူမဆန်ဘဲ ရက်ရက်စက်စက် စော်ကားမော်ကား ပြုနေတာမျိုး ဖြစ်ကြောင်းလည်း ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး အခု ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်တဲ့ စကားလုံးတွေ သုံးနှုန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အကာအကွယ်မဲ့နေသူတွေ အသက်တွေကို ဘယ်လိုမဟာဗျူဟာနဲ့မှ သတ်ဖြတ်တာမလုပ်ဘဲ လေးလေးစားစားနဲ့ အကာအကွယ် ပေးသင့်တယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ရုရှားနိုင်ငံသားတွေရဲ့ Orthodox Church ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဆက်ဆံရေး မပျက်စေချင်တာကြောင့် ရုရှားဆိုတဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆို သုံးနှုန်းတာမျိုး မလုပ်ခဲ့သလို ရုရှားအစိုးရကို တိုက်ရိုက်ညွှန်းဆိုတာမျိုးကိုလည်း ရှောင်ရှား ပြောဆိုခဲ့တာပါ။

ယူကရိန်းကို စွန့်ခွါထွက်ပြေးနေရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသူတွေအတွက်ပါ နာကျင်စွာ ခံစားနေရတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

XS
SM
MD
LG