သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းရဲ႕ အီစတာဝတ္ျပဳပြဲ ျမန္မာဒုကၡသည္ေတြအတြက္ ဆုမြန္ေတာင္းခဲ့


အီစတာ ဝတ္ျပဳဆုေတာင္းပြဲ ျပဳလုပ္ေနတဲ့ ပုပ္ရဟန္းမင္းႀကီး ဖရႏ္စစ္။ (ဧၿပီ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

ဗာတီကန္ စိန႔္ပီတာရင္ျပင္မွာ စေနေန႔ညက က်င္းပခဲ့တဲ့ အီစတာ ဝတ္ျပဳဆုေတာင္းပြဲအတြင္း ယူကရိန္းအေရး၊ ပါလက္စတိုင္း အေရးကိစၥအျပင္ ျမန္မာအေရး ကိစၥေတြအတြက္ပါ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဝတ္ျပဳဆုေတာင္းေပးခဲ့ပါတယ္။

ကမၻာအရပ္ရပ္ တုိင္းျပည္တခ်ိဳ႕ကို အမည္နဲ႔တကြ ေဖာ္ျပခဲ့ရာမွာ ျမန္မာႏိုင္ငံက ပဋိပကၡေတြအတြင္း ဒုကၡခံစားေနရသူေတြအတြက္ပါ ပုပ္ရဟန္းမင္းႀကီးက ဆုမြန္ေတာင္းေပးခဲ့တာပါ။

စစ္ပြဲရဲ႕ ထိတ္လန႔္ဖြယ္ေကာင္းတဲ့ ယေန႔ကာလမွာ ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္လႈပ္ရွားၾကဖို႔လည္း ပုပ္ရဟန္းမင္းႀကီးက ပန္ၾကားခဲ့ပါတယ္။

သူ႔မိန႔္ခြန္းအဆုံးမွာေတာ့ အခမ္းအနားအတြင္း ေရွ႕တန္းမွာထိုင္ေနတဲ့ ယူကရိန္း လႊတ္ေတာ္အမတ္ ၃ ဦးနဲ႔ ႐ုရွားသိမ္းပိုက္ထားတဲ့ Melitopol ရဲ႕ ၿမိဳ႕ေတာ္ဝန္တို႔ကို တိုက္႐ိုက္ရည္ရြယ္ၿပီး ယူကရိန္းအတြက္ ဆုေတာင္းေပးပါတယ္။

"စစ္ပြဲရဲ႕ အေမွာင္ထုထဲ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ရင္ဆိုင္ေနရတဲ့ ယူကရိန္း ႏိုင္ငံသားေတြအတြက္ ကၽြႏု္ပ္တို႔အားလုံး အတူတကြ ဒီညမွာ ဆုေတာင္းေပးေနပါတယ္။ ဆင္းရဲဒုကၡအားလုံးအတြက္ ဆုေတာင္းေပးေနၿပီး ကၽြႏ္ုပ္တို႔ေပးႏိုင္တာက ယူကရိန္းျပည္သူေတြနဲ႔ အတူရပ္တည္ၿပီး ဆုေတာင္းေပးမႈပဲ ျဖစ္ပါတယ္။"

ဝတ္ျပဳဆုေတာင္းမိန႔္ခြန္း အဆုံးမွာေတာ့ ယူကရိန္းဘာသာစကားသုံးလုံးကို ပုပ္ရဟန္းမင္းႀကီးက ထည့္သြင္း ဆုေတာင္းေပးခဲ့ပါတယ္။

စိန႔္ပီတာရင္ျပင္မွာ စေနေန႔ညက ျပဳလုပ္တဲ့ အီစတာ ဝတ္ျပဳဆုေတာင္းပြဲကို Melitopol ၿမိဳ႕ေတာ္ဝန္ Ivan Fedorov နဲ႔ ယူကရိန္းလႊတ္ေတာ္အမတ္ Maria Mezentseva၊ Olena Khomenko၊ Rusem Umerov တို႔ တက္ေရာက္ခဲ့ၾကတာပါ။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အေနနဲ႔ ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္စစ္ကို တိုက္႐ိုက္ရည္ၫြန္း ေျပာၾကားတာမ်ိဳး မရွိေပမယ့္ ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ညႇိႏႈိင္းဖို႔ အီစတာ အပစ္အခတ္ရပ္စဲေရးဆိုၿပီး ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ ယူကရိန္းၿမိဳ႕ေတာ္ Kyiv နဲ႔ ယူကရိန္း အေနာက္ဘက္ကို ႐ုရွားဘက္က မစ္ဇိုင္းဒုံးက်ည္ေတြနဲ႔ စေနေန႔မွာပဲ တိုက္ခိုက္မႈကို ျပန္ၿပီး စတင္ခ်ိန္မွာေတာ့ ပုပ္ရဟန္းမင္းႀကီးရဲ႕ ေတာင္းဆိုခ်က္ဟာ အခ်ည္းအႏွီး ျဖစ္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပုပ်ရဟန်းမင်းရဲ့ အီစတာဝတ်ပြုပွဲ မြန်မာဒုက္ခသည်တွေအတွက် ဆုမွန်တောင်းခဲ့

ဗာတီကန် စိန့်ပီတာရင်ပြင်မှာ စနေနေ့ညက ကျင်းပခဲ့တဲ့ အီစတာ ဝတ်ပြုဆုတောင်းပွဲအတွင်း ယူကရိန်းအရေး၊ ပါလက်စတိုင်း အရေးကိစ္စအပြင် မြန်မာအရေး ကိစ္စတွေအတွက်ပါ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝတ်ပြုဆုတောင်းပေးခဲ့ပါတယ်။

ကမ္ဘာအရပ်ရပ် တိုင်းပြည်တချို့ကို အမည်နဲ့တကွ ဖော်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း ဒုက္ခခံစားနေရသူတွေအတွက်ပါ ပုပ်ရဟန်းမင်းကြီးက ဆုမွန်တောင်းပေးခဲ့တာပါ။

စစ်ပွဲရဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့ ယနေ့ကာလမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လှုပ်ရှားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပန်ကြားခဲ့ပါတယ်။

သူ့မိန့်ခွန်းအဆုံးမှာတော့ အခမ်းအနားအတွင်း ရှေ့တန်းမှာထိုင်နေတဲ့ ယူကရိန်း လွှတ်တော်အမတ် ၃ ဦးနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ Melitopol ရဲ့ မြို့တော်ဝန်တို့ကို တိုက်ရိုက်ရည်ရွယ်ပြီး ယူကရိန်းအတွက် ဆုတောင်းပေးပါတယ်။

"စစ်ပွဲရဲ့ အမှောင်ထုထဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရတဲ့ ယူကရိန်း နိုင်ငံသားတွေအတွက် ကျွနု်ပ်တို့အားလုံး အတူတကွ ဒီညမှာ ဆုတောင်းပေးနေပါတယ်။ ဆင်းရဲဒုက္ခအားလုံးအတွက် ဆုတောင်းပေးနေပြီး ကျွန်ုပ်တို့ပေးနိုင်တာက ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်ပြီး ဆုတောင်းပေးမှုပဲ ဖြစ်ပါတယ်။"

ဝတ်ပြုဆုတောင်းမိန့်ခွန်း အဆုံးမှာတော့ ယူကရိန်းဘာသာစကားသုံးလုံးကို ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ဆုတောင်းပေးခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာ စနေနေ့ညက ပြုလုပ်တဲ့ အီစတာ ဝတ်ပြုဆုတောင်းပွဲကို Melitopol မြို့တော်ဝန် Ivan Fedorov နဲ့ ယူကရိန်းလွှတ်တော်အမတ် Maria Mezentseva၊ Olena Khomenko၊ Rusem Umerov တို့ တက်ရောက်ခဲ့ကြတာပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို တိုက်ရိုက်ရည်ညွန်း ပြောကြားတာမျိုး မရှိပေမယ့် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ အီစတာ အပစ်အခတ်ရပ်စဲရေးဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းမြို့တော် Kyiv နဲ့ ယူကရိန်း အနောက်ဘက်ကို ရုရှားဘက်က မစ်ဇိုင်းဒုံးကျည်တွေနဲ့ စနေနေ့မှာပဲ တိုက်ခိုက်မှုကို ပြန်ပြီး စတင်ချိန်မှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက်ဟာ အချည်းအနှီး ဖြစ်ခဲ့ရပါတယ်။

XS
SM
MD
LG