သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာပဋိပကၡ ေဆြးေႏြးညိႇႏိႈင္း ေျဖရွင္းဖို႔ ပုပ္ရဟန္းမင္းႀကီးတိုက္တြန္း 


ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္က သံတမန္ေတြနဲ႔ ပုပ္ရဟန္းမင္းႀကီး ဗာတီကန္မွာ ေတြ႕ဆံု။ ဇန္နဝါရီလ ၁၀၊ ၂၀၂၂။ (Vatican Media/Handout via Reuters)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ျဖစ္ပြါးေနတဲ့ ပဋိပကၡေတြရဲ႕ ဒဏ္ကို ျမန္မာျပည္သူေတြခံစားေနရတာ ခုဆို တႏွစ္ေလာက္ရွိလာေနၿပီျဖစ္ၿပီး ဒီျပႆနာကို ပါးနပ္လိမၼာစြာနဲ႔ ထိထိေရာက္ေရာက္ ေျဖရွင္းႏိုင္ေအာင္ ေဆြးေႏြးေျပာဆိုမႈေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ အရင္ကထက္ပိုၿပီး အေရးတႀကီးလိုအပ္ေနၿပီျဖစ္ေၾကာင္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က တနလၤာေန႔ သူ႔ရဲ႕ ကမာၻ႔အေျချပ မိန္႔ခြန္းမွာ ေျပာၾကားလိုက္ပါတယ္။

ဗာတီကန္နန္းေတာ္မွာ ဇန္နဝါရီလ ၁၀ ရက္က သံတမန္ေတြကို ပုပ္ရဟန္းမင္းႀကီးက ႏွစ္ပတ္လည္ၾသဝါဒမိန္႔ခြန္းေျပာၾကားခဲ့ရာမွာ ကမာၻ႔ျပႆနာေတြနဲ႔ အတူ ျမန္မာႏိုင္ငံက အေျခေနကိုပါ ထည့္သြင္းေျပာၾကားသြားတာပါ။

ျမန္မာႏိုင္ငံမွာ အခုခ်ိန္အထိ မၿငိမ္းခ်မ္းႏိုင္ဘဲ ပဋိပကၡေတြ ဆက္လက္ျဖစ္ပြါးေနတာ အတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ တခ်ိန္က ဆံုစည္းရာ လမ္းမႀကီးေတြဟာ အခုေတာ့ တိုက္ခိုက္မႈေတြနဲ႔ ျပည့္ေနၿပီး ဒီတိုက္ခိုက္မႈေတြကလည္း ဝတ္ျပဳဆုေတာင္းရာေနရာေတာင္ အလြတ္မေပးပဲ ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ဒီ ပဋိပကၡကို ပိုဆိုးေအာင္ လက္နက္ေတြေရာင္းၿပီး မသမာတဲ့ အျမတ္ထုတ္သူေတြကိုလည္း ရႈတ္ခ်လိုက္ပါတယ္။

ျမန္မာႏိုင္ငံ အျပင္ လက္ဘႏြန္နဲ႔ ယူကရိန္းႏိုင္ငံေတြမွာ ျဖစ္ပြါးေနတဲ့ ျပႆနာေတြ အတြက္လည္း ေတြ႕ဆံုေဆြးေႏြးမႈေတြနဲ႔ အေျဖရွာၾကဖို႔ ပုပ္ရဟန္းမင္းႀကီးက ထပ္ေလာင္းတိုက္တြန္းလိုက္ၿပီး ကမာၻ႔ႏိုင္ငံေတြ ႏ်ဴကလီယား လက္နက္ပိုင္ဆိုင္မႈကို တားျမစ္ၾကဖို႔ပါ ေတာင္းဆိုလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာပဋိပက္ခ ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေရဲ့ ဒဏ်ကို မြန်မာပြည်သူတွေခံစားနေရတာ ခုဆို တနှစ်လောက်ရှိလာနေပြီဖြစ်ပြီး ဒီပြဿနာကို ပါးနပ်လိမ္မာစွာနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် ဆွေးနွေးပြောဆိုမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက်ပိုပြီး အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္လာနေ့ သူ့ရဲ့ ကမ္ဘာ့အခြေပြ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

ဗာတီကန်နန်းတော်မှာ ဇန်နဝါရီလ ၁၀ ရက်က သံတမန်တွေကို ပုပ်ရဟန်းမင်းကြီးက နှစ်ပတ်လည်သြဝါဒမိန့်ခွန်းပြောကြားခဲ့ရာမှာ ကမ္ဘာ့ပြဿနာတွေနဲ့ အတူ မြန်မာနိုင်ငံက အခြေနေကိုပါ ထည့်သွင်းပြောကြားသွားတာပါ။

မြန်မာနိုင်ငံမှာ အခုချိန်အထိ မငြိမ်းချမ်းနိုင်ဘဲ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွါးနေတာ အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံရဲ့ တချိန်က ဆုံစည်းရာ လမ်းမကြီးတွေဟာ အခုတော့ တိုက်ခိုက်မှုတွေနဲ့ ပြည့်နေပြီး ဒီတိုက်ခိုက်မှုတွေကလည်း ဝတ်ပြုဆုတောင်းရာနေရာတောင် အလွတ်မပေးပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒီ ပဋိပက္ခကို ပိုဆိုးအောင် လက်နက်တွေရောင်းပြီး မသမာတဲ့ အမြတ်ထုတ်သူတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ အပြင် လက်ဘနွန်နဲ့ ယူကရိန်းနိုင်ငံတွေမှာ ဖြစ်ပွါးနေတဲ့ ပြဿနာတွေ အတွက်လည်း တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အဖြေရှာကြဖို့ ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းတိုက်တွန်းလိုက်ပြီး ကမ္ဘာ့နိုင်ငံတွေ နျူကလီယား လက်နက်ပိုင်ဆိုင်မှုကို တားမြစ်ကြဖို့ပါ တောင်းဆိုလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG