သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရးအတြက္ ပုပ္ရဟန္းမင္းႀကီး ဝတ္ျပဳဆုေတာင္း


ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္။ (စက္တင္ဘာ ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ႏွစ္ေပါင္းမ်ားစြာ ပဋိပကၡေတြနဲ႔ ဖိစီးႏွိပ္စက္မႈ ခံေနရတဲ့ ျမန္မာႏိုင္ငံသားေတြ ၿငိမ္းခ်မ္းမႈရေစဖို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က တနဂၤေႏြေန႔ စိန္႔ပီတာရင္ျပင္မွာ ျပဳလုပ္တဲ့ စုေဝးဆုေတာင္းပြဲမွာ ထပ္မံ ဆုေတာင္းေပးခဲ့ပါတယ္။

မၾကာခင္ႏွစ္ေတြအတြင္း ျမန္မာႏုိင္ငံ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြနဲ႔အတူ ျပည္သူေတြ ဆိုးဆိုးဝါးဝါး ခံစားေနရတာေတြ သက္သာေစဖို႔ ဘုရားသခင္က ၿငိမ္းခ်မ္းေရးလက္ေဆာင္ေပးဖို႔ ပုပ္ရဟန္းမင္းႀကီး ဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ မွီတင္းေနထိုင္ၾကသူေတြအေနနဲ႔ ဆိုးဝါးတဲ့ ခံစားမႈေတြ ေသဆံုးရမႈေတြေၾကာင့္ မ်က္ရည္မဆည္ႏိုင္ ျဖစ္ေနၾကေပမယ့္ ၿငိမ္းခ်မ္းသာယာမႈ ရွိလာေစဖို႔ အတူလက္တြဲ လုပ္ေဆာင္ၿပီး အခက္အခဲေတြကို အတူတကြ ေက်ာ္ျဖတ္ႏုိင္ေအာင္နဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ေအာင္လည္း ဆုေတာင္းေပးခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး အခု ၉ လထဲ ေရာက္လာခ်ိန္အထိ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ရွိေနဆဲျဖစ္ၿပီး စစ္တပ္နဲ႔ ရဲရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈေၾကာင့္ ေသဆံုးသူက ၁,၁၅၀ ေက်ာ္ေနၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က သတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ စစ္ေကာင္စီတပ္ေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြ၊ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြ ေနရာအေတာ္မ်ားမ်ားမွာ ျဖစ္ပြါးေနဆဲျဖစ္ၿပီး ျမန္မာႏိုင္ငံတလႊား ျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြါ ထြက္ေျပးရသူက ၂၀၀,၀၀၀ ေက်ာ္ရွိေနတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဝတ်ပြုဆုတောင်း

နှစ်ပေါင်းများစွာ ပဋိပက္ခတွေနဲ့ ဖိစီးနှိပ်စက်မှု ခံနေရတဲ့ မြန်မာနိုင်ငံသားတွေ ငြိမ်းချမ်းမှုရစေဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ စုဝေးဆုတောင်းပွဲမှာ ထပ်မံ ဆုတောင်းပေးခဲ့ပါတယ်။

မကြာခင်နှစ်တွေအတွင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့အတူ ပြည်သူတွေ ဆိုးဆိုးဝါးဝါး ခံစားနေရတာတွေ သက်သာစေဖို့ ဘုရားသခင်က ငြိမ်းချမ်းရေးလက်ဆောင်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူတွေအနေနဲ့ ဆိုးဝါးတဲ့ ခံစားမှုတွေ သေဆုံးရမှုတွေကြောင့် မျက်ရည်မဆည်နိုင် ဖြစ်နေကြပေမယ့် ငြိမ်းချမ်းသာယာမှု ရှိလာစေဖို့ အတူလက်တွဲ လုပ်ဆောင်ပြီး အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်နိုင်အောင်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင်လည်း ဆုတောင်းပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အခု ၉ လထဲ ရောက်လာချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရှိနေဆဲဖြစ်ပြီး စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် သေဆုံးသူက ၁,၁၅၀ ကျော်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေရာအတော်များများမှာ ဖြစ်ပွါးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတလွှား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးရသူက ၂၀၀,၀၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG