သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပဲြျဖစ္မွာ စိုးရိမ္မႈေၾကာင့္ မင္းတပ္ေဒသခံေတြ ထြက္ေျပး


မင္းတပ္ စစ္ေရွာင္မ်ား (ဓာတ္ပံု - AFP PHOTO / CHIN WORLD)

[ Zawgyi ]

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြက မင္းတပ္ CDF ကို တိုက္ခိုက္မယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ စိုးရိမ္ၿပီး ခ်င္းျပည္နယ္နဲ႔ အနီးဆံုးျဖစ္တဲ့ မေကြးတိုင္း ေက်ာက္ထုၿမိဳ႕ကို ေျပာင္းေရႊ႕လာေနပါတယ္။ ေနထိုင္ေရးအျပင္ အစားအေသာက္နဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြမွာပါ အခက္အခဲရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းျပည္ကာကြယ္ေရးအဖြဲ႕ CDF တို႔ တိုက္ပြဲျဖစ္ပြားၿပီး အခုရက္ပိုင္းအတြင္း စစ္ေကာင္စီဘက္က တိုက္ခိုက္တာေတြ ျပဳလုပ္မယ္ဆိုတဲ့ သတင္းေတြေၾကာင့္ တိုက္ပြဲေတြ ပိုၿပီး ျပင္းထန္လာမွာကို စိုးရိမ္ၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံအမ်ားစုဟာ မင္းတပ္ၿမိဳ႕နဲ႔ ၁၈ မိုင္ေ၀းတဲ့ မေကြးတိုင္း ေက်ာက္ထုၿမိဳ႕က စစ္ေဘးေရွာင္စခန္းေတြကို တိမ္းေရွာင္လာၾကတာပါ။

တိမ္းေရွာင္လာတဲ့ စစ္ေဘးေရွာင္မ်ားျပားတဲ့အတြက္ ေနထိုင္ေရးအျပင္ အသံုးအေဆာင္နဲ႔ စားေသာက္ေရးပါ အခက္အခဲရွိေနပါတယ္။

စစ္ေဘးေရွာင္စခန္းနဲ႔ ပတ္သက္လို႔ ေက်ာက္ထု ဒုကၡသည္စခန္း စီမံခန္႔ခြဲေရး ေကာက္မတီက အခုလိုေျပာပါတယ္။

“သတင္းလြင့္ေနတာ ၂ ပတ္အတြင္းကို စကစ ဘက္ကေပါ့ အၿပီးေခ်မႈန္းမယ္ ဘာမယ္ သတင္းထြက္လာတာရယ္ သတင္းက အတည္ေတာ့ မျပဳႏိုင္ဘူးေပါ့။ ဒီလိုမ်ိဳးထြက္လာတဲ့အတြက္ ေၾကာက္ၿပီး ထြက္ေျပးလာၾကတာ။ ကြ်န္ေတာ္တို႔ေကာ္မတီအေနနဲ႔ေတာ့ တတ္ႏိုင္သေလာက္ လုပ္ၿပီးလုပ္ေပးေနတယ္ေပါ့။ သူတို႔ရဲ႕ေနေရး ထုိင္ေရး စားေရးေသာက္ေရးေပါ့။ ကြ်န္ေတာ္တို႔ လက္ရွိ Camp ရွိတယ္။ လူေတြအမ်ားႀကီးထပ္ေရာက္ လာေတာ့ မေလာက္ေတာ့ဘူး။ Camp ေတြထပ္ေဆာက္တယ္ေပါ့။ ထပ္ေဆာက္တာကို ကြ်န္ေတာ္တို႔ အမ်ားႀကီးထပ္မေဆာက္ႏိုင္ဘူး။ ေလာေလာဆယ္ ထပ္ေဆာက္တဲ့ Camp မွာ ျပန္ျပည့္သြားျပန္ၿပီ ျပန္ျပည့္လို႔ ေနလို႔မရေတာ့ ကြ်န္ေတာ္တို႔ အိမ္ေတြ အေဆာင္ေတြေပါ့ ေလာေလာဆယ္ ေနရာခ်ထားေပးတယ္။ အဲ့မွာ ကြ်န္ေတာ္တို႔က ထပ္ေဆာက္ဖို႔ စီစဥ္ေနတယ္။ ေလာေလာဆယ္ ေနရာထိုင္ခင္းေပါ့ ဒီလိုေလး စီစဥ္ထားေပးတယ္။ ဒါေပမယ့္ ထပ္ၿပီး ထပ္ေရာက္ဖို႔ အစီစဥ္ရွိေတာ့ ႀကိဳးစားေနေပမယ့္ ခ်က္ခ်င္းလက္ငင္းေတာ့ သိပ္ၿပီးအဆင္မေျပဘူးေပါ့။ ကြ်န္ေတာ္တို႔အဓိက အခက္အခဲႀကံဳေနရတာက ဆန္ဆီဆား အေျခခံစားေသာက္ကုန္ေပါ့။ ကြ်န္ေတာ္တို႔ရဲ႕ ေဆာင္ျခင္ေထာင္ေပါ့။ အခုေနာက္ပိုင္း ေပါက္ သရက္ေတာဂိတ္မွာ လံုး၀ေပးမျဖတ္ေတာ့ဘူး။ အေျခခံစားေသာက္ကုန္ ဆန္ဆီဆား ေဆး၀ါး ေစာင္ေတြက အစ လံုး၀ ေပးမျဖတ္ေတာ့ဘူး။ ကြ်န္ေတာ္တို႔ စစ္ေဘးေရွာင္ေတြက ရုတ္တရက္ေျပးလာေတာ့ ေစာင္ေတြ ဘာေတြမပါဘူး။ တခ်ိဳ႕က အ၀တ္အစားေတာင္ ေကာင္းေကာင္းမပါလာဘူး။ သူတို႔ကို ရွိတဲ့ဟာေလးနဲ႔ ေ၀ငွေပးေပမယ့္ မေလာက္ဘူး။ မေလာက္ေတာ့ ေအာက္ျပည္ဘက္ကလည္း တက္လာလို႔ မရေတာ့ ဒါေလးေတြ ေတာ္ေတာ္ေတာ့ အခက္ခဲႀကံဳေနရတယ္။”

ကုန္စည္ စီးဆင္းမႈနဲ႔ လွဴဒါန္းတဲ့ ပစၥည္းေတြကို ပခုကၠဴၿမိဳ႕ကေနတဆင့္ မေကြးတိုင္း ေပါက္ၿမိဳ႕ကို ျဖတ္သန္းၿပီး ေက်ာက္ထုၿမိဳ႕ကို ေရာက္ရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီက ေပါက္ၿမိဳ႕နယ္ အ၀င္ သရက္ေတာစစ္ေဆးေရးဂိတ္မွာ ကုန္ပစၥည္းေတြကို သိမ္းဆည္း ကန္႔သတ္တာေတြ ျပဳလုပ္တဲ့အတြက္ အခုလို အခက္အခဲျဖစ္ေနတာပါ။

တိမ္းေရွာင္လာသူေတြထဲမွာ ဖ်ားနာသူေတြလည္း ပါရွိၿပီး ေနထိုင္စားေသာက္ေရးေတြအျပင္ ေဆး၀ါးေတြလည္း ျပတ္လတ္ေနတယ္လို႔ စစ္ေဘးေရွာင္တဦးက အခုလိုေျပာပါတယ္။

“က်န္းမာေရးအခက္အခဲဆိုတာက သူတို႔ဟုိကလာတယ္ ခရီးပန္းတယ္။ ဖ်ားနာၾကတယ္။ ေဆးဆိုင္ေလးေတြ ၁ ဆိုင္ ၂ ဆိုင္ေတာ့ ဖြင့္ထားတာေပါ့ဗ်ာ။ အဲ့ဒါမွာ နီးစပ္ရာ ေဆးဆိုင္ေတြမွာ အဲ့ဒါမ်ဳိး ၀ယ္ယူစားေသာက္ေနၾကရတာေပါ့။ ေဆးအခက္အခဲျဖစ္တာေပါ့။ ကြ်န္ေတာ္တို႔ဘက္က ပခုကၠဴဘက္က လာတဲ့ လမ္းေၾကာင္းေတြက ဘယ္လိုမွ လာလို႔မရတဲ့အခါက်ေတာ့ ေဆးလည္း ေတာ္ေတာ္ေလးကို ရွားပါးေနၿပီေပါ့ ျပတ္လပ္ေနၿပီေပါ့။”

စစ္ေကာင္စီတပ္ေတြနဲ႔ မင္းတပ္ CDF တပ္ဖြဲ႕ေတြ အပစ္ရပ္သေဘာတူညီခ်က္ ပ်က္ျပယ္ခဲ့ၿပီးေနာက္ပိုင္း တုိက္ပြဲေတြ ပိုမိုျပင္းထန္လာသလို စစ္ေကာင္စီတပ္ေတြဟာ စစ္ေဘးေရွာင္ေတြရွိတဲ့ ေတာရြာေတြအထိ စစ္ေၾကာင္းေတြ ထိုးစစ္ဆင္လာတာေတြရွိတဲ့အတြက္ စစ္ေဘးဒုကၡသည္ အမ်ားအျပားဟာ ေက်ာက္ထုၿမိဳ႕ကို တိမ္းေရွာင္လာၾကတာပါ။

ေက်ာက္ထုၿမိဳ႕ စစ္ေဘးေရွာင္စခန္း ၁၀ ခုနီးပါးမွာ လူဦးေရ ၁ ေထာင္ေက်ာ္ ခိုလံႈေနရာကေန စစ္ေကာင္စီတပ္ေတြဟာ၂ ပတ္အတြင္း နယ္ေျမရွင္းလင္းတာေတြ လုပ္မယ္ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ ေလာင္ေလာင္ ထြက္ေပၚလာတဲ့အတြက္ အခုလို ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြဟာ ေက်ာက္ထုၿမိဳ႕ကို တိမ္းေရွာင္လာၾကတာပါ။ အခုလို ဒုကၡသည္အမ်ားအျပား တိမ္းေရွာင္လာတဲ့အတြက္ ေနထိုင္စားေသာက္ေရး အခက္အခဲျဖစ္ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

တိုက်ပွဲဖြစ်မှာ စိုးရိမ်မှုကြောင့် မင်းတပ်ဒေသခံတွေ ထွက်ပြေး

ချင်းပြည်နယ်မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက မင်းတပ် CDF ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စိုးရိမ်ပြီး ချင်းပြည်နယ်နဲ့ အနီးဆုံးဖြစ်တဲ့ မကွေးတိုင်း ကျောက်ထုမြို့ကို ပြောင်းရွှေ့လာနေပါတယ်။ နေထိုင်ရေးအပြင် အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာပါ အခက်အခဲရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားပြီး အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က တိုက်ခိုက်တာတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာကို စိုးရိမ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံအများစုဟာ မင်းတပ်မြို့နဲ့ ၁၈ မိုင်ဝေးတဲ့ မကွေးတိုင်း ကျောက်ထုမြို့က စစ်ဘေးရှောင်စခန်းတွေကို တိမ်းရှောင်လာကြတာပါ။

တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များပြားတဲ့အတွက် နေထိုင်ရေးအပြင် အသုံးအဆောင်နဲ့ စားသောက်ရေးပါ အခက်အခဲရှိနေပါတယ်။

စစ်ဘေးရှောင်စခန်းနဲ့ ပတ်သက်လို့ ကျောက်ထု ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကောက်မတီက အခုလိုပြောပါတယ်။

“သတင်းလွင့်နေတာ ၂ ပတ်အတွင်းကို စကစ ဘက်ကပေါ့ အပြီးချေမှုန်းမယ် ဘာမယ် သတင်းထွက်လာတာရယ် သတင်းက အတည်တော့ မပြုနိုင်ဘူးပေါ့။ ဒီလိုမျိုးထွက်လာတဲ့အတွက် ကြောက်ပြီး ထွက်ပြေးလာကြတာ။ ကျွန်တော်တို့ကော်မတီအနေနဲ့တော့ တတ်နိုင်သလောက် လုပ်ပြီးလုပ်ပေးနေတယ်ပေါ့။ သူတို့ရဲ့နေရေး ထိုင်ရေး စားရေးသောက်ရေးပေါ့။ ကျွန်တော်တို့ လက်ရှိ Camp ရှိတယ်။ လူတွေအများကြီးထပ်ရောက် လာတော့ မလောက်တော့ဘူး။ Camp တွေထပ်ဆောက်တယ်ပေါ့။ ထပ်ဆောက်တာကို ကျွန်တော်တို့ အများကြီးထပ်မဆောက်နိုင်ဘူး။ လောလောဆယ် ထပ်ဆောက်တဲ့ Camp မှာ ပြန်ပြည့်သွားပြန်ပြီ ပြန်ပြည့်လို့ နေလို့မရတော့ ကျွန်တော်တို့ အိမ်တွေ အဆောင်တွေပေါ့ လောလောဆယ် နေရာချထားပေးတယ်။ အဲ့မှာ ကျွန်တော်တို့က ထပ်ဆောက်ဖို့ စီစဉ်နေတယ်။ လောလောဆယ် နေရာထိုင်ခင်းပေါ့ ဒီလိုလေး စီစဉ်ထားပေးတယ်။ ဒါပေမယ့် ထပ်ပြီး ထပ်ရောက်ဖို့ အစီစဉ်ရှိတော့ ကြိုးစားနေပေမယ့် ချက်ချင်းလက်ငင်းတော့ သိပ်ပြီးအဆင်မပြေဘူးပေါ့။ ကျွန်တော်တို့အဓိက အခက်အခဲကြုံနေရတာက ဆန်ဆီဆား အခြေခံစားသောက်ကုန်ပေါ့။ ကျွန်တော်တို့ရဲ့ ဆောင်ခြင်ထောင်ပေါ့။ အခုနောက်ပိုင်း ပေါက် သရက်တောဂိတ်မှာ လုံးဝပေးမဖြတ်တော့ဘူး။ အခြေခံစားသောက်ကုန် ဆန်ဆီဆား ဆေးဝါး စောင်တွေက အစ လုံး၀ ပေးမဖြတ်တော့ဘူး။ ကျွန်တော်တို့ စစ်ဘေးရှောင်တွေက ရုတ်တရက်ပြေးလာတော့ စောင်တွေ ဘာတွေမပါဘူး။ တချို့က အဝတ်အစားတောင် ကောင်းကောင်းမပါလာဘူး။ သူတို့ကို ရှိတဲ့ဟာလေးနဲ့ ဝေငှပေးပေမယ့် မလောက်ဘူး။ မလောက်တော့ အောက်ပြည်ဘက်ကလည်း တက်လာလို့ မရတော့ ဒါလေးတွေ တော်တော်တော့ အခက်ခဲကြုံနေရတယ်။”

ကုန်စည် စီးဆင်းမှုနဲ့ လှူဒါန်းတဲ့ ပစ္စည်းတွေကို ပခုက္ကူမြို့ကနေတဆင့် မကွေးတိုင်း ပေါက်မြို့ကို ဖြတ်သန်းပြီး ကျောက်ထုမြို့ကို ရောက်ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ပေါက်မြို့နယ် အဝင် သရက်တောစစ်ဆေးရေးဂိတ်မှာ ကုန်ပစ္စည်းတွေကို သိမ်းဆည်း ကန့်သတ်တာတွေ ပြုလုပ်တဲ့အတွက် အခုလို အခက်အခဲဖြစ်နေတာပါ။

တိမ်းရှောင်လာသူတွေထဲမှာ ဖျားနာသူတွေလည်း ပါရှိပြီး နေထိုင်စားသောက်ရေးတွေအပြင် ဆေးဝါးတွေလည်း ပြတ်လတ်နေတယ်လို့ စစ်ဘေးရှောင်တဦးက အခုလိုပြောပါတယ်။

“ကျန်းမာရေးအခက်အခဲဆိုတာက သူတို့ဟိုကလာတယ် ခရီးပန်းတယ်။ ဖျားနာကြတယ်။ ဆေးဆိုင်လေးတွေ ၁ ဆိုင် ၂ ဆိုင်တော့ ဖွင့်ထားတာပေါ့ဗျာ။ အဲ့ဒါမှာ နီးစပ်ရာ ဆေးဆိုင်တွေမှာ အဲ့ဒါမျိုး ဝယ်ယူစားသောက်နေကြရတာပေါ့။ ဆေးအခက်အခဲဖြစ်တာပေါ့။ ကျွန်တော်တို့ဘက်က ပခုက္ကူဘက်က လာတဲ့ လမ်းကြောင်းတွေက ဘယ်လိုမှ လာလို့မရတဲ့အခါကျတော့ ဆေးလည်း တော်တော်လေးကို ရှားပါးနေပြီပေါ့ ပြတ်လပ်နေပြီပေါ့။”

စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တပ်ဖွဲ့တွေ အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီတပ်တွေဟာ စစ်ဘေးရှောင်တွေရှိတဲ့ တောရွာတွေအထိ စစ်ကြောင်းတွေ ထိုးစစ်ဆင်လာတာတွေရှိတဲ့အတွက် စစ်ဘေးဒုက္ခသည် အများအပြားဟာ ကျောက်ထုမြို့ကို တိမ်းရှောင်လာကြတာပါ။

ကျောက်ထုမြို့ စစ်ဘေးရှောင်စခန်း ၁၀ ခုနီးပါးမှာ လူဦးရေ ၁ ထောင်ကျော် ခိုလှုံနေရာကနေ စစ်ကောင်စီတပ်တွေဟာ၂ ပတ်အတွင်း နယ်မြေရှင်းလင်းတာတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာတဲ့အတွက် အခုလို ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ကျောက်ထုမြို့ကို တိမ်းရှောင်လာကြတာပါ။ အခုလို ဒုက္ခသည်အများအပြား တိမ်းရှောင်လာတဲ့အတွက် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG