သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္း မင္းတပ္ တိုက္ပြဲမ်ားျပင္းထန္ေန


ေတာထဲတြင္ ထြက္ေျပးခိုလံႈေနၾကရသည့္ မင္းတပ္ စစ္ေရွာင္မ်ား (ဓာတ္ပံု - AFP PHOTO / CHIN WORLD) ၂၀ ေမ ၂၀၂၁

Zawgyi/Unicode

ေတာင္ပိုင္းခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီၾကား ၁၆ မိုင္ဝန္းက်င္မွာ မင္းတပ္ကာကြယ္ေရး CDF အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြ အၾကား ဒီကေန႔မနက္မွာေရာ မေန႔ကပါ တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။ ဒီတိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ဘက္က ထိခိုက္က်ဆုံးမႈ မ်ားတယ္လို႔ မင္းတပ္ CDF ဘက္ကေျပာပါတယ္။ ဒီအေၾကာင္းဗြီအိုေအသတင္းေထာက္ႏိုင္ကြန္းအိန္ကေန စုံစမ္းတင္ျပထားပါတယ္။

မင္းတပ္ၿမိဳ႕နယ္မွာ ဒီမနက္ပိုင္း ျမန္မာစစ္တပ္နဲ႔ မင္းတပ္ကာကြယ္ေရး CDF အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ မင္းတပ္ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာေယာမာန္ကေျပာပါတယ္။

“ဒီေန႔မနက္က်ေတာ့ (၁၆) မိုင္ကေနမွ ပန္းစခန္းဘက္ကို စကစဘက္ ထိုးစစ္ဆင္လာေတာ့ ဒီေန႔မနက္တ ိုက္ပြဲျပန္ျဖစ္ေသးတယ္။ အေနာက္ဘက္ စစ္မ်က္ႏွာေပါ့။ ေနာက္ထပ္တိုက္ပြဲ ဒီေန႔ မနက္ ထပ္ျဖစ္တာေပါ့။”

မေန႔က ၾသဂုတ္လ (၁၅) ရက္မွာလည္း မင္းတပ္-မတူပီအၾကား ၁၄ မိုင္နဲ႔ ၁၆ မိုင္ဘက္မွာ တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ပြးခဲ့ၿပီး စစ္ေကာင္စီတပ္ ဘက္က ထိခိုက္က်ဆုံးမႈမ်ားတယ္လို႔ ေဒါက္တာေယာမာန္က ေျပာပါတယ္။

“မေန႔က တိုက္ပြဲက မင္းတပ္-မတူပီလမ္းၾကားေပါ့။ အဲဒီ (၁၄) မိုင္နဲ႔ (၁၆) မိုင္စခန္းကို သူတို႔က လက္နက္ႀကီးနဲ႔လွန္းလွန္းထုၿပီးမွ (၁၆) မိုင္စခန္းကို တက္လာတယ္။ မနက္ (၁၀) နာရီေလာက္ေတာ့ သူတို႔ အဲဒီလမ္းခြဲထိေရာက္ေအာင္ တက္လာတယ္။ (၁၄) မိုင္အနားမွာ က်ေနာ္တို႔ CDF မင္းတပ္အဖြဲ႕နဲ႔ ထိေတြ႕မႈေတြျဖစ္တယ္ေပါ့။ တိုက္ပြဲေတြျဖစ္တယ္။ စကစဘက္က က်ဆုံးမႈနည္းနည္း ရွိတယ္။ သူတို႔ဘက္က အင္အားက (၁၅၀) ေလာက္ရွိတယ္။ ဆိုေတာ့အင္အားမ်ားေတာ့ CDF ဘက္က နည္းနည္းဆုတ္လာတယ္။ (၁၆) မိုင္မွာပဲ က်ေနာ္တို႔နဲ႔ ထိ ေတြ႕မႈ ျပန္ျဖစ္ၾကတယ္။ (၁၆) မိုင္မွာပဲ။ သူတို႔ဘက္က ထိခိုက္တာ၊ က်ဆုံးတာရွိတယ္။ ေသဆုံးတာက (၂၀) နီးပါးရွိႏိုင္တာေပါ့။ ဒဏ္ရာရတဲ့ သူ ေတာ္ေတာ္မ်ားမယ္။ အေယာက္ (၂၀) ေလာက္ဒဏ္ရာရႏိုင္တယ္။ CDF ဘက္က ထိခိုက္က်ဆုံးတာမရွိဘူး။ မေန႔က အေျခအေနေပါ့။”

မေန႔က မင္းတပ္တိုက္ပြဲမွာ စစ္တပ္ဘက္ကထိခိုက္မႈမ်ားေနတယ္လို႔ မင္းတပ္ CDF ဘက္ကေျပာေပမယ့္ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ မင္းတပ္ၿမိဳ႕နယ္ေျမာက္ဘက္ စစ္မ်က္ႏွာမွာလည္း စစ္ေကာင္စီတပ္ဘက္က တပ္ျဖန႔္ထားတယ္လို႔ ေျပာပါတယ္။

“ဒီေျမာက္ဘက္ေပါ့။ ယွက္တို႔၊ မြီတြီတို႔၊ ရွစ္ေမႊးတို႔ အဲဒီ႐ြာနားမွာ စကစတပ္ေတြရွိေနတာေပါ့။ အဲဒါ CDF နဲ႔ေတာ့ ထိေတြ႕မႈ မျဖစ္ေသးဘူးေပါ့။”

စစ္ေကာင္စီကေန မင္းတပ္-မတူပီလမ္း ၁၄ မိုင္မွာ စစ္ေၾကာင္း တခု၊ မင္းတပ္ၿမိဳ႕ေျမာက္ဘက္ ရွစ္ေမႊး႐ြာနဲ႔ မြီတြီ ႐ြာေတြမွာ စစ္ေၾကာင္းႏွစ္ခု စုစုေပါင္း စစ္မ်က္ႏွာ ၃ ခုဖြင့္ၿပီး ထိုးစစ္ဆင္ေနတာျဖစ္ပါတယ္။

မင္းတပ္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြါးေနတဲ့အေျခအေနနဲ႔ပက္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရကိုဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။ မေန႔က ဗြီအိုေအက ဆက္သြယ္ေမးျမန္းရာမွာေတာ့ ၾသဂုတ္လ (၁၄) ရက္ေန႔က မင္းတပ္ၿမိဳ႕နယ္ မကြီအိမ္ ႏူးၿမိဳ႕ဘက္မွာ နယ္ေျမလုံၿခဳံေရးလုပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ CDF အဖြဲ႕တို႔ (၁၅) မိနစ္ေလာက္ ထိေတြ႕တိုက္ပြဲျဖစ္ၿပီး စစ္တပ္ဘက္က စစ္သည္တေယာက္ ဒဏ္ရာရရွိသြားတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုခဲ့ပါတယ္။

မင္းတပ္ၿမိဳ႕နယ္မွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ဆႏၵျပမႈေတြကို အၾကမ္းဖက္ႏွိမ္နင္းရာကေန ၿပီးခဲ့တဲ့ ဧၿပီလကုန္ပိုင္းေလာက္ကစၿပီး စစ္ေကာင္စီတပ္နဲ႔ ခ်င္း CDF တို႔ၾကား တိုက္ပြဲစတင္ျဖစ္ပြားလာခဲ့တာပါ။ တိုက္ပြဲျဖစ္စဥ္အတြင္း မင္းတပ္ၿမိဳ႕ေပၚနဲ႔ ေက်း႐ြာက ႐ြာသားေသာင္းခ်ီ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

စစ္ေရွာင္တခ်ိဳ႕က ေနရပ္ျပန္တာရွိေပမဲ့လည္း အမ်ားစုကေနရပ္မျပန္ႏိုင္ၾကေသးသလို စားနပ္ရိကၡာ ေဆးဝါးအကူညီ လိုအပ္ခ်က္ အခက္ခဲေတြ ရွိေနပါတယ္။

ခ်င္း မင္းတပ္ တိုက္ပြဲမ်ားျပင္းထန္ေန
please wait

No media source currently available

0:00 0:02:59 0:00
တိုက္႐ိုက္ လင့္ခ္


========

Unicode

ချင်း မင်းတပ် တိုက်ပွဲများပြင်းထန်နေ

တောင်ပိုင်းချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီကြား ၁၆ မိုင်ဝန်းကျင်မှာ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အကြား ဒီကနေ့မနက်မှာရော မနေ့ကပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု များတယ်လို့ မင်းတပ် CDF ဘက်ကပြောပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ စုံစမ်းတင်ပြထားပါတယ်။

မင်းတပ်မြို့နယ်မှာ ဒီမနက်ပိုင်း မြန်မာစစ်တပ်နဲ့ မင်းတပ်ကာကွယ်ရေး CDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာယောမာန်ကပြောပါတယ်။

“ဒီနေ့မနက်ကျတော့ (၁၆) မိုင်ကနေမှ ပန်းစခန်းဘက်ကို စကစဘက် ထိုးစစ်ဆင်လာတော့ ဒီနေ့မနက်တ ိုက်ပွဲပြန်ဖြစ်သေးတယ်။ အနောက်ဘက် စစ်မျက်နှာပေါ့။ နောက်ထပ်တိုက်ပွဲ ဒီနေ့ မနက် ထပ်ဖြစ်တာပေါ့။”

မနေ့က သြဂုတ်လ (၁၅) ရက်မှာလည်း မင်းတပ်-မတူပီအကြား ၁၄ မိုင်နဲ့ ၁၆ မိုင်ဘက်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွးခဲ့ပြီး စစ်ကောင်စီတပ် ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ဒေါက်တာယောမာန်က ပြောပါတယ်။

“မနေ့က တိုက်ပွဲက မင်းတပ်-မတူပီလမ်းကြားပေါ့။ အဲဒီ (၁၄) မိုင်နဲ့ (၁၆) မိုင်စခန်းကို သူတို့က လက်နက်ကြီးနဲ့လှန်းလှန်းထုပြီးမှ (၁၆) မိုင်စခန်းကို တက်လာတယ်။ မနက် (၁၀) နာရီလောက်တော့ သူတို့ အဲဒီလမ်းခွဲထိရောက်အောင် တက်လာတယ်။ (၁၄) မိုင်အနားမှာ ကျနော်တို့ CDF မင်းတပ်အဖွဲ့နဲ့ ထိတွေ့မှုတွေဖြစ်တယ်ပေါ့။ တိုက်ပွဲတွေဖြစ်တယ်။ စကစဘက်က ကျဆုံးမှုနည်းနည်း ရှိတယ်။ သူတို့ဘက်က အင်အားက (၁၅၀) လောက်ရှိတယ်။ ဆိုတော့အင်အားများတော့ CDF ဘက်က နည်းနည်းဆုတ်လာတယ်။ (၁၆) မိုင်မှာပဲ ကျနော်တို့နဲ့ ထိ တွေ့မှု ပြန်ဖြစ်ကြတယ်။ (၁၆) မိုင်မှာပဲ။ သူတို့ဘက်က ထိခိုက်တာ၊ ကျဆုံးတာရှိတယ်။ သေဆုံးတာက (၂၀) နီးပါးရှိနိုင်တာပေါ့။ ဒဏ်ရာရတဲ့ သူ တော်တော်များမယ်။ အယောက် (၂၀) လောက်ဒဏ်ရာရနိုင်တယ်။ CDF ဘက်က ထိခိုက်ကျဆုံးတာမရှိဘူး။ မနေ့က အခြေအနေပေါ့။”

မနေ့က မင်းတပ်တိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်မှုများနေတယ်လို့ မင်းတပ် CDF ဘက်ကပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ မင်းတပ်မြို့နယ်မြောက်ဘက် စစ်မျက်နှာမှာလည်း စစ်ကောင်စီတပ်ဘက်က တပ်ဖြန့်ထားတယ်လို့ ပြောပါတယ်။

“ဒီမြောက်ဘက်ပေါ့။ ယှက်တို့၊ မွီတွီတို့၊ ရှစ်မွှေးတို့ အဲဒီရွာနားမှာ စကစတပ်တွေရှိနေတာပေါ့။ အဲဒါ CDF နဲ့တော့ ထိတွေ့မှု မဖြစ်သေးဘူးပေါ့။”

စစ်ကောင်စီကနေ မင်းတပ်-မတူပီလမ်း ၁၄ မိုင်မှာ စစ်ကြောင်း တခု၊ မင်းတပ်မြို့မြောက်ဘက် ရှစ်မွှေးရွာနဲ့ မွီတွီ ရွာတွေမှာ စစ်ကြောင်းနှစ်ခု စုစုပေါင်း စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ မနေ့က ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာတော့ သြဂုတ်လ (၁၄) ရက်နေ့က မင်းတပ်မြို့နယ် မကွီအိမ် နူးမြို့ဘက်မှာ နယ်မြေလုံခြုံရေးလုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ CDF အဖွဲ့တို့ (၁၅) မိနစ်လောက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က စစ်သည်တယောက် ဒဏ်ရာရရှိသွားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းရာကနေ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တာပါ။ တိုက်ပွဲဖြစ်စဉ်အတွင်း မင်းတပ်မြို့ပေါ်နဲ့ ကျေးရွာက ရွာသားသောင်းချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်တချို့က နေရပ်ပြန်တာရှိပေမဲ့လည်း အများစုကနေရပ်မပြန်နိုင်ကြသေးသလို စားနပ်ရိက္ခာ ဆေးဝါးအကူညီ လိုအပ်ချက် အခက်ခဲတွေ ရှိနေပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG