သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္း မင္းတပ္တိုက္ပြဲ စစ္ေကာင္စီဖက္အထိအခိုက္ရွိ


ခ်င္းေတာင္တန္းေဒသ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ မင္းတပ္-မတူပီလမ္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ မင္းတပ္ CDF တို႔ျဖစ္ပြားတဲ့ တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္သား ၁၈ ဦး ေသဆုံးၿပီး ၁ ဦးကို CDF ဘက္က လက္နက္ေတြနဲ႔အတူ ဖမ္းမိခဲ့တယ္လို႔ CDF ဖက္က ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ တိုက္ပြဲအတြင္း ထိခိုက္ဒဏ္ရာရရွိမႈရွိတယ္လို႔သာ ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံ အမ်ားအျပား ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္း ကိုသားၫြန႔္ဦးေျပာျပပါမယ္။

စစ္ေကာင္စီနဲ႔ မင္းတပ္ CDF တို႔ အပစ္ရပ္သေဘာတူညီမႈ ကုန္ဆုံးသြားၿပီးတဲ့ေနာက္ တိုက္ပြဲေတြ ျပန္လည္ ျပင္းထန္လာၿပီး ၾသဂုတ္ ၁၇ ရက္က မင္းတပ္-မတူပီကားလမ္း ၁၃ မိုင္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ မင္းတပ္ CDF တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာမွာ စစ္ေကာင္စီတပ္သား ၁၈ ဦး ေသဆုံးခဲ့ၿပီး ၁ ဦးကို လက္နက္ေတြနဲ႔ အတူ ဖမ္းမိခဲ့တယ္လို႔ CDF က ေျပာပါတယ္။ ဖမ္းဆီးရမိတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ CDF က တာဝန္ရွိသူ တဦးက အခုလို ရွင္းျပပါတယ္။

“ကြၽန္ေတာ္တို႔ ၅ ရက္ရွိၿပီေပါ့ေလ တိုက္ပြဲက။ ၅ ရက္မွာ စစ္ေၾကာင္း ၃ ေၾကာင္းနဲ႔လာတယ္။ ကြၽန္ေတာ္တို႔ ဒီဘက္ ေတာင္ဘက္ ျခမ္းမွာ စစ္ေၾကာင္း တေၾကာင္းက မေန႔ကအထိ ထိေတြ႕မႈရွိတယ္။ မေန႔က ထိေတြ႕မႈမွာ စကစ ဘက္က ၁၈ ဦးေလာက္ က်တယ္ေပါ့ေနာ္။ ေနာက္ ဒဏ္ရာရၿပီး ထြက္ေျပးသြားသူေတြရွိတယ္။ တေယာက္ကေတာ့ ႐ြာထဲအထိ ေရာက္လာလို႔ CDF ေတြက ဖမ္းထားတယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဖမ္းၿပီးေတာ့ စစ္ေဆးတဲ့အခ်ိန္မွာ ေသနတ္က တိုက္ပြဲျဖစ္တဲ့ေနရာမွာ ပစ္ထားခဲ့တဲ့အေၾကာင္းရယ္ ေနာက္သူ႔ရဲ႕ က်ည္အိမ္ က်ဥ္ကပ္ေတြနဲ႔ က်ဥ္ေတာင့္ေတြ ဒါေတြကို ဘယ္ေနရာမွာ ထားခဲ့ပါတယ္ဆိုၿပီးေတာ့ ေျဖာင့္ခ်က္ေပးတယ္။ စစ္သည္ေတာ္ က်င့္ဝတ္နဲ႔အညီေပါ့ ။ဖမ္းဆီးထိန္းသိမ္းတယ္ဆိုေပမယ့္ သူ႔ကို လူသားတေယာက္လို ဆက္ဆံမယ္။ ဒဏ္ရာရာထားတာဆိုေတာ့ ေဆးဝါးကုသမႈေတြ လုပ္မယ္ေပါ့။”

တိုက္ပြဲအတြင္း ေတာေတာင္ေတြထဲ ဒဏ္ရာရၿပီး ထြက္ေျပးသြားတဲ့ စစ္ေကာင္စီတပ္သားေတြလည္း ရွိေနၿပီး စစ္ေကာင္စီတပ္သားေတြကို CDF ဘက္က မၾကာခဏ ဖမ္းဆီးရမိတာရွိတယ္လို႔ CDF ဘက္ကေျပာပါတယ္။ CDF ဘက္က လက္နက္နဲ႔လာေရာက္ခိုလႈံတဲ့ စစ္ေကာင္စီတပ္သား တဦးကို ေငြက်ပ္ သိန္း ၅၀ ေပးမယ္လို႔ ကမ္းလွမ္းထားတာရွိၿပီး CDF နဲ႔ ပူးေပါင္းဖို႔ ဆက္သြယ္လာတဲ့ စစ္ေကာင္စီတပ္သား အမ်ားအျပားရွိတယ္လို႔လည္း ေျပာပါတယ္။

စစ္ေကာင္စီျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မေန႔က ျဖစ္တဲ့ တိုက္ပြဲအတြင္းမွာ ထိခိုက္ဒဏ္ရာရရွိတာေတြရွိတယ္လို႔ေျပာၿပီး လက္နက္ေတြနဲ႔အတူ ဖမ္းမိတယ္ဆိုတဲ့ကိစၥကို ထည့္သြင္း ေျပာၾကားခဲ့ျခင္း မရွိပါဘူး။

“မေန႔ုတုန္းကေတာ့ မင္းတပ္ဘက္မွာပဲ CDF အၾကမ္းဖက္အဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ တိုက္ပြဲျဖစ္ပြားခဲ့တယ္ဆိုတာ မင္းတပ္ မတူပီကားလမ္းဘက္မွာ ျဖစ္ပြားခဲ့တာရွိတယ္။ ကြၽန္ေတာ္တို႔ဘက္က ထိခိုက္ဒဏ္ရာရရွိမႈရွိတယ္။ ဒါပါပဲဗ်။”

တိုက္ပြဲေတြ ေန႔စဥ္ရက္ဆက္ဆိုသလို ျပင္းထန္ေနတဲ့အတြက္ ႐ြာေပါင္း ၂၀ ေလာက္ဟာ ႐ြာလုံးကြၽတ္ထြက္ေျပးေနရၿပီး အခက္အခဲျဖစ္ေနတယ္လို႔ ဒုကၡသည္ေတြကို ကူညီေဆာင္႐ြက္ေပးေနသူ တဦးက ေျပာပါတယ္။

“တိုက္ပြဲေၾကာင့္ ေနာက္ထပ္ စစ္ေဘးေရွာင္ ေက်း႐ြာက ၂၀ ေလာက္ ရွိမယ္ ႐ြာေပါင္းက လူဦးေရက ၁ ေထာင္ေက်ာ္ေက်ာ္ေလးရွိမယ္။ အဲ့ဒါေတြက ထြက္ေျပးၾကတာေပါ့။ သူတို႔႐ြာမွာ မေနရဲဘူး စကစ စစ္သားေတြ လာမွာကိုေၾကာက္တယ္။ ေၾကာက္တဲ့အတြက္ ေျပးၾကတယ္။ ေတာထဲေျပးတယ္ တခ်ိဳ႕ကက် ေတာင္ယာထဲ ေျပးတယ္။ ဒါေတာ့ ကြၽန္ေတာ္တို႔ အေျခအေနေပါ့။ စားနပ္ရိကၡာလည္း လုံေလာက္မႈ မရွိဘူး။ ဆန္ေတြကလည္း မိုးတြင္းဆိုေတာ့ ထားရတာခက္တယ္။ အခုေလာေလာဆယ္ ဒုကၡသည္ေတြ ေတာ္ေတာ္လည္း အခက္အခဲျဖစ္ေနၾကတယ္။”

တေက်ာ့ျပန္တိုက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာကိုထြက္ေျပးေနရတဲ့ စစ္ေဘးေရွာင္ေတြမွာ ဖ်ားနာသူေတြမ်ားေနသလို ေဆးဝါးကုသမႈ လုံေလာက္ေအာင္ မရရွိတဲ့အတြက္ ေသဆုံးတာေတြလည္း ရွိေနၿပီး အစားအစာ ေဆးဝါးနဲ႔ ရိကၡာေတြ လိုအပ္ေနေၾကာင္း ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။

Mindat HAK
please wait

No media source currently available

0:00 0:03:25 0:00
တိုက္႐ိုက္ လင့္ခ္


............................................................................................

ချင်း မင်းတပ်တိုက်ပွဲ စစ်ကောင်စီဖက်အထိအခိုက်ရှိ

ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တို့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးပြီး ၁ ဦးကို CDF ဘက်က လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF ဖက်က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့သာ ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ အများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦးပြောပြပါမယ်။

စစ်ကောင်စီနဲ့ မင်းတပ် CDF တို့ အပစ်ရပ်သဘောတူညီမှု ကုန်ဆုံးသွားပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာပြီး သြဂုတ် ၁၇ ရက်က မင်းတပ်-မတူပီကားလမ်း ၁၃ မိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ၁ ဦးကို လက်နက်တွေနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ CDF က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ CDF က တာဝန်ရှိသူ တဦးက အခုလို ရှင်းပြပါတယ်။

“ကျွန်တော်တို့ ၅ ရက်ရှိပြီပေါ့လေ တိုက်ပွဲက။ ၅ ရက်မှာ စစ်ကြောင်း ၃ ကြောင်းနဲ့လာတယ်။ ကျွန်တော်တို့ ဒီဘက် တောင်ဘက် ခြမ်းမှာ စစ်ကြောင်း တကြောင်းက မနေ့ကအထိ ထိတွေ့မှုရှိတယ်။ မနေ့က ထိတွေ့မှုမှာ စကစ ဘက်က ၁၈ ဦးလောက် ကျတယ်ပေါ့နော်။ နောက် ဒဏ်ရာရပြီး ထွက်ပြေးသွားသူတွေရှိတယ်။ တယောက်ကတော့ ရွာထဲအထိ ရောက်လာလို့ CDF တွေက ဖမ်းထားတယ်ပေါ့နော်။ ကျွန်တော်တို့ ဖမ်းပြီးတော့ စစ်ဆေးတဲ့အချိန်မှာ သေနတ်က တိုက်ပွဲဖြစ်တဲ့နေရာမှာ ပစ်ထားခဲ့တဲ့အကြောင်းရယ် နောက်သူ့ရဲ့ ကျည်အိမ် ကျဉ်ကပ်တွေနဲ့ ကျဉ်တောင့်တွေ ဒါတွေကို ဘယ်နေရာမှာ ထားခဲ့ပါတယ်ဆိုပြီးတော့ ဖြောင့်ချက်ပေးတယ်။ စစ်သည်တော် ကျင့်ဝတ်နဲ့အညီပေါ့ ။ဖမ်းဆီးထိန်းသိမ်းတယ်ဆိုပေမယ့် သူ့ကို လူသားတယောက်လို ဆက်ဆံမယ်။ ဒဏ်ရာရာထားတာဆိုတော့ ဆေးဝါးကုသမှုတွေ လုပ်မယ်ပေါ့။”

တိုက်ပွဲအတွင်း တောတောင်တွေထဲ ဒဏ်ရာရပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိနေပြီး စစ်ကောင်စီတပ်သားတွေကို CDF ဘက်က မကြာခဏ ဖမ်းဆီးရမိတာရှိတယ်လို့ CDF ဘက်ကပြောပါတယ်။ CDF ဘက်က လက်နက်နဲ့လာရောက်ခိုလှုံတဲ့ စစ်ကောင်စီတပ်သား တဦးကို ငွေကျပ် သိန်း ၅၀ ပေးမယ်လို့ ကမ်းလှမ်းထားတာရှိပြီး CDF နဲ့ ပူးပေါင်းဖို့ ဆက်သွယ်လာတဲ့ စစ်ကောင်စီတပ်သား အများအပြားရှိတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မနေ့က ဖြစ်တဲ့ တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတာတွေရှိတယ်လို့ပြောပြီး လက်နက်တွေနဲ့အတူ ဖမ်းမိတယ်ဆိုတဲ့ကိစ္စကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

“မနေ့ုတုန်းကတော့ မင်းတပ်ဘက်မှာပဲ CDF အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတာ မင်းတပ် မတူပီကားလမ်းဘက်မှာ ဖြစ်ပွားခဲ့တာရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်။ ဒါပါပဲဗျ။”

တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ပြင်းထန်နေတဲ့အတွက် ရွာပေါင်း ၂၀ လောက်ဟာ ရွာလုံးကျွတ်ထွက်ပြေးနေရပြီး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေသူ တဦးက ပြောပါတယ်။

“တိုက်ပွဲကြောင့် နောက်ထပ် စစ်ဘေးရှောင် ကျေးရွာက ၂၀ လောက် ရှိမယ် ရွာပေါင်းက လူဦးရေက ၁ ထောင်ကျော်ကျော်လေးရှိမယ်။ အဲ့ဒါတွေက ထွက်ပြေးကြတာပေါ့။ သူတို့ရွာမှာ မနေရဲဘူး စကစ စစ်သားတွေ လာမှာကိုကြောက်တယ်။ ကြောက်တဲ့အတွက် ပြေးကြတယ်။ တောထဲပြေးတယ် တချို့ကကျ တောင်ယာထဲ ပြေးတယ်။ ဒါတော့ ကျွန်တော်တို့ အခြေအနေပေါ့။ စားနပ်ရိက္ခာလည်း လုံလောက်မှု မရှိဘူး။ ဆန်တွေကလည်း မိုးတွင်းဆိုတော့ ထားရတာခက်တယ်။ အခုလောလောဆယ် ဒုက္ခသည်တွေ တော်တော်လည်း အခက်အခဲဖြစ်နေကြတယ်။”

တကျော့ပြန်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ ဖျားနာသူတွေများနေသလို ဆေးဝါးကုသမှု လုံလောက်အောင် မရရှိတဲ့အတွက် သေဆုံးတာတွေလည်း ရှိနေပြီး အစားအစာ ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်နေကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG