သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္မွာ အပစ္ရပ္သက္တမ္း ထပ္တိုးဖို႔ သေဘာတူထား


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕နယ္မွာ CDF-Mindat အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား အပစ္အခတ္ရပ္စဲမႈ သက္တမ္း ထပ္မံတိုးျမႇင့္သြားမယ္လို႔ CDF ေဒသခံကာကြယ္ေရးအဖြဲ႔ တာဝန္ရွိသူေတြက ဆိုပါတယ္။ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတို႔ၾကား အပစ္အခတ္ ရပ္စဲေရးအတြက္ ၿမိဳ႕မိၿမိဳ႕ဖေတြက ၾကားခံေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။ အပစ္ရပ္ကာလအတြင္း စစ္ေဘးေရွာင္ရြာသားတခ်ိဳ႕ ေနရပ္ျပန္ၾကေပမယ့္ အမ်ားစုက မျပန္ႏုိင္ေသးပါဘူး။ မင္းတပ္ဘက္က စစ္ေရးအေျခအေနအေၾကာင္း ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ဇြန္လ ၂၀ ရက္ေန႔ကစလို႔ မင္းတပ္ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ၁၄ ရက္အၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ဟာ ဇူလိုင္လ ၄ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးၿပီး ျဖစ္ပါတယ္။

အပစ္အခတ္ရပ္စဲေရး ရက္ကာလ ထပ္မံသက္တမ္းတိုးျမႇင့္ ေဆာင္ရြက္သြားဖို႔ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ မင္းတပ္ ကာကြယ္ေရးအဖြဲ႔ ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာေယာမာန္က ဗြီအိုေအကို ေျပာပါတယ္။

“တိုးျမႇင့္ဖို႔ေတာ့ အၾကမ္းဖ်င္း သေဘာတူထားတယ္။ ဘယ္ႏွစ္ရက္ ဘယ္ေလာက္တိုးျမႇင့္တယ္ ဆုိတာေတာ့ က်ေနာ္တုိ႔ ျပန္ေဆြးေႏြးရဦးမယ္ခင္ဗ်။ က်ေနာ္တို႔က ၄ ရက္ေန႔မွာ ၿပီးသြားတယ္။ ၄ ရက္ေန႔ၿပီးေတာ့လည္း အပစ္အခတ္ရပ္စဲေရး ဆက္တိုးျမႇင့္ၾကမယ္လို႔ေတာ့ အၾကမ္းဖ်င္း သေဘာတူတယ္။”

ဒါေပမယ့္ ဒီအပစ္ရပ္သက္တမ္းတိုးဖို႔ဟာ မင္းတပ္ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ၿမိဳ႕မိၿမိဳ႕ဖတို႔ကေန ၾကားခံေဆာင္ရြက္ေပးရမွာျဖစ္လို႔ ႏွစ္ဖက္အဖြဲ႔ ေတြ႔ဆုံမယ့္ရက္ မသိေသးဘူးလို႔ ေဒါက္တာေယာမာန္က ေျပာပါတယ္။

“က်ေနာ္တုိ႔ CDF နဲ႔ စကစနဲ႔ တိုက္႐ုိက္ေတြ႔တာ မဟုတ္ဘူးဗ်။ ဒီစကစက ၿမိဳ႕မိၿမိဳ႕ဖေတြကို ေျပာမယ္၊ ၿမိဳ႕မိၿမိဳ႕ဖေတြက ကေ်နာ္တို႔ကို ျပန္ေျပာမယ္။ က်ေနာ္တုိ႔က ၿမိဳ႕မိၿမိဳ႕ဖေတြကို ျပန္ေျပာမယ္။ ၿမိဳ႕မိၿမိဳ႕ဖက စကစကို ျပန္ေျပာမယ္ေပါ့ေနာ္။ အဲဒီလိုမ်ိဳး အဆင့္ဆင့္ ခ်ိတ္ဆက္ရတယ္ဆိုေတာ့ ဘာေတြညာေတြ ညႇိရတဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔ မၾကာမီရက္ပိုင္းအတြင္းပဲ ျပန္ေတြ႔ဖို႔ရွိမွာပါ။ က်ေနာ္တုိ႔ ေဆြးေႏြးၿပီးမွပဲ ဘယ္ႏွစ္ရက္အထိ ဘယ္အတိုင္းအတာထိ ဘယ္လိုအပစ္အခတ္ရပ္စဲ သက္တမ္းတိုးၾကမလဲဆိုတာ ေပၚလာမွာပါခင္ဗ်။”

မင္းတပ္ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား အပစ္အခတ္ရပ္စဲေရး အေျခအေနေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ တုံ႔ျပန္ေျပာဆိုတာ မရွိပါဘူး။

ဇြန္လ ၂၀ ရက္ေန႔က မင္းတပ္ၿမိဳ႕မိၿမိဳ႕ဖေတြကေန ၾကားဝင္ေစ့စပ္လို႔ တိုက္ပြဲေတြ ျပင္းထန္ျဖစ္ပြားေနတဲ့ မင္းတပ္ CDF အဖြဲ႔နဲ႔ စစ္ေကာင္စီတပ္တို႔ ယာယီအပစ္အခတ္ ရပ္စဲခဲ့ပါတယ္။ အပစ္အခတ္ရပ္စဲႏုိင္ဖို႔ ႏွစ္ဖက္ေတြ႔ဆုံေဆြးေႏြးမႈအတြင္း အခ်က္ ၅ ခ်က္ပါတဲ့ သေဘာတူညီခ်က္ေတြလည္း ရရွိခဲ့တာပါ။

မင္းတပ္ၿမိဳ႕နယ္အတြင္း ဆက္သြယ္ေရးလမ္းေၾကာင္းနဲ႔ ၿမိဳ႕ေပၚမွာ လက္နက္ကိုင္ေဆာင္ ေစာင့္ၾကပ္စစ္ေဆး ပစ္ခတ္ျခင္း မျပဳလုပ္ဖို႔ အစိုးရဌာနဆိုင္ရာလုပ္ငန္း ေဆာင္ရြက္ရာမွာ ေႏွာင့္ယွက္ျခင္း၊ ဖိအားေပးျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ တားဆီးျခင္း မျပဳလုပ္ဖို႔၊ CDM ဝန္ထမ္းေတြကို အတင္းအက်ပ္ ဖိအားေပး လုပ္ငန္းခြင္ ျပန္လည္ဝင္ေရာက္ေစျခင္း မျပဳလုပ္ဖို႔၊ စစ္ေဘးေရွာင္ေတြအတြက္ ရိကၡာတင္တဲ့ကားေတြကို အေႏွာင့္အယွက္မျပဳဖို႔ စတဲ့အခ်က္ေတြ သေဘာတူခဲ့ပါတယ္။

ပထမအႀကိမ္ အပစ္အခတ္ရပ္စဲၿပီး ရလဒ္အေကာင္းအဆိုးကိုေတာ့ ေဒါက္တာေယာမာန္က ဆက္ေျပာပါတယ္။

“အပစ္အခတ္ရပ္စဲေရး ကာလမွာ ႏွစ္ဦးႏွစ္ဖက္ ပစ္ခတ္မႈမရွိ၊ တိုက္ပြဲေတြမရွိဘူးဆိုေတာ့ အဲဒါကို တိုးတက္မႈလို႔ပဲ ယူဆရမွာေပါ့။ ဆုတ္ယုတ္မႈကေတာ့ တခါတေလ အဲဒီလို တဦးစႏွစ္ဦးစ စစ္ေဆးတာေတြ ခနတာ ဖမ္းဆီးထားတာမ်ိဳးေတြ ရွိတယ္။ က်ေနာ္တုိ႔ဘက္ကနဲ႔ ျပန္ေထာက္ျပတဲ့အခါ အဲဒီလိုမ်ိဳး လႊတ္လိုက္တာေပါ့ေနာ္။ ဆိုေတာ့ ေလာေလာဆယ္အထိေပါ့ေနာ္ ဒီအပစ္အခတ္ရပ္စဲေရး ကာလမွာ ႀကီးႀကီးမားမားေတာ့ က်ေနာ္တုိ႔ ေထာက္ျပစရာ ေဝဖန္စရာမ်ိဳးေတာ့ မရွိဘူးခင္ဗ်။ ေတာက္ေလၽွာက္ အဆင္ေျပပါတယ္လို႔ပဲ ေျပာရမွာပါ။”

လက္ရွိ မင္းတပ္ၿမိဳ႕ စစ္ေဘးေရွာင္ျပည္သူ တခ်ိဳ႕ကေတာ့ ေနရပ္ရင္းကို ျပန္လာတာရွိေပမယ့္ အမ်ားစုကေတာ့ ေနရပ္မျပန္ႏုိင္ၾကေသးပါဘူး။

“ျပန္တဲ့သူတခ်ိဳ႕ ရွိတယ္။ ဒါေပမယ့္ ၿမိဳ႕ေပၚျပန္တဲ့သူ အကုန္လုံးကလည္း ဘာေတြျဖစ္လာမလဲ မသိဘူးဆိုတဲ့ ပုံစံေတာ့ ရွိၾကတာေပါ့။ ျပန္တဲ့သူလည္း ရွိပါတယ္။ နည္းနည္းေလးပဲ ရွိပါတယ္။”

မင္းတပ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဧၿပီလ ၂၆ ရက္ေန႔ေလာက္ကစၿပီး ခ်င္းကာကြယ္ေရးအဖြဲ႔ (CDF) နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲေတြ စတင္ျဖစ္ပြားခဲ့ပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ၿမိဳ႕ေပၚနဲ႔ ေက်းရြာေတြက လူေပါင္း ၃၀,၀၀၀ ေက်ာ္ဟာ ေတာေတာင္ေတြထဲကို ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကရတာပါ။

ေမလ ၁၃ ရက္ေန႔ ညပိုင္းကစလို႔ မင္းတပ္ၿမိဳ႕မွာ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ကေန လက္နက္ႀကီးေတြနဲ႔ အျပင္းအထန္ ထုိးစစ္ဆင္ ပစ္ခတ္မႈေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြဟာ စခန္းေနရာ အတည္တက်မရွိဘဲ ေဘးလြတ္ရာမွာ ေျပာင္းေရႊ႕ တိမ္းေရွာင္ေနရပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ မင္းတပ္ၿမိဳ႕ေပၚရွိ ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ စစ္ေဘးေရွာင္ေတြကို အကန႔္အသတ္နဲ႔ လက္ခံမယ္လို႔ ေမလ ၂၉ ရက္ေန႔က ထုတ္ျပန္ေၾကညာထားေပမယ့္ ေဒသခံေတြ အမ်ားစုကေတာ့ စိုးရိမ္စိတ္နဲ႔ ေနရပ္ရင္းကို မျပန္ႏုိင္ၾကေသးပါဘူး။

လက္ရွိ မင္းတပ္ၿမိဳ႕နယ္က ဒုကၡသည္ ေသာင္းေက်ာ္ဟာ အနည္းဆုံး ေနရာ ၁၈ ခုမွာ ခိုလႈံေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

မင်းတပ်မှာ အပစ်ရပ်သက်တမ်း ထပ်တိုးဖို့ သဘောတူထား

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်း ထပ်မံတိုးမြှင့်သွားမယ်လို့ CDF ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ CDF အဖွဲ့နဲ့ စစ်ကောင်စီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် မြို့မိမြို့ဖတွေက ကြားခံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အပစ်ရပ်ကာလအတွင်း စစ်ဘေးရှောင်ရွာသားတချို့ နေရပ်ပြန်ကြပေမယ့် အများစုက မပြန်နိုင်သေးပါဘူး။ မင်းတပ်ဘက်က စစ်ရေးအခြေအနေအကြောင်း နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ၁၄ ရက်အကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇူလိုင်လ ၄ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီး ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ရက်ကာလ ထပ်မံသက်တမ်းတိုးမြှင့် ဆောင်ရွက်သွားဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မင်းတပ် ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာယောမာန်က ဗွီအိုအေကို ပြောပါတယ်။

“တိုးမြှင့်ဖို့တော့ အကြမ်းဖျင်း သဘောတူထားတယ်။ ဘယ်နှစ်ရက် ဘယ်လောက်တိုးမြှင့်တယ် ဆိုတာတော့ ကျနော်တို့ ပြန်ဆွေးနွေးရဦးမယ်ခင်ဗျ။ ကျနော်တို့က ၄ ရက်နေ့မှာ ပြီးသွားတယ်။ ၄ ရက်နေ့ပြီးတော့လည်း အပစ်အခတ်ရပ်စဲရေး ဆက်တိုးမြှင့်ကြမယ်လို့တော့ အကြမ်းဖျင်း သဘောတူတယ်။”

ဒါပေမယ့် ဒီအပစ်ရပ်သက်တမ်းတိုးဖို့ဟာ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား မြို့မိမြို့ဖတို့ကနေ ကြားခံဆောင်ရွက်ပေးရမှာဖြစ်လို့ နှစ်ဖက်အဖွဲ့ တွေ့ဆုံမယ့်ရက် မသိသေးဘူးလို့ ဒေါက်တာယောမာန်က ပြောပါတယ်။

“ကျနော်တို့ CDF နဲ့ စကစနဲ့ တိုက်ရိုက်တွေ့တာ မဟုတ်ဘူးဗျ။ ဒီစကစက မြို့မိမြို့ဖတွေကို ပြောမယ်၊ မြို့မိမြို့ဖတွေက ကျေနာ်တို့ကို ပြန်ပြောမယ်။ ကျနော်တို့က မြို့မိမြို့ဖတွေကို ပြန်ပြောမယ်။ မြို့မိမြို့ဖက စကစကို ပြန်ပြောမယ်ပေါ့နော်။ အဲဒီလိုမျိုး အဆင့်ဆင့် ချိတ်ဆက်ရတယ်ဆိုတော့ ဘာတွေညာတွေ ညှိရတဲ့အတွက်ကြောင့် ကျနော်တို့ မကြာမီရက်ပိုင်းအတွင်းပဲ ပြန်တွေ့ဖို့ရှိမှာပါ။ ကျနော်တို့ ဆွေးနွေးပြီးမှပဲ ဘယ်နှစ်ရက်အထိ ဘယ်အတိုင်းအတာထိ ဘယ်လိုအပစ်အခတ်ရပ်စဲ သက်တမ်းတိုးကြမလဲဆိုတာ ပေါ်လာမှာပါခင်ဗျ။”

မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်အခတ်ရပ်စဲရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

ဇွန်လ ၂၀ ရက်နေ့က မင်းတပ်မြို့မိမြို့ဖတွေကနေ ကြားဝင်စေ့စပ်လို့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲနိုင်ဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအတွင်း အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်တွေလည်း ရရှိခဲ့တာပါ။

မင်းတပ်မြို့နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းနဲ့ မြို့ပေါ်မှာ လက်နက်ကိုင်ဆောင် စောင့်ကြပ်စစ်ဆေး ပစ်ခတ်ခြင်း မပြုလုပ်ဖို့ အစိုးရဌာနဆိုင်ရာလုပ်ငန်း ဆောင်ရွက်ရာမှာ နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်း မပြုလုပ်ဖို့၊ CDM ဝန်ထမ်းတွေကို အတင်းအကျပ် ဖိအားပေး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်စေခြင်း မပြုလုပ်ဖို့၊ စစ်ဘေးရှောင်တွေအတွက် ရိက္ခာတင်တဲ့ကားတွေကို အနှောင့်အယှက်မပြုဖို့ စတဲ့အချက်တွေ သဘောတူခဲ့ပါတယ်။

ပထမအကြိမ် အပစ်အခတ်ရပ်စဲပြီး ရလဒ်အကောင်းအဆိုးကိုတော့ ဒေါက်တာယောမာန်က ဆက်ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး ကာလမှာ နှစ်ဦးနှစ်ဖက် ပစ်ခတ်မှုမရှိ၊ တိုက်ပွဲတွေမရှိဘူးဆိုတော့ အဲဒါကို တိုးတက်မှုလို့ပဲ ယူဆရမှာပေါ့။ ဆုတ်ယုတ်မှုကတော့ တခါတလေ အဲဒီလို တဦးစနှစ်ဦးစ စစ်ဆေးတာတွေ ခနတာ ဖမ်းဆီးထားတာမျိုးတွေ ရှိတယ်။ ကျနော်တို့ဘက်ကနဲ့ ပြန်ထောက်ပြတဲ့အခါ အဲဒီလိုမျိုး လွှတ်လိုက်တာပေါ့နော်။ ဆိုတော့ လောလောဆယ်အထိပေါ့နော် ဒီအပစ်အခတ်ရပ်စဲရေး ကာလမှာ ကြီးကြီးမားမားတော့ ကျနော်တို့ ထောက်ပြစရာ ဝေဖန်စရာမျိုးတော့ မရှိဘူးခင်ဗျ။ တောက်လျှောက် အဆင်ပြေပါတယ်လို့ပဲ ပြောရမှာပါ။”

လက်ရှိ မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူ တချို့ကတော့ နေရပ်ရင်းကို ပြန်လာတာရှိပေမယ့် အများစုကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

“ပြန်တဲ့သူတချို့ ရှိတယ်။ ဒါပေမယ့် မြို့ပေါ်ပြန်တဲ့သူ အကုန်လုံးကလည်း ဘာတွေဖြစ်လာမလဲ မသိဘူးဆိုတဲ့ ပုံစံတော့ ရှိကြတာပေါ့။ ပြန်တဲ့သူလည်း ရှိပါတယ်။ နည်းနည်းလေးပဲ ရှိပါတယ်။”

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေက လူပေါင်း ၃၀,၀၀၀ ကျော်ဟာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာပါ။

မေလ ၁၃ ရက်နေ့ ညပိုင်းကစလို့ မင်းတပ်မြို့မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင် ပစ်ခတ်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စခန်းနေရာ အတည်တကျမရှိဘဲ ဘေးလွတ်ရာမှာ ပြောင်းရွှေ့ တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီဘက်ကတော့ မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့်အသတ်နဲ့ လက်ခံမယ်လို့ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမယ့် ဒေသခံတွေ အများစုကတော့ စိုးရိမ်စိတ်နဲ့ နေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။

လက်ရှိ မင်းတပ်မြို့နယ်က ဒုက္ခသည် သောင်းကျော်ဟာ အနည်းဆုံး နေရာ ၁၈ ခုမှာ ခိုလှုံနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG