သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ လီဒိုလမ္းမေပၚ တိုက္ပြဲေၾကာင့္ ေဒသခံ ၂ ဦး ထိခိုက္ဒဏ္ရာရ


KIA တပ္ဖြဲ႔ဝင္အခ်ဳိ႕။

(Zawgyi / Unicode)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ လီဒိုလမ္းမႀကီးမွာ ဒီကေန႔မနက္လည္း စစ္ေကာင္စီနဲ႔ KIA အၾကား တိုက္ပြဲထပ္မံျဖစ္ပြားခဲ့ၿပီး ဝါရာဇြပ္ေက်းရြာအတြင္းကို လက္နက္ႀကီးက်ည္ က်တာေၾကာင့္ ရြာသား ၂ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ လီဒိုလမ္းမႀကီးေပၚက တိုက္ပြဲ ေနာက္ဆုံးအေျခအေန ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ဒီကေန႔မနက္ တိုက္ပြဲျဖစ္ခဲ့တာကေတာ့ ဖားကန႔္ၿမိဳ႕နယ္ လီဒိုလမ္းမႀကီးေပၚက ဝါရာဇြပ္ေက်းရြာအုပ္စု ေအာင္ရာရြာမွာ စစ္ေကာင္စီတပ္နဲ႔ စံျပရြာ ျပည္သူ႔စစ္အဖြဲ႔ေတြကို KIA က မိုင္းခြဲတိုက္ခိုက္ခဲ့ၿပီး အဲဒီေနာက္မွာ ပစ္ခတ္တာေတြ ျဖစ္ခဲ့တာပါ။

မိုင္းကြဲၿပီးတဲ့ေနာက္ နာရီဝက္ၾကာေလာက္ ႏွစ္ဖက္ တုိက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံရြာသားတဦးက ဗြီအုိေအကို ေျပာပါတယ္။

“ဘယ္ေနရာမွာလဲဆိုေတာ့ စံျပရြာနဲ႔ကပ္လ်က္ ေအာင္ရာေက်းရြာမွာ ျဖစ္တာဗ်။ ေအာင္ရာရြာထဲမွာလို႔ေတာင္ ေျပာလို႔ရတယ္။ လမ္းမႀကီးေဘးမွာေပ့ါ။ ခန႔္မွန္းေတာ့ ၈ နာရီေလာက္ကေန ျဖစ္တာ။ မနက္ ၈ နာရီေလာက္ကေန ျဖစ္တာေပါ့။ စစ္ေၾကာင္းကို ဆြဲမိုင္းနဲ႔တိုက္တယ္လို႔ သေဘာရတယ္။ အသံၾကားၿပီး ပစ္ၾကတာေပါ့ ႏွစ္ဖက္။ နာရီဝက္ေလာက္ေတာ့ ပစ္ခတ္ၾကတာေပါ့ေနာ။ စစ္တပ္ရယ္၊ ျပည္သူ႔စစ္ရယ္ ေပါင္းၿပီးေတာ့မွ ဒီဘက္က KIA လက္နက္ကိုင္တပ္ဖြဲ႔က တိုက္ၾကတာေပါ့။”

ေသာၾကာေန႔ညေန ၅ နာရီေလာက္ကလည္း ဝါရာဇြပ္ရြာအနီး မိုးေကာင္းေခ်ာင္းက ေဒသအေခၚ တ႐ုတ္တံတားအနီးမွာလည္း စစ္ေကာင္စီစစ္ေၾကာင္းကို KIA က မိုင္းခြဲတိုက္ခိုက္ခဲ့တာေၾကာင့္ တိုက္ပြဲျဖစ္ခဲ့ပါတယ္။

မေန႔နဲ႔ ဒီကေန႔မနက္ တိုက္ပြဲျဖစ္ပြါးခ်ိန္ စစ္ေကာင္စီတပ္ဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေတြဟာ ဝါရာဇြပ္ရြာမွာ က်ေရာက္ၿပီး ရြာသား ၂ ဦး ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔လည္း ေျပာပါတယ္။

“မေန႔တုန္းက အဲဒီ တ႐ုတ္တံတားမွာ ျဖစ္တဲ့အခါ တေယာက္ထိတယ္တဲ့။ ေနာက္ ဒီမနက္ ဒီမွာျဖစ္တဲ့အခါ လက္နက္ႀကီးနဲ႔ လွမ္းပစ္ေတာ့ တေယာက္ထိတယ္၊ ႏွစ္ေယာက္ထိတယ္ ေျပာတယ္။ ရြာသားေပါ့ေနာ္။ အဲဒါေတာ့။ ဝါရာဇြပ္ရြာသားေတြ ထိတယ္ေျပာတယ္။ ဝါရာဇြပ္ရြာသား ၂ ေယာက္ထိတယ္။ ဒီမွာ ၂၉၇ ရွိတာေပါ့။ ၂၉၇ က ရွဒူဇြပ္မွာဆိုေတာ့ အဲဒီတပ္ကုန္းကေန ပစ္တဲ့ဟာ အဲဒီဘက္ကို သြားက်တာ။”

ထိခိုက္ဒဏ္ရာရသူေတြဟာ အသက္ ၄၅ ႏွစ္အရြယ္ အမ်ိဳးသားတဦးနဲ႔ အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလးတဦးျဖစ္တယ္လို႔ ေနာက္ေဒသခံတဦးက ေျပာပါတယ္။

“ဝါရာဇြပ္ေက်းရြာဘက္ကို စစ္တပ္ဘက္က လက္နက္ႀကီး ပစ္ထည့္လိုက္တဲ့ အတြက္ေၾကာင့္မို႔ ေနအိမ္ထဲ က်တဲ့အခါက်ေတာ့ ၄၅ ႏွစ္အရြယ္ ဦးေဇာ္ဖန္း ေျခေထာက္၊ ေပါင္ အဲဒီမွာ ဒဏ္ရာအႀကီးအက်ယ္ ရသြားတယ္တဲ့။ ေနာက္တခုက အဲဒီ မေခါန္ထြယ္ ၁၂ ႏွစ္သမီး သူတို႔အိမ္မွာ က်တဲ့အခါက်ေတာ့ သူ ထိခိုက္သြားတာေပါ့။ သူက လက္ထိသြားတယ္တဲ့။ လက္ေခ်ာင္းေတြ ျပတ္သြားတယ္လို႔ ေျပာတာပဲ။”

၂ ရက္တာ တိုက္ပြဲအတြင္း စစ္ေကာင္စီနဲ႔ KIA ဘက္က ထိခိုက္ေသဆုံးတဲ့ အေျခအေနကိုေတာ့ မသိရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့အပတ္အတြင္းကေတာ့ ဖားကန႔္ၿမိဳ႕နယ္ လဝါးေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ခဲ့တာေၾကာင့္ ခြန္ဆိုင္ယန္ရြာသား ၃၀၀ ေလာက္ဟာ လဝါးရြာကို တိမ္းေရွာင္ေနၾကရၿပီး ေဆးဝါးနဲ႔ ရိကၡာ အခက္အခဲ ရွိေနၾကပါတယ္။

စက္တင္ဘာလ ဒုတိယပတ္အတြင္းက တႏုိင္းနဲ႔ ရွင္ေဗြယန္အၾကားက စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျပင္းထန္ခဲ့တာပါ။ ေနာက္ပိုင္းမွာ တႏိုင္းဘက္ကို စစ္ေကာင္စီစစ္ေၾကာင္းေတြ ခ်ီတက္လာတဲ့ေနာက္ လီဒိုလမ္းမႀကီးတေလွ်ာက္ မိုးေကာင္း၊ ဖားကန႔္နဲ႔ တႏိုင္းၿမိဳ႕နယ္ေတြအတြင္းမွာ မိုင္းခြဲတိုက္ခိုက္တာနဲ႔ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြါးလာခဲ့တာ ျဖစ္ပါတယ္။ ကခ်င္ လီဒိုလမ္းမေပၚက အခုတိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကချင် လီဒိုလမ်းမပေါ် တိုက်ပွဲကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးမှာ ဒီကနေ့မနက်လည်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ဝါရာဇွပ်ကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျတာကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ လီဒိုလမ်းမကြီးပေါ်က တိုက်ပွဲ နောက်ဆုံးအခြေအနေ ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီကနေ့မနက် တိုက်ပွဲဖြစ်ခဲ့တာကတော့ ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်က ဝါရာဇွပ်ကျေးရွာအုပ်စု အောင်ရာရွာမှာ စစ်ကောင်စီတပ်နဲ့ စံပြရွာ ပြည်သူ့စစ်အဖွဲ့တွေကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဲဒီနောက်မှာ ပစ်ခတ်တာတွေ ဖြစ်ခဲ့တာပါ။

မိုင်းကွဲပြီးတဲ့နောက် နာရီဝက်ကြာလောက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဘယ်နေရာမှာလဲဆိုတော့ စံပြရွာနဲ့ကပ်လျက် အောင်ရာကျေးရွာမှာ ဖြစ်တာဗျ။ အောင်ရာရွာထဲမှာလို့တောင် ပြောလို့ရတယ်။ လမ်းမကြီးဘေးမှာပေ့ါ။ ခန့်မှန်းတော့ ၈ နာရီလောက်ကနေ ဖြစ်တာ။ မနက် ၈ နာရီလောက်ကနေ ဖြစ်တာပေါ့။ စစ်ကြောင်းကို ဆွဲမိုင်းနဲ့တိုက်တယ်လို့ သဘောရတယ်။ အသံကြားပြီး ပစ်ကြတာပေါ့ နှစ်ဖက်။ နာရီဝက်လောက်တော့ ပစ်ခတ်ကြတာပေါ့နော။ စစ်တပ်ရယ်၊ ပြည်သူ့စစ်ရယ် ပေါင်းပြီးတော့မှ ဒီဘက်က KIA လက်နက်ကိုင်တပ်ဖွဲ့က တိုက်ကြတာပေါ့။”

သောကြာနေ့ညနေ ၅ နာရီလောက်ကလည်း ဝါရာဇွပ်ရွာအနီး မိုးကောင်းချောင်းက ဒေသအခေါ် တရုတ်တံတားအနီးမှာလည်း စစ်ကောင်စီစစ်ကြောင်းကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

မနေ့နဲ့ ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွါးချိန် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဝါရာဇွပ်ရွာမှာ ကျရောက်ပြီး ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ပြောပါတယ်။

“မနေ့တုန်းက အဲဒီ တရုတ်တံတားမှာ ဖြစ်တဲ့အခါ တယောက်ထိတယ်တဲ့။ နောက် ဒီမနက် ဒီမှာဖြစ်တဲ့အခါ လက်နက်ကြီးနဲ့ လှမ်းပစ်တော့ တယောက်ထိတယ်၊ နှစ်ယောက်ထိတယ် ပြောတယ်။ ရွာသားပေါ့နော်။ အဲဒါတော့။ ဝါရာဇွပ်ရွာသားတွေ ထိတယ်ပြောတယ်။ ဝါရာဇွပ်ရွာသား ၂ ယောက်ထိတယ်။ ဒီမှာ ၂၉၇ ရှိတာပေါ့။ ၂၉၇ က ရှဒူဇွပ်မှာဆိုတော့ အဲဒီတပ်ကုန်းကနေ ပစ်တဲ့ဟာ အဲဒီဘက်ကို သွားကျတာ။”

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦးဖြစ်တယ်လို့ နောက်ဒေသခံတဦးက ပြောပါတယ်။

“ဝါရာဇွပ်ကျေးရွာဘက်ကို စစ်တပ်ဘက်က လက်နက်ကြီး ပစ်ထည့်လိုက်တဲ့ အတွက်ကြောင့်မို့ နေအိမ်ထဲ ကျတဲ့အခါကျတော့ ၄၅ နှစ်အရွယ် ဦးဇော်ဖန်း ခြေထောက်၊ ပေါင် အဲဒီမှာ ဒဏ်ရာအကြီးအကျယ် ရသွားတယ်တဲ့။ နောက်တခုက အဲဒီ မခေါန်ထွယ် ၁၂ နှစ်သမီး သူတို့အိမ်မှာ ကျတဲ့အခါကျတော့ သူ ထိခိုက်သွားတာပေါ့။ သူက လက်ထိသွားတယ်တဲ့။ လက်ချောင်းတွေ ပြတ်သွားတယ်လို့ ပြောတာပဲ။”

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ KIA ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကတော့ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ခွန်ဆိုင်ယန်ရွာသား ၃၀၀ လောက်ဟာ လဝါးရွာကို တိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ ရိက္ခာ အခက်အခဲ ရှိနေကြပါတယ်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းက တနိုင်းနဲ့ ရှင်ဗွေယန်အကြားက စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။ နောက်ပိုင်းမှာ တနိုင်းဘက်ကို စစ်ကောင်စီစစ်ကြောင်းတွေ ချီတက်လာတဲ့နောက် လီဒိုလမ်းမကြီးတလျှောက် မိုးကောင်း၊ ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေအတွင်းမှာ မိုင်းခွဲတိုက်ခိုက်တာနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာ ဖြစ်ပါတယ်။ ကချင် လီဒိုလမ်းမပေါ်က အခုတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG