သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ တႏိုင္းေဒသမွာ KIO နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္


မိုင္ဂ်ာယန္ေဒသက KIA ကင္းပုန္းတခု (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ တႏိုင္းနဲ႔ ရွင္ေဗြယန္ၿမိဳ႕အၾကားမွာ ဒီကေန႔ မနက္က စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားၿပီး စစ္ေရး တင္းမာမႈေတြ ရွိေနပါတယ္။ ဒီရက္ပိုင္းမွာပဲ KIO ဌာခ်ဳပ္ လိုင္ဇာအနီးမွာ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈေတြ ရွိေၾကာင္း သတင္းေတြ ထြက္ေပၚေနၿပီး KIO ဘက္ကေတာ့ အေျခအေနဟာ ပုံမွန္အတိုင္းရွိေနေၾကာင္း ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္က ေနာက္ဆုံးအေျခအေန ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။

ၿပီးခဲ့တဲ့ ရက္သတၱတစ္ပတ္အတြင္း ကခ်င္ျပည္နယ္မွာ တိုက္ပဲြေတြ ၿငိမ္သက္ေနခဲ့ရာက ဒီကေန႔ မနက္ပိုင္းမွာေတာ့ တႏိုင္းၿမိဳ႔နယ္ လီဒိုလမ္းမၾကီးေပၚမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပဲြေတြ ျပန္လည္ျဖစ္လာတာပါ။

လက္ရိွ တိုက္ပဲြျဖစ္ပြားတဲ့ေနရာဟာ တႏိုင္းနဲ႔ ရွင္ေဗြယန္အၾကားမွာျဖစ္ေၾကာင္း တႏိုင္းေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။

“ အဲဒီ တႏိုင္းအလြန္ ရွင္လံုဂါးနဲ႔ လဂ်ားဘြမ္ ၾကားမွာ ဒီမနက္ ၂ဖက္အဖြဲ႔ေတြ ေတြ႔ၾကၿပီးမွ တိုက္ပဲြျဖစ္ၾကတယ္လို႔ေတာ့ ရြာက လူေတြ ဖုန္းဆက္လာတာေတာ့ ဟုတ္တယ္။ စစ္ေကာင္စီဘက္က တပ္သားေတြ ရွင္ေဗြယန္ဘက္ကို သြားတာ၊ အဲဒီစစ္ေၾကာင္းကို ၾကားျဖတ္ ၾကားျဖတ္ေပါ့ေနာ္။ ၿခံဳခိုတုိက္တာမ်ိဳးေပါ့။ အဲလုိမ်ိဳးေတြ ျဖစ္တယ္လို႔ ေျပာတယ္ က်ေနာ္ေမးၾကည့္ေတာ့။ အေျခအေနကေတာ့ တင္းမာေနတာေပါ့ေနာ္။ ရြာသားေတြေတာင္ ေၾကာက္လို႔ ဘုရားေက်ာင္းေတြ ဘာေတြမွာေတာင္ စုေနတယ္လုိ႔ ေျပာတယ္။”

ေလာေလာဆည္မွာ ကားအသြားအလာေတြကို ပိတ္ပင္ထားေၾကာင္းလည္း ေျပာပါတယ္။

ကခ်င္သတင္းမီဒီယာေတြမွာေတာ့ ရွင္ေဗြယန္ဘက္ကို တက္လာတဲ့ စစ္ေကာင္စီတပ္ကို မနက္ ၁၀နာရီ ေလာက္မွာ KIA က မိုင္းခဲြတိုက္ခိုက္တာျဖစ္ေၾကာင္း နဲ႔ KIO ဌာခ်ဳပ္ လိုင္ဇာဘက္ကိုလည္း ေဒါ့ဖုန္းယန္ ဘက္က စစ္ေကာင္စီတပ္အင္အား ၂၀၀ေလာက္ ထြက္ခြာသြားေၾကာင္း သတင္းေတြ ေဖာ္ျပထားပါတယ္။

ေဒ့ါဖုန္းယန္ဘက္က ေဒသခံေတြကေတာ့ ၿမိဳ႔တြင္း ေဆးရံု၊ ေက်ာင္း စတာေတြမွာ တပ္စဲြထားတဲ့ စစ္ေကာင္စီတပ္ေတြ ၿမိဳ႔ ျပင္ဘက္ကို ေရႊ႔ေျပာင္းတာေတြ ရိွေနေၾကာင္း ေျပာပါတယ္။

“ ဒီမနက္ကေတာ့ ဒီဘက္ကလူေတြ နည္းနည္းလႈပ္ရွားေနတယ္။ လႈပ္ရွားတာ ခါတိုင္းဆို ေဆးရံုမွာရိွတယ္။ ေထြအုပ္ရုံးမွာ ရိွတယ္။ အခု မရိွထားဘူး။ မရိွထားဘူးဆိုတာ အခုက ရြာျပင္ဘက္ နည္းနည္း ၊ ရြာအထြက္ အေရွ႔၊ အေနာက္၊ ေတာင္၊ ေျမာက္ေပါ့ သူတို႔က လံုၿခဳံေရးယူထားတာ။”

အျခားေဒသခံေတြကေတာ့ ဒီရက္ပိုင္းမွာ ေဒါ့ဖုန္းယန္နဲ႔ မိုးေမာက္ၾကားမွာ လမ္းလံုၿခံဳေရးခ်ထားၿပီး ရိကၡာတင္ကားေတြ ျဖတ္သန္းသြားေတြရိွေၾကာင္း ေျပာပါတယ္။

KIO ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗုိလ္မႈးၾကီးေနာ္ဘူကေတာ့ တႏိုင္းဘက္ တိုက္ပဲြျဖစ္တာ ဟုတ္မွန္ေၾကာင္း အခုလို အတည္ျပဳ ေျပာဆိုပါတယ္။

“ အဲဒီဘက္ တိုက္ပဲြျဖစ္တယ္ဆုိတာ မွန္ပါတယ္။ လဂ်ာဘြမ္ ဆိုတဲ့ေနရာျဖစ္ပါတယ္။ KIA နဲ႔ တိုက္ပဲြျဖစ္တာျဖစ္ပါတယ္။ ဒါေပမဲ့ ေျမျပင္က အေသးစိတ္သတင္းေတြကေတာ့ ဘာမွ မၾကားပါဘူး။ တပ္စခန္းေတြကို သိမ္းတဲ့ တိုက္ပဲြေတြကေတာ့ မဟုတ္ပါဘူး။ ထိေတြ႔ရင္ဆိုင္တုိက္ပဲြျဖစ္ပါတယ္။”

ေဒ့ါဖုန္းယန္ဘက္မွာ စစ္ေကာင္စီတပ္သား ၂၀၀ေလာက္ လိုင္ဇာဘက္ကို တက္လာတဲ့ သတင္းေတာ့ မၾကားသိေၾကာင္း နဲ႔ လိုင္ဇာဘက္မွာ ပံုမွန္အတိုင္းရိွေနေၾကာင္း အခုလို ဆက္ ေျပာပါတယ္။

“ က်ေနာ္တို႔ တပ္ပိုင္းဆိုင္ရာ သတင္းကေတာ့ ဘာမွ သတင္း မထြက္ဘူးခင္ဗ်။ ပံုမွန္ပဲ ျဖစ္ပါတယ္။ ဘာမွ ထူးထူးျခားျခားေတာ့ မရိွပါဘူး။”

မိုးေမာက္ၿမိဳ႔နယ္ ေဒ့ါဖုန္းယန္အနီးက အေလာ့ဘြန္တပ္စခန္းကို KIA က မတ္လအတြင္းမွာ သိမ္းယူခဲ့ပါတယ္။ အဲဒီေနာက္ ဧၿပီလအတြင္း မုိးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္၊ ကုန္းေလာ စတဲ့ေက်းရြာေတြအနီးမွာ တုိက္ပဲြေတြ ျပင္းထန္ခဲ့တာပါ။ လက္ရိွ မိုးတြင္းကာလမွာ မိုးေမာက္ၿမိဳ႔နယ္အတြင္း ၿငိမ္သက္ေနေပမဲ့ ပြင့္လင္းရာသီမွာ တိုက္ပဲြေတြ ျပန္လည္ျဖစ္လာမွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


ကချင် တနိုင်းဒေသမှာ KIO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

(Unicode)

ကချင်ပြည်နယ် တနိုင်းနဲ့ ရှင်ဗွေယန်မြို့အကြားမှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ KIO ဌာချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး KIO ဘက်ကတော့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေ ကိုအောင်မြတ်သူ ပြောပြပါမယ်။

ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဒီကနေ့ မနက်ပိုင်းမှာတော့ တနိုင်းမြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်လာတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တနိုင်းနဲ့ ရှင်ဗွေယန်အကြားမှာဖြစ်ကြောင်း တနိုင်းဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ အဲဒီ တနိုင်းအလွန် ရှင်လုံဂါးနဲ့ လဂျားဘွမ် ကြားမှာ ဒီမနက် ၂ဖက်အဖွဲ့တွေ တွေ့ကြပြီးမှ တိုက်ပွဲဖြစ်ကြတယ်လို့တော့ ရွာက လူတွေ ဖုန်းဆက်လာတာတော့ ဟုတ်တယ်။ စစ်ကောင်စီဘက်က တပ်သားတွေ ရှင်ဗွေယန်ဘက်ကို သွားတာ၊ အဲဒီစစ်ကြောင်းကို ကြားဖြတ် ကြားဖြတ်ပေါ့နော်။ ခြုံခိုတိုက်တာမျိုးပေါ့။ အဲလိုမျိုးတွေ ဖြစ်တယ်လို့ ပြောတယ် ကျနော်မေးကြည့်တော့။ အခြေအနေကတော့ တင်းမာနေတာပေါ့နော်။ ရွာသားတွေတောင် ကြောက်လို့ ဘုရားကျောင်းတွေ ဘာတွေမှာတောင် စုနေတယ်လို့ ပြောတယ်။”

လောလောဆည်မှာ ကားအသွားအလာတွေကို ပိတ်ပင်ထားကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းမီဒီယာတွေမှာတော့ ရှင်ဗွေယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို မနက် ၁၀နာရီ လောက်မှာ KIA က မိုင်းခွဲတိုက်ခိုက်တာဖြစ်ကြောင်း နဲ့ KIO ဌာချုပ် လိုင်ဇာဘက်ကိုလည်း ဒေါ့ဖုန်းယန် ဘက်က စစ်ကောင်စီတပ်အင်အား ၂၀၀လောက် ထွက်ခွာသွားကြောင်း သတင်းတွေ ဖော်ပြထားပါတယ်။

ဒေ့ါဖုန်းယန်ဘက်က ဒေသခံတွေကတော့ မြို့တွင်း ဆေးရုံ၊ ကျောင်း စတာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မြို့ ပြင်ဘက်ကို ရွှေ့ပြောင်းတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ဒီမနက်ကတော့ ဒီဘက်ကလူတွေ နည်းနည်းလှုပ်ရှားနေတယ်။ လှုပ်ရှားတာ ခါတိုင်းဆို ဆေးရုံမှာရှိတယ်။ ထွေအုပ်ရုံးမှာ ရှိတယ်။ အခု မရှိထားဘူး။ မရှိထားဘူးဆိုတာ အခုက ရွာပြင်ဘက် နည်းနည်း ၊ ရွာအထွက် အရှေ့၊ အနောက်၊ တောင်၊ မြောက်ပေါ့ သူတို့က လုံခြုံရေးယူထားတာ။”

အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်ကြားမှာ လမ်းလုံခြုံရေးချထားပြီး ရိက္ခာတင်ကားတွေ ဖြတ်သန်းသွားတွေရှိကြောင်း ပြောပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ တနိုင်းဘက် တိုက်ပွဲဖြစ်တာ ဟုတ်မှန်ကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။

“ အဲဒီဘက် တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်။ လဂျာဘွမ် ဆိုတဲ့နေရာဖြစ်ပါတယ်။ KIA နဲ့ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်က အသေးစိတ်သတင်းတွေကတော့ ဘာမှ မကြားပါဘူး။ တပ်စခန်းတွေကို သိမ်းတဲ့ တိုက်ပွဲတွေကတော့ မဟုတ်ပါဘူး။ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပါတယ်။”

ဒေ့ါဖုန်းယန်ဘက်မှာ စစ်ကောင်စီတပ်သား ၂၀၀လောက် လိုင်ဇာဘက်ကို တက်လာတဲ့ သတင်းတော့ မကြားသိကြောင်း နဲ့ လိုင်ဇာဘက်မှာ ပုံမှန်အတိုင်းရှိနေကြောင်း အခုလို ဆက် ပြောပါတယ်။

“ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ သတင်းကတော့ ဘာမှ သတင်း မထွက်ဘူးခင်ဗျ။ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။”

မိုးမောက်မြို့နယ် ဒေ့ါဖုန်းယန်အနီးက အလော့ဘွန်တပ်စခန်းကို KIA က မတ်လအတွင်းမှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ လက်ရှိ မိုးတွင်းကာလမှာ မိုးမောက်မြို့နယ်အတွင်း ငြိမ်သက်နေပေမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG