သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဒသခံ ၂၄၀,၀၀၀ အိုးအိမ္စြန႔္ခြာရ


ပစ္ခတ္မႈေတြေၾကာင့္ ထြက္ေျပးေနရတဲ့ မင္းတပ္ေဒသခံမ်ား။

(Zawgyi / Unicode)

ျမန္မာစစ္အာဏာသိမ္းအၿပီး လူေပါင္း ၂၄၀,၀၀၀ နီးပါး ေနအိမ္စြန္႔ ထြက္ေျပးခဲ့ရၿပီး လူသားခ်င္း စာနာမႈဆိုင္ရာကပ္ေဘး ဆိုက္ေနၿပီလို႔ ကုလသမဂၢအဖြဲ႔တခုက ထုတ္ျပန္လိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းအၿပီး စစ္ပြဲပဋိပကၡေတြ ဆိုးဝါးလာတာေၾကာင့္ မေကြး၊ စစ္ကိုင္းတိုင္း၊ ခ်င္း၊ ကယားနဲ႔ ရွမ္းျပည္နယ္ေတြမွာ လူေတြ ဒုကၡေရာက္ ထြက္ေျပးေနရကာ အကူအညီေတြ ပိုလိုလာေနၿပီလို႔ ကုလ လူသားခ်င္းစာနာမႈ အကူအညီအဖြဲ႔က မေန႔က ထုတ္ျပန္လိုက္ပါတယ္။ အကူအညီအဖြဲ႔ေတြ သြားခြင့္မရတာေၾကာင့္ တကယ့္လူအေရအတြက္ ရဖို႔ေတာ့ ခက္တယ္လို႔ ဆိုပါတယ္။

UNOCHA လို႔ အတိုေကာက္ေခၚတဲ့ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညိႇႏိႈင္းေရးမွဴး႐ုံး ထုတ္ျပန္ခ်က္အရ စစ္ပြဲအၾကမ္းဖက္မႈေတြ ပိုဆိုးဝါးလာၾကတဲ့ မေကြးတိုင္း ၿမိဳ႕နယ္ေတြမွာ လူေပါင္း ခန္႔မွန္းေခ် ၆၃,၀၀၀၊ စစ္ကိုင္းတိုင္းမွာ ၁၂,၀၀၀ ေက်ာ္ လက္ရွိ ထြက္ေျပးေနရတယ္လို႔ ဆိုပါတယ္။

စစ္ကိုင္းတိုင္းမွာဆိုရင္ ေခ်ာင္းဦးၿမိဳ႕က ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြကို ဒီတိုင္းထဲ ပထမဆံုး ေလေၾကာင္းတိုက္ခိုက္မႈ ၿပီးခဲ့တဲ့လက အႀကီးအက်ယ္ လုပ္ခဲ့တာေၾကာင့္ အရပ္သားေတြ အမ်ားႀကီး ေသခဲ့ရတယ္လို႔ ေထာက္ျပခဲ့ပါတယ္။

စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္မွာ စစ္ပြဲေတြျဖစ္ခဲ့ရာမွာ ကနီ၊ ေျမာင္၊ ဒီပဲယင္း၊ ေရႊဘိုနဲ႔ ယင္းမာပင္ေတြမွာလည္း အေတာ္ဆိုးခဲ့တယ္လို႔ ဆိုပါတယ္။ မေကြးမွာလည္း ၿမိဳ႕မ်ားစြာထဲ ဂန္႔ေဂါ၊ ၿမိဳင္၊ ေပါက္နဲ႔ ေဆာၿမိဳ႕နယ္ေတြမွာ အဆိုးဆံုးျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

အလားတူ ခ်င္းျပည္နယ္ဘက္က ၿမိဳ႕မ်ားစြာမွာလည္း ျမန္မာစစ္တပ္နဲ႔ PDF ေတြ တိုက္ပြဲ ပိုျမင့္မားလာေနၿပီး စက္တင္ဘာ ၁၃ ရက္ေန႔အထိဆိုရင္ လူေပါင္း ၁၂,၀၀၀ နီးပါး ထြက္ေျပးေနရတယ္၊ ထန္တလန္မွာ ေလေၾကာင္းက တိုက္ခံခဲ့ရတယ္လို႔ ေဖာ္ျပထားပါတယ္။

ကယားျပည္နယ္နဲ႔ ဆက္စပ္ ရွမ္းျပည္ေတာင္ပိုင္း ၿမိဳ႕ေတြမွာလည္း အလားတူ တိ္ုက္ပြဲေတြေၾကာင့္ လူေပါင္း ၁၄၂,၀၀၀ ေက်ာ္ ထြက္ေျပးေနရဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံ ၂၄၀,၀၀၀ အိုးအိမ်စွန့်ခွာရ

မြန်မာစစ်အာဏာသိမ်းအပြီး လူပေါင်း ၂၄၀,၀၀၀ နီးပါး နေအိမ်စွန့် ထွက်ပြေးခဲ့ရပြီး လူသားချင်း စာနာမှုဆိုင်ရာကပ်ဘေး ဆိုက်နေပြီလို့ ကုလသမဂ္ဂအဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီး စစ်ပွဲပဋိပက္ခတွေ ဆိုးဝါးလာတာကြောင့် မကွေး၊ စစ်ကိုင်းတိုင်း၊ ချင်း၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ လူတွေ ဒုက္ခရောက် ထွက်ပြေးနေရကာ အကူအညီတွေ ပိုလိုလာနေပြီလို့ ကုလ လူသားချင်းစာနာမှု အကူအညီအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အကူအညီအဖွဲ့တွေ သွားခွင့်မရတာကြောင့် တကယ့်လူအရေအတွက် ရဖို့တော့ ခက်တယ်လို့ ဆိုပါတယ်။

UNOCHA လို့ အတိုကောက်ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ထုတ်ပြန်ချက်အရ စစ်ပွဲအကြမ်းဖက်မှုတွေ ပိုဆိုးဝါးလာကြတဲ့ မကွေးတိုင်း မြို့နယ်တွေမှာ လူပေါင်း ခန့်မှန်းချေ ၆၃,၀၀၀၊ စစ်ကိုင်းတိုင်းမှာ ၁၂,၀၀၀ ကျော် လက်ရှိ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် ချောင်းဦးမြို့က ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ဒီတိုင်းထဲ ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ပြီးခဲ့တဲ့လက အကြီးအကျယ် လုပ်ခဲ့တာကြောင့် အရပ်သားတွေ အများကြီး သေခဲ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၁၈ မြို့နယ်မှာ စစ်ပွဲတွေဖြစ်ခဲ့ရာမှာ ကနီ၊ မြောင်၊ ဒီပဲယင်း၊ ရွှေဘိုနဲ့ ယင်းမာပင်တွေမှာလည်း အတော်ဆိုးခဲ့တယ်လို့ ဆိုပါတယ်။ မကွေးမှာလည်း မြို့များစွာထဲ ဂန့်ဂေါ၊ မြိုင်၊ ပေါက်နဲ့ ဆောမြို့နယ်တွေမှာ အဆိုးဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ချင်းပြည်နယ်ဘက်က မြို့များစွာမှာလည်း မြန်မာစစ်တပ်နဲ့ PDF တွေ တိုက်ပွဲ ပိုမြင့်မားလာနေပြီး စက်တင်ဘာ ၁၃ ရက်နေ့အထိဆိုရင် လူပေါင်း ၁၂,၀၀၀ နီးပါး ထွက်ပြေးနေရတယ်၊ ထန်တလန်မှာ လေကြောင်းက တိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကယားပြည်နယ်နဲ့ ဆက်စပ် ရှမ်းပြည်တောင်ပိုင်း မြို့တွေမှာလည်း အလားတူ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၄၂,၀၀၀ ကျော် ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG