သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီပတ်ဝန်းကျင် ကျေးရွာ ၁၁ ရွာ အိုးအိမ်စွန့် ထွက်ပြေးနေရ


This photo taken and received courtesy of an anonymous source on May 7, 2021 shows villagers from King village sitting under a shelter in the open after they fled fighting that broke out between fellow villagers and the Myanmar military in Kani township,
This photo taken and received courtesy of an anonymous source on May 7, 2021 shows villagers from King village sitting under a shelter in the open after they fled fighting that broke out between fellow villagers and the Myanmar military in Kani township,


{Zawgyi/Unicode}

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ဘက်က ရွာတွေမှာ စစ်တပ်က ရှာဖွေဖမ်းဆီးနေလို့ ကျေးရွာ ၁၁ ရွာထက်မနည်းက ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူတွေလည်းရှိပါတယ်။ မနေ့က မင်းကင်းဘက်မှာလည်း တိုက်ပွဲရှိခဲ့ပါတယ်။
ဒီအခြေအနေတွေစုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုကပြောပြပါမယ်။

ကနီမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ခြမ်းက ကုန်းချောင်းရွာ၊ ကွေ့ချောင်းရွာ၊ ကျောက်မှော်ရွာ၊ ဆုံချောင်းရွာ၊ ဂူကြားရွာ၊ တံဖိုရွာ၊ ပန်သိမ်ကျဉ်ရွာ၊ ကျွန်းပေါ်ရွာ၊ နှော်ပင်ရွာ၊ ကျောက်ကုန်းရွာ၊ အင်းပတ်ရွာနဲ့ ကံဖူးရွာတွေက ဒေသခံတွေ စက်တင်ဘာ ၃၀ ရက် မနေ့ ညနေကနေစပြီး ထွက်ပြေးနေရတာပါ။ အဲ့ဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က အင်အားအများအပြားနဲ့ လှည့်ပတ်သွားလာနေပြီး ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အိုးအိမ်စွန့်ထွက်ပြေးနေရသူတွေ အခက်အခဲတွေ့နေရတဲ့အကြောင်း ကျောက်မှော်ရွာခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“သက်ကြီးရွယ်အိုတွေ အများကြီးအခက်အခဲတွေ ရှိပါတယ်ရှင့် ဒီဘက်မှာ၊ ပြီးတော့ ကျမတို့ဆီမှာ မိုးတွေတအား ရွာပါတယ်။ မိုးထဲရေထဲမှာ ရွှံ့ နဲ့ ဗွက်ထဲမှာ သွားရလာရ ပြေးရလွှားရနဲ့ အခက်အခဲတွေ အများကြီးကြုံရပါတယ်ရှင့်၊ အလုပ်လက်မဲ့အခြေအနေနဲ့ ထွက်ပြေးတိမ်ရှောင်နေရတော့ တချို့တော့ ထမင်းကို နပ်ပေါင်းပြီး စားရတာလေးလည်း ရှိပါတယ်ရှင့်။ တနေ့ကို နှစ်ကြိမ်မဟုတ်တော့ဘဲနဲ့ တစ်ကြိမ်ပဲ စားရတဲ့လူတွေလည်း ရှိပါတယ်ရှင့်။ တချို့ပြေးရင်းလွှားရင်းနဲ့ လုံးဝကို မစားရတော့တဲ့လူတွေလည်း ရှိပါတယ်ရှင့်။”

စစ်တပ်က ရွာထဲဝင်လာပြီး အိမ်တွေမွှေနှောက်ဖျက်စီးပြီး တွေ့တဲ့ရွာသားကို ဖမ်းဆီးရိုက်နှက်သလို ပန်သိမ် ကျဉ်ရွာ၊ ကျောက်မှော်ရွာနဲ့ ကုန်းချောင်းရွာမှာ ဒေသခံတချို့ကို လမ်းပြအဖြစ် ဖမ်းသွားတယ်လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“သေနတ်တွေကတော့ ဒီနေ့က ပစ်မသွားဘူးဗျ။ ဝင်လာတာ အဲ့ဒါ လှည့်ပတ်ပြီးတော့ သူတို့မွှေချင်တာတွေ မွှေ၊ အိမ်တအိမ်ကတော့ အကုန်လုံ းရိုက်ချိုးဖျက်စီးသွားတယ်၊ ကျန်တဲ့အိမ်တွေကတော့ ဈေးဆိုင်ကတော့ ဘီယာတွေ ဘာတွေ သူတို့အကုန်လုံးဝင်သောက်ပြီး သွားကြတာပဲရှိတယ်၊ အဲ့ … မိတဲ့လူတော့ ဖမ်းဆီးပြီးတော့ တယောက်ကတော့ အရိုက်ခံရတယ်။ သူတို့အိမ်ဖျက်တဲ့ အိမ်တွေ တွေ့တဲ့လူကတော့၊ ကျန်တဲ့လူတွေကတော့ မရိုက်ဘူး။ သူတို့လမ်းပြခေါ်တယ်လို့ ပြောပါတယ်၊ လမ်းပြခေါ်တဲ့လူက ၆ ယောက်ရှိတယ်။”

“သက်ကြီးရွယ်အိုတွေ...မိုးထဲရေထဲမှာ ရွှံ့နဲ့ဗွက်ထဲမှာ သွားရလာရ ပြေးရလွှားရနဲ့ အခက်အခဲတွေ အများကြီးကြုံရပါတယ်ရှင့်။ တချို့တော့ ထမင်းကို နပ်ပေါင်းပြီး တနေ့ကို နှစ်ကြိမ်မဟုတ်တော့ဘဲနဲ့ တကြိမ်ပဲ စားရတဲ့လူတွေလည်း ရှိပါတယ်ရှင့်။ လုံးဝကို မစားရတော့တဲ့လူတွေလည်း ရှိပါတယ်ရှင့်။” (ကျောက်မှော်ရွာခံ)


စက်တင်ဘာ ၃၀ ရက် မနေ့ကပဲ မင်းကင်းမြို့နယ်မှာလည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ မင်းကင်း PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“သံပေါက်ရွာနားမှာ တိုက်ပွဲဖြစ်တယ်ဗျ၊ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုတော့ရှိတယ်ဗျ၊ အဲဒီမှာတော့ ကျနော်တို့ဘက်ကော၊ သူ့ဘက်ကော အထိအခိုက်စာရင်းကတော့ မသိရဘူး။ နောက် ဒီနေ့လည် ၂ နာရီအချိန် မှာတော့ ပင်တင်းနဲ့ လချိတ်အနီးရွာကြားမှာ ပစ်ခတ်မှုထပ်ဖြစ်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ဘက်ကနေ သူတို့ဘက်ကို နှစ်ဘက်ဖြတ်ပြီးမှ လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ သူတို့ဘက်က တော်တော်ပြင်းထန်မှုဖြစ်သွားပြီးမှ ကျနော်တို့ဘက်ကတော့ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိတယ်။ သူတို့ဘက်ကတော့ အထိအခိုက်များတယ်လို့တော့ သိရတယ်။”

ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

မင်းကင်းမြို့နယ်မှာ စစ်တပ်က အင်အားတိုးချထားပြီး လှည့်ပတ်သွားလာနေပြီး ချင်းတွင်းမြစ်အရှေ့ခြမ်းက ဇင်ကလဲရွာ၊ သံပေါက်ရွာ၊ မောက်ကတော်ရွာ၊ စနဗျင်းရွာ၊ ငါးနံသာရွာ၊ ပိတ်ချင်းတောရွာ၊ အင်ပင်လှရွာနဲ့ ချင်းတွင်းမြစ်အနောက်ခြမ်းမှာ သင်တောရွာ၊ အုံနှံဘုတ်ရွာ၊ ညောင်ပင်သာရွာ၊ ဘင်းအနောက်တောရွာနဲ့ ကျောက်ခံတက်ရွာတွေ အိုးအိမ်စွန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

ကနီပတ်ဝန်းကျင် ကျေးရွာ ၁၁ ရွာ အိုးအိမ်စွန့် ထွက်ပြေးနေရ
please wait

No media source currently available

0:00 0:03:22 0:00
တိုက်ရိုက် လင့်ခ်


---------

{Unicode}















XS
SM
MD
LG