သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU တပ္မဟာ ၅ ေဒသ တိုက္ပြဲျပင္းထန္ေန


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။

(Zawgyi / Unicode)

ကရင္ျပည္နယ္အတြင္းက ကရင္အမ်ဳိးအသားအစည္းအ႐ံုး (KNU) တပ္မဟာ ၅ ထိန္းခ်ဳပ္ထားတဲ့ ဖာပြန္ခ႐ုိင္ (မူေၾတာ္ခ႐ုိင္) အတြင္းမွာ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ေနၿပီး ၿပိီးခဲ့တဲ့ရက္အတြင္းမွာ တေန႔တည္း တိုက္ပဲြ ၆ ႀကိမ္ ျဖစ္ခဲ့ၿပီး စစ္ေကာင္စီဘက္က အက်အဆံုးနဲ႔ ဒဏ္ရာရသူမ်ားေၾကာင္း တပ္မဟာ ၅ ဘက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ အဲဒီေနရာေတြမွာေတာ့ လူထုေတြဟာ ေန႔စဥ္ မလံုၿခံဳမႈေတြနဲ႔ ေနထုိင္ေနရတယ္လို႔လည္း ေဒသခံေတြက ဆိုပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ တင္ျပေပးထားပါတယ္။

စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္ တုိက္ပဲြေတြ ေန႔စဥ္နီးပါးျဖစ္ေနတဲ့ ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္ထဲမွာ ႏွစ္ဖက္ ရင္ဆိုင္တုိက္ပဲြေတြ ဒီရက္ထဲမွာ ပုိမုိျပင္းထန္လာပါတယ္။ စစ္ေကာင္စီနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ တပ္မဟာ ၅ တို႔ဟာ စက္တင္ဘာလ ၃၀ ရက္ေန႔ တေန႔တည္းမွာပဲ တိုက္ပဲြ ၆ ႀကိမ္ ျဖစ္ခဲ့ၿပီး စစ္ေကာင္စီဘက္က လူ ၂၀ ေက်ာ္ေလာက္ က်ဆုံးတယ္လို႔ တပ္မဟာ ၅ က ထုတ္ျပန္တဲ့ မူေၾတာ္သတင္းမွာ ပါရွိပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ကရင္သတင္းစဥ္ရဲ႕ အမႈေဆာင္အယ္ဒီတာခ်ဳပ္ နန္႔ေဖာေဂက အခုလိုေျပာျပပါတယ္။

“တပ္မဟာ ၅ လက္ေအာက္မွာရွိတဲ့ KNLA တပ္ရင္း ၁၀၂ နဲ႔ စစ္ေကာင္စီရဲ႕ စစ္ဆင္ေရးကြပ္ကဲမႈ စကခ ၈ လက္ေအာက္ခံ ခမရ ၄၀၈ ၾကားမွာျဖစ္တဲ့ တိုက္ပဲြလို႔ သတင္းမွာ ေဖာ္ျပတယ္။ ႏွစ္ဖက္ထိခိုက္မႈ ေဖာ္ျပခ်က္အရ စစ္ေကာင္စီက ၂၃ ဦး က်ဆံုးတယ္၊ ၃၀ ဦး ဒဏ္ရာရတယ္လို႔ ေျပာတယ္။ မူေၾတာ္သတင္းစဥ္ (တပ္မဟာ ၅) က ေဖာ္ျပတာကေတာ့ ဒဏ္ရာရသူေတြထဲမွာ တပ္ရင္းမွဴး ၂ ဦး ပါတယ္လုိ႔ေတာင္ ေဖာ္ျပထားတယ္။”

ကရင္ျပည္နယ္အတြင္း ႏွစ္ဖက္တိုက္ပဲြေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ ဒီရက္ပုိင္းမွာ ထူးထူးျခားျခား ေျပာဆုိထုတ္ျပန္တာ မရွိပါဘူး။ ဒါေပမယ့္လည္း ကရင္ျပည္နယ္ ေကာ့ကရိတ္၊ ဘားအံ၊ ျမဝတီ စတဲ့ေနရာေတြမွာေတာ့ လံုၿခံဳေရးေတြ ပိုၿပီး တင္းက်ပ္သလို စစ္ေဆးဖမ္းဆီးမႈေတြလည္း ရိွေနပါတယ္။

ကရင္ျပည္နယ္ ေက့ာကရိတ္ၿမိဳ႕နယ္ထဲမွာေတာ့ ေအာက္တုိဘာလ ၁ ရက္ေန႔က အေရွ႕ေတာင္တိုင္း တိုင္းမွဴးခရီးစဥ္ လုံၿခဳံေရးယူတဲ့ စစ္ယာဥ္တန္းကို DKBA တိုးတက္ေသာ ကရင္ဗုဒၶဘာသာတပ္ဖဲြ႔က ပစ္ခတ္ခဲ့လို႔ စစ္ေကာင္စီဘက္က ဗိုလ္ႀကီး ၁ ဦး အပါအဝင္ ၄ ဦးထက္မနည္း က်ဆံုးခဲ့ပါတယ္။

ကရင္ျပည္နယ္တခုလံုးက တပ္မဟာအသီးသီးမွာ တုိက္ပဲြေတြက ေနရာအႏွံ႔မွာ ျဖစ္ေနသလို လူထုေတြကလည္း မလံုၿခံဳမႈေတြ စိုးရိမ္ထိတ္လန္႔မႈေတြနဲ႔ ကတုတ္က်င္းေတြ ကင္းပုန္းေတြထဲ ေနရတာမ်ဳိး၊ ေဘးလြတ္ရာကို တိမ္းေရွာင္ရတာမ်ိဳးေတြကေတာ့ လနဲ႔ခ်ီၿပီး ဆက္တုိက္ျဖစ္ေနၿပီလုိ႔လည္း နန္႔ေဖာေဂက ေျပာျပပါတယ္။

“တိုက္ပဲြေတြျဖစ္ရင္ အသံၾကားရတာနဲ႔တင္ ေရွာင္ေနရတယ္။ အနည္းဆံုး တုိက္ပဲြမျဖစ္ရင္ေတာင္ စစ္ေၾကာင္းေတြ သြားေနရင္ကို ကင္းပုန္းထဲမွာ ပုန္းေနရတယ္။ အခ်ိန္မေရြး ျဖစ္ႏုိင္တဲ့အတြက္ ေဒသခံေတြက ႀကိဳတင္ၿပီး ပုန္းေနရတဲ့ အေနအထားေတြ ေနရာတိုင္းမွာ ျဖစ္ေနတယ္။ အလားတူပဲ တပ္မဟာ ၄ ဘက္မွာလည္း ရပ္ရြာထဲဝင္ၿပီး စစ္ေကာင္စီက ရြာထဲဝင္ၿပီး ေမႊေႏွာက္ရွာေဖြတာ၊ PDF ေတြသတင္း ၾကားတာနဲ႔ ဝင္လာတာေတြ၊ ရြာေတြဖ်က္ဆီးသြားတာေတြ ရွိတယ္။ အဲဒီလို အေနအထားေတြ။ ၿပီးခဲ့တဲ့ရက္ကေတာ့ တပ္မဟာ ၆ ဘက္မွာလည္း တိုက္ပဲြေတြရွိေတာ့ လူထုေတြကေတာ့ ကင္းပုန္းေတြထဲမွာပဲ ပုန္းေနရတယ္။”

KNU နဲ႔ ျမန္မာအစုိးရတုိ႔ဟာ ၂၀၁၂ ခုႏွစ္ထဲမွာ အပစ္အခတ္ ရပ္စဲခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ တႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကုိ လက္မွတ္ေရးထုိးထားပါတယ္။ NCA အတိုင္း လိုက္နာ လုပ္ေဆာင္မယ္ဆိုရင္ ပဋိပကၡ ျဖစ္စရာအေၾကာင္း မရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့လပိုင္းေတြတုန္းက ေျပာဆုိခဲ့သလို EAO တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြကိုလည္း မၾကာခန သတိေပးမႈေတြ လုပ္ခဲ့ပါတယ္။

ဒီရက္ပိုင္းလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ဆက္လုပ္သြားမွာျဖစ္ၿပီး တဖက္သတ္ အပစ္အခတ္ ရပ္စဲေရးကိုလည္း ေၾကညာထားပါတယ္။ ဒါေပမယ့္ တိုင္းနဲ႔ျပည္နယ္ တဝန္းလံုးမွာေတာ့ စစ္ေကာင္စီတပ္ေတြဟာ ကရင္၊ ကခ်င္၊ ကယား တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ေနသလို တျခား တိုင္းနဲ႔ျပည္နယ္ေတြက ေဒသခံ ေျပာက္က်ားေတြနဲ႔လည္း တိုက္ပဲြေတြ ျဖစ္ေပၚေနပါတယ္။

KNU တပ္မဟာ ၅ ေဒသ တိုက္ပြဲျပင္းထန္ေန
please wait

No media source currently available

0:00 0:04:03 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

KNU တပ်မဟာ ၅ ဒေသ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးအသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ဖာပွန်ခရိုင် (မူတြော်ခရိုင်) အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်အတွင်းမှာ တနေ့တည်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနဲ့ ဒဏ်ရာရသူများကြောင်း တပ်မဟာ ၅ ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေရာတွေမှာတော့ လူထုတွေဟာ နေ့စဉ် မလုံခြုံမှုတွေနဲ့ နေထိုင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် တင်ပြပေးထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ဒီရက်ထဲမှာ ပိုမိုပြင်းထန်လာပါတယ်။ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ တို့ဟာ စက်တင်ဘာလ ၃၀ ရက်နေ့ တနေ့တည်းမှာပဲ တိုက်ပွဲ ၆ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လူ ၂၀ ကျော်လောက် ကျဆုံးတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်တဲ့ မူတြော်သတင်းမှာ ပါရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကရင်သတင်းစဉ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် နန့်ဖောဂေက အခုလိုပြောပြပါတယ်။

“တပ်မဟာ ၅ လက်အောက်မှာရှိတဲ့ KNLA တပ်ရင်း ၁၀၂ နဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ ကြားမှာဖြစ်တဲ့ တိုက်ပွဲလို့ သတင်းမှာ ဖော်ပြတယ်။ နှစ်ဖက်ထိခိုက်မှု ဖော်ပြချက်အရ စစ်ကောင်စီက ၂၃ ဦး ကျဆုံးတယ်၊ ၃၀ ဦး ဒဏ်ရာရတယ်လို့ ပြောတယ်။ မူတြော်သတင်းစဉ် (တပ်မဟာ ၅) က ဖော်ပြတာကတော့ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး ၂ ဦး ပါတယ်လို့တောင် ဖော်ပြထားတယ်။”

ကရင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား ပြောဆိုထုတ်ပြန်တာ မရှိပါဘူး။ ဒါပေမယ့်လည်း ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံ၊ မြဝတီ စတဲ့နေရာတွေမှာတော့ လုံခြုံရေးတွေ ပိုပြီး တင်းကျပ်သလို စစ်ဆေးဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

ကရင်ပြည်နယ် ကေ့ာကရိတ်မြို့နယ်ထဲမှာတော့ အောက်တိုဘာလ ၁ ရက်နေ့က အရှေ့တောင်တိုင်း တိုင်းမှူးခရီးစဉ် လုံခြုံရေးယူတဲ့ စစ်ယာဉ်တန်းကို DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦးထက်မနည်း ကျဆုံးခဲ့ပါတယ်။

ကရင်ပြည်နယ်တခုလုံးက တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေက နေရာအနှံ့မှာ ဖြစ်နေသလို လူထုတွေကလည်း မလုံခြုံမှုတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကတုတ်ကျင်းတွေ ကင်းပုန်းတွေထဲ နေရတာမျိုး၊ ဘေးလွတ်ရာကို တိမ်းရှောင်ရတာမျိုးတွေကတော့ လနဲ့ချီပြီး ဆက်တိုက်ဖြစ်နေပြီလို့လည်း နန့်ဖောဂေက ပြောပြပါတယ်။

“တိုက်ပွဲတွေဖြစ်ရင် အသံကြားရတာနဲ့တင် ရှောင်နေရတယ်။ အနည်းဆုံး တိုက်ပွဲမဖြစ်ရင်တောင် စစ်ကြောင်းတွေ သွားနေရင်ကို ကင်းပုန်းထဲမှာ ပုန်းနေရတယ်။ အချိန်မရွေး ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေက ကြိုတင်ပြီး ပုန်းနေရတဲ့ အနေအထားတွေ နေရာတိုင်းမှာ ဖြစ်နေတယ်။ အလားတူပဲ တပ်မဟာ ၄ ဘက်မှာလည်း ရပ်ရွာထဲဝင်ပြီး စစ်ကောင်စီက ရွာထဲဝင်ပြီး မွှေနှောက်ရှာဖွေတာ၊ PDF တွေသတင်း ကြားတာနဲ့ ဝင်လာတာတွေ၊ ရွာတွေဖျက်ဆီးသွားတာတွေ ရှိတယ်။ အဲဒီလို အနေအထားတွေ။ ပြီးခဲ့တဲ့ရက်ကတော့ တပ်မဟာ ၆ ဘက်မှာလည်း တိုက်ပွဲတွေရှိတော့ လူထုတွေကတော့ ကင်းပုန်းတွေထဲမှာပဲ ပုန်းနေရတယ်။”

KNU နဲ့ မြန်မာအစိုးရတို့ဟာ ၂၀၁၂ ခုနှစ်ထဲမှာ အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပါတယ်။ NCA အတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခ ဖြစ်စရာအကြောင်း မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ပြောဆိုခဲ့သလို EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း မကြာခန သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒီရက်ပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး တဖက်သတ် အပစ်အခတ် ရပ်စဲရေးကိုလည်း ကြေညာထားပါတယ်။ ဒါပေမယ့် တိုင်းနဲ့ပြည်နယ် တဝန်းလုံးမှာတော့ စစ်ကောင်စီတပ်တွေဟာ ကရင်၊ ကချင်၊ ကယား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို တခြား တိုင်းနဲ့ပြည်နယ်တွေက ဒေသခံ ပြောက်ကျားတွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG