(Zawgyi/Unicode)
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္အာဏာသိမ္းလိုက္တာေၾကာင့္ ၂၀၁၅ ခုႏွစ္ကခ်ဳပ္ဆိုခဲ့တဲ့ တႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ပ်က္ျပယ္သြားၿပီလို႔ မွတ္ယူေၾကာင္း KNU Concerned Group က ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
CRPH/NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ရည္႐ြယ္ခ်က္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ေတြရဲ႕ ေတာ္လွန္ေရးရည္မွန္းခ်က္ ထပ္တူက်တာေၾကာင့္ NUG ကိုေထာက္ခံႀကိဳဆိုၿပီး အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ ႏိုင္ငံေရးနဲ႔ သံတမန္ေရး လႈပ္ရွားမႈေတြကို ပံ့ပိုးေဆာင္႐ြက္သြားမယ္လို႔လည္း ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ စစ္ေကာင္စီတပ္ေတြက ဆႏၵျပျပည္သူေတြ၊ ႏိုင္ငံေရးပါတီေတြ၊ သတင္းမီဒီယာေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြကို မတရား ဖမ္းဆီးသတ္ျဖတ္ေနတာ ေထာင္ေက်ာ္ေနၿပီျဖစ္သလို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ထိန္းခ်ဳပ္နယ္ေျမေတြကိုပါ ထိုးစစ္ေတြ ပိုလုပ္လာတယ္လို႔ ေရးသားထားပါတယ္။
ဒါေၾကာင့္ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရး တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ တညီတၫြတ္ထဲ ကူညီပံ့ပိုးၿပီး ေႏြဦးေတာ္လွန္ေရး တိုက္ပြဲဝင္ၾကဖို႔ KNU Concerned Group ဦးေဆာင္သူ ပဒို ေနာ္စီဖိုးရာစိန္ က ေၾကညာခ်က္မွာ တိုက္တြန္းေျပာဆိုထားပါတယ္။
KNU Concerned Group ကို ၂၀၁၇ ခုႏွစ္က စတင္ဖြဲ႔စည္းခဲ့တာျဖစ္ၿပီး ကရင္အမ်ဳိးသားအစည္းအ႐ံုး KNU ရဲ႕ ဒုဥကၠ႒ေဟာင္း ေနာ္ဇီဖိုးရာစိန္အပါအဝင္ KNU အႀကီးတန္းေခါင္းေဆာင္ေတြ ပါဝင္ၾကပါတယ္။
..........................................................................................
NCA ပျက်ပြယ်ပြီလို့ KNU Concerned Group ကြေညာ
(Unicode)
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်တာကြောင့် ၂၀၁၅ ခုနှစ်ကချုပ်ဆိုခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ မှတ်ယူကြောင်း KNU Concerned Group က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
CRPH/NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးရည်မှန်းချက် ထပ်တူကျတာကြောင့် NUG ကိုထောက်ခံကြိုဆိုပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး လှုပ်ရှားမှုတွေကို ပံ့ပိုးဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဆန္ဒပြပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်နေတာ ထောင်ကျော်နေပြီဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေတွေကိုပါ ထိုးစစ်တွေ ပိုလုပ်လာတယ်လို့ ရေးသားထားပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တညီတညွတ်ထဲ ကူညီပံ့ပိုးပြီး နွေဦးတော်လှန်ရေး တိုက်ပွဲဝင်ကြဖို့ KNU Concerned Group ဦးဆောင်သူ ပဒို နော်စီဖိုးရာစိန် က ကြေညာချက်မှာ တိုက်တွန်းပြောဆိုထားပါတယ်။
KNU Concerned Group ကို ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒုဥက္ကဋ္ဌဟောင်း နော်ဇီဖိုးရာစိန်အပါအဝင် KNU အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။