သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU/KNLA-PC ရဲ႕ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာေနစိုးျမ ကြယ္လြန္


KNU/KNLA-PC ရဲ႕ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာေနစိုးျမ စ်ာပနအခမ္းအနား- Blute Law La

Zawgyi/Unicode

ေကအန္ယူဥကၠ႒ေဟာင္းဗုိလ္ခ်ဳပ္ႀကီးေစာဘုိျမရဲ႕သားျဖစ္သူ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) ရဲ့ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာေနစိုးျမ (ခ) ေတးေလးဟာ ၾသဂုတ္လ ၃ ရက္ေန႔က ကုိဗစ္ေရာဂါနဲ့မဲေဆာက္ျမို ့မွာကြယ္လြန္ခဲ့ျပီး မဲေဆာက္က ခရစ္ယာန္သခ်ိဳင္းတခုမွာ ၾသဂုတ္လ ၅ ရက္ေန႔က စ်ာပနလုပ္ခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္မေအးေအးမာက ေျပာျပေပးပါမယ္။

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) ရဲ႕စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာေနစိုးျမ (ခ) ေတးေလးဟာ ၾသဂုတ္လ ၃ ရက္ေန႔က ထုိင္းႏိုင္ငံ၊ မဲေဆာက္ျမိဳ့က သူ့ရဲ ့ေနအိမ္မွာပဲ ကြယ္လြန္သြားခဲ့ေႀကာင္း မိသားစုနဲ့နီးစပ္သူတဦးက ေျပာျပပါတယ္။

“စျဖစ္တာကေတာ့ျပည္တြင္းမွာ စျဖစ္တယ္။ စျဖစ္ျပီး ၂ ပတ္ေလာက္ၾကာမွ ဒီဘက္ကိုေရာက္တာ။ အျပည္ျပည္ဆိုင္ရာေဆးရံုေပါ့။ ကိုဗစ္န့ဲပဲ အျပည္ျပည္ဆုိင္ရာေဆးရံုေရာက္တယ္။ သူ႔အမ်ိဳးသမီးက “အင္တာေနရွင္နယ္ေဆးရံုမွာက လူေတြလာတာ မ်ားတယ္။” သူ႔ အမ်ိဳးသမီးက အိမ္မွာပဲ ျပန္ျပဳစုခ်င္တာေပါ့။ အဲဒါကို အိမ္မွာျပန္ေခၚလာျပီး အိမ္မွာပဲ စပါယ္ရွယ္ဆရာဝန္နဲ႔ ေခၚျပီးကုတယ္။ သူ႔ေရာဂါက ျပင္းတဲ့အခါက်ေတာ့ ကုမရေတာ့ဘူးေပ့ါ။”

ဗိုလ္ခ်ဳပ္ေစာေနစိုးျမဟာ ေကအန္ယူရဲ့ထိပ္တန္းေခါင္းေဆာင္ႀကီးျဖစ္တဲ့ ကြယ္လြန္သူဗုိလ္ခ်ဳပ္ႀကီးေစာဘုိျမရဲ ့အငယ္ဆံုးသားျဖစ္ျပီး KNLA-ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ ၂၀၂ တပ္ရင္းမွာ တပ္ခဲြမႉးအျဖစ္ တာဝန္ယူခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္မွာေတာ့ သူအေဒၚရဲ႕ခင္ပြန္းျဖစ္သူ ဗိုလ္ခ်ဳပ္ထိန္ေမာင္က ျငိမ္းခ်မ္းေရးေကာင္စီအျဖစ္ ေကအန္ယူက ခဲြထြက္တည္ေထာင္ခ်ိန္မွာ သူလည္းလို္က္ပါကူးေျပာင္းသြားခဲ့ျပီး အထူးဗ်ဴဟာမွာ ဗ်ဴဟာမႉးတာဝန္ကိုယူခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္ မွာေတာ့ ျငိမ္းခ်မ္းေရးေကာင္စီရဲ ့စစ္ဖက္ဆိုင္ရာ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠ႒တာဝန္နဲ့ စစ္ေရးခ်ဳပ္တာဝန္ကို ထမ္းေဆာင္ခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၄၆ ႏွစ္ရိွျပီျဖစ္ပါတယ္။

ကရင့္ေတာ္လွန္ေရးကို ႏွစ္ေပါင္းမ်ားစြာလုပ္ခဲ့တဲ့ ေကအန္ယူဥကၠ႒ေဟာင္း ဗိုလ္ခ်ဳပ္ႀကီးေစာဘိုျမနဲ႔ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး (KWO) ဥကၠ႒ေဟာင္း ပဒိုေနာ္ လားဖိုးတို႔ရဲ႕သားသမီး ၇ ဦး ထဲက ၆ ဦးေျမာက္သားျဖစ္ပါတယ္။ ကိုဗစ္နဲ႔ ေသဆံုးခဲ့တာေၾကာင့္ သူ႔စ်ာပနကိုေတာ့ မိသားစုအနည္းအက်ဥ္းေလာက္နဲ့ပဲ ၾသဂုတ္လ ၅ ရက္ ေန့မွာ က်င္းပခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


======

Zawgyi/Unicode

KNU/KNLA-PC ရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကွယ်လွန်

ကေအန်ယူဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောဘိုမြရဲ့သားဖြစ်သူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးဟာ သြဂုတ်လ ၃ ရက်နေ့က ကိုဗစ်ရောဂါနဲ့မဲဆောက်မြို့မှာကွယ်လွန်ခဲ့ပြီး မဲဆောက်က ခရစ်ယာန်သချိုင်းတခုမှာ သြဂုတ်လ ၅ ရက်နေ့က ဈာပနလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက ပြောပြပေးပါမယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ရဲ့စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးဟာ သြဂုတ်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုနဲ့နီးစပ်သူတဦးက ပြောပြပါတယ်။

“စဖြစ်တာကတော့ပြည်တွင်းမှာ စဖြစ်တယ်။ စဖြစ်ပြီး ၂ ပတ်လောက်ကြာမှ ဒီဘက်ကိုရောက်တာ။ အပြည်ပြည်ဆိုင်ရာဆေးရုံပေါ့။ ကိုဗစ်နဲ့ပဲ အပြည်ပြည်ဆိုင်ရာဆေးရုံရောက်တယ်။ သူ့အမျိုးသမီးက “အင်တာနေရှင်နယ်ဆေးရုံမှာက လူတွေလာတာ များတယ်။” သူ့ အမျိုးသမီးက အိမ်မှာပဲ ပြန်ပြုစုချင်တာပေါ့။ အဲဒါကို အိမ်မှာပြန်ခေါ်လာပြီး အိမ်မှာပဲ စပါယ်ရှယ်ဆရာဝန်နဲ့ ခေါ်ပြီးကုတယ်။ သူ့ရောဂါက ပြင်းတဲ့အခါကျတော့ ကုမရတော့ဘူးပေ့ါ။”

ဗိုလ်ချုပ်စောနေစိုးမြဟာ ကေအန်ယူရဲ့ထိပ်တန်းခေါင်းဆောင်ကြီးဖြစ်တဲ့ ကွယ်လွန်သူဗိုလ်ချုပ်ကြီးစောဘိုမြရဲ့အငယ်ဆုံးသားဖြစ်ပြီး KNLA-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ၂၀၂ တပ်ရင်းမှာ တပ်ခွဲမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ သူအဒေါ်ရဲ့ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်ထိန်မောင်က ငြိမ်းချမ်းရေးကောင်စီအဖြစ် ကေအန်ယူက ခွဲထွက်တည်ထောင်ချိန်မှာ သူလည်းလိုက်ပါကူးပြောင်းသွားခဲ့ပြီး အထူးဗျူဟာမှာ ဗျူဟာမှူးတာဝန်ကိုယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မှာတော့ ငြိမ်းချမ်းရေးကောင်စီရဲ့စစ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌတာဝန်နဲ့ စစ်ရေးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပါတယ်။

ကရင့်တော်လှန်ရေးကို နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ ကေအန်ယူဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌဟောင်း ပဒိုနော် လားဖိုးတို့ရဲ့သားသမီး ၇ ဦး ထဲက ၆ ဦးမြောက်သားဖြစ်ပါတယ်။ ကိုဗစ်နဲ့ သေဆုံးခဲ့တာကြောင့် သူ့ဈာပနကိုတော့ မိသားစုအနည်းအကျဉ်းလောက်နဲ့ပဲ သြဂုတ်လ ၅ ရက် နေ့မှာ ကျင်းပခဲ့ပါတယ်ရှင်။

#VOABurmese#KNU/KNLA#SawNaySoeMya#Covid19#MaeSot#MilitaryCoup

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG