သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီစတာပွဲတော်ကာလ ယူကရိန်းမှာ အပစ်ရပ်ဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား


ယူကရိန်းဒုက္ခသည် ကလေးငယ်တွေကို နှုတ်ဆက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis. (ဧပြီ ၆၊ ၂၀၂၂)
ယူကရိန်းဒုက္ခသည် ကလေးငယ်တွေကို နှုတ်ဆက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis. (ဧပြီ ၆၊ ၂၀၂၂)

(Zawgyi / Unicode)

လာမယ့် တနင်္ဂနွေ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ခရစ်တော် ထမြောက်တဲ့ အီစတာပွဲတော် အထိမ်းအမှတ်အနေနဲ့ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပွဲတော်အကြို တနင်္ဂနွေ (Palm Sunday) ဝတ်ပြုဆုတောင်းပွဲမှာ ပန်ကြားလိုက်ပါတယ်။

“စစ်ပွဲကနေ မျက်စိရှေ့မှာတင် ရက်စက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အကာအကွယ်မဲ့ အရပ်သားတွေအပေါ် ကြမ်းကြုတ်ရက်စက်စွာ ကျူးလွန်တာတွေ မြင်နေရတာဖြစ်ပြီး ဒီစစ်ပွဲ ရပ်စဲစေဖို့အတွက် လက်နက်တွေ မကိုင်ကြအောင် ဘုရားသခင်ဆီမှာ ဆုတောင်းကြပါစို့။” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့တာပါ။

လက်နက်တွေချပြီး အီစတာ အပစ်အခတ်ရပ်စဲရေး စတင်ကြဖို့ ဗာတီကန်နန်းတော် St. Peter ရင်ပြင်က သောင်းနဲ့ချီတဲ့ ဝတ်ပြုသူတွေရှေ့မှာ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ညှိနှိုင်းမှု ရရေးအတွက် အပစ်ရပ်ဖို့ ပန်ကြားခဲ့တာပါ။

ယူကရိန်းမှာ ထိုးစစ်စတင်ချိန်ကတည်းက ရုရှားနဲ့ပတ်သက်ပြီး ဝတ်ပြုဆုတောင်းချိန်မှာသာ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း တိုက်ရိုက်ပြောဆိုလေ့မရှိဘဲ ကျူးကျော်မှု၊ ရန်လိုမှုဆိုတဲ့ အသုံးအနှုန်းတွေနဲ့သာ ရုရှားကို ရည်ညွှန်းလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ယူကရိန်းက Bucha မြို့ လူအစုလိုက် အသတ်ခံရမှုကို ပုပ်ရဟန်းမင်းကြီးက ရှုတ်ချပြီး အဲဒီမြို့က ပို့ပေးတဲ့ ယူကရိန်းအလံကို နမ်းရှုပ် ဂုဏ်ပြုခဲ့တာပါ။

အီစတာပွဲတော်ကာလ ယူကရိန်းမှာ အပစ်ရပ်ဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)







XS
SM
MD
LG