သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းသမားေတြရဲ႕ လုပ္ရပ္ ပုပ္ရဟန္းမင္းႀကီး ခ်ီးက်ဴးဂုဏ္ျပဳ


ပုပ္ရဟန္းမင္းႀကီး Francis. (ေမ ၁၊ ၂၀၂၂)

(Zawgyi / Unicode)

သတင္းေထာက္ေတြ တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္း ေသဆုံးခဲ့ရတာ၊ အဖမ္းဆီးခံရတာေတြအတြက္ ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း ပုပ္ရဟန္းမင္းႀကီး Francis က တနဂၤေႏြ ေမေဒးေန႔မွာ မိန္႔ၾကားလိုက္ပါတယ္။

သတင္းလြတ္လပ္ခြင့္ကို ကာကြယ္ရင္း လူသားေတြရဲ႕ ထိခိုက္နစ္နာ ခံစားရမႈကို သတၱိရွိစြာနဲ႔ သတင္းရယူ တင္ျပခဲ့တာအတြက္ သူက ခ်ီးမြမ္း ေျပာဆိုလိုက္တာပါ။

ေမလ ၃ ရက္ေန႔မွာ က်ေရာက္မယ့္ World Press Freedom Day ကမၻာ့သတင္းလြတ္လပ္ခြင့္ေန႔ မတိုင္ခင္ ဗာတီကန္နန္းေတာ္ စိန္႔ပီတာရင္ျပင္မွာ စု႐ုံးလာတဲ့ ေထာင္ခ်ီတဲ့ ပရိသတ္ကို ေဟာၾကားရာမွာ ခုလို ထည့္သြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကမၻာ့သတင္းလြတ္လပ္ခြင့္ေန႔ကို တာဝန္ယူက်င္းပတဲ့ ကုလသမဂၢ UNESCO အဖြဲ႔ရဲ႕ ဒီႏွစ္အေစာပိုင္း ထုတ္ျပန္တဲ့ စာရင္းအရ ၂၀၂၁ ခုႏွစ္ထဲမွာ အသတ္ခံရတဲ့ သတင္းေထာက္နဲ႔ မီဒီယာေလာက ဝန္ထမ္း ၅၅ ဦးရွိတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲ အဖမ္းဆီးခံရတဲ့ သတင္းသမားက ၃၅၀ ေက်ာ္ ရွိတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယူကရိန္းစစ္ပြဲအတြင္း သတင္းယူရင္း ေသဆုံးခဲ့ရတဲ့ သတင္းေထာက္ေတြကိုလည္း ပုပ္ရဟန္းမင္းႀကီးက ခ်ီးမြမ္းစကား ဆိုခဲ့ပါတယ္။ ယူကရိန္းစစ္မွာ သတင္းယူရင္း ေသဆုံးခဲ့တဲ့ သတင္းေထာက္ အနည္းဆုံး ၇ ဦးရွိတယ္လို႔ CPJ ေခၚ နယူးေယာက္အေျခစိုက္ သတင္းသမားမ်ား ကာကြယ္ေရးေကာ္မတီက ေျပာပါတယ္။

ယူကရိန္းမွာ ‘PRESS’ ဆိုတဲ့ လက္ပတ္စာတမ္း ဝတ္ဆင္ထားတဲ့ သတင္းသမားေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈ အေတာ္မ်ားမ်ား ရွိတယ္လို႔ ျပင္သစ္အေျခစိုက္ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔ (RSF) က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

သတင်းသမားတွေရဲ့ လုပ်ရပ် ပုပ်ရဟန်းမင်းကြီး ချီးကျူးဂုဏ်ပြု

သတင်းထောက်တွေ တာဝန်ထမ်းဆောင်နေချိန်အတွင်း သေဆုံးခဲ့ရတာ၊ အဖမ်းဆီးခံရတာတွေအတွက် ချီးကျူးဂုဏ်ပြုကြောင်း ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေ မေဒေးနေ့မှာ မိန့်ကြားလိုက်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ရင်း လူသားတွေရဲ့ ထိခိုက်နစ်နာ ခံစားရမှုကို သတ္တိရှိစွာနဲ့ သတင်းရယူ တင်ပြခဲ့တာအတွက် သူက ချီးမွမ်း ပြောဆိုလိုက်တာပါ။

မေလ ၃ ရက်နေ့မှာ ကျရောက်မယ့် World Press Freedom Day ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မတိုင်ခင် ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ စုရုံးလာတဲ့ ထောင်ချီတဲ့ ပရိသတ်ကို ဟောကြားရာမှာ ခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို တာဝန်ယူကျင်းပတဲ့ ကုလသမဂ္ဂ UNESCO အဖွဲ့ရဲ့ ဒီနှစ်အစောပိုင်း ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်ထဲမှာ အသတ်ခံရတဲ့ သတင်းထောက်နဲ့ မီဒီယာလောက ဝန်ထမ်း ၅၅ ဦးရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ အဖမ်းဆီးခံရတဲ့ သတင်းသမားက ၃၅၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယူကရိန်းစစ်ပွဲအတွင်း သတင်းယူရင်း သေဆုံးခဲ့ရတဲ့ သတင်းထောက်တွေကိုလည်း ပုပ်ရဟန်းမင်းကြီးက ချီးမွမ်းစကား ဆိုခဲ့ပါတယ်။ ယူကရိန်းစစ်မှာ သတင်းယူရင်း သေဆုံးခဲ့တဲ့ သတင်းထောက် အနည်းဆုံး ၇ ဦးရှိတယ်လို့ CPJ ခေါ် နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီက ပြောပါတယ်။

ယူကရိန်းမှာ ‘PRESS’ ဆိုတဲ့ လက်ပတ်စာတမ်း ဝတ်ဆင်ထားတဲ့ သတင်းသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အတော်များများ ရှိတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြောပါတယ်။

XS
SM
MD
LG