ရုရွားကို တိုးျမွင္႔အေရးယူဖို႔ G-7 ေခါင္းေဆာင္ေတြ ေဆြးေႏြးမည္
{{Zawgyi/Unicode}}
ယူကရိန္းအေပၚ ၂ လေက်ာ္ၾကာ ဆက္လက္ က်ဳးေက်ာ္တိုက္ခိုက္ေနတဲ့ ႐ုရွားအေပၚ တိုးျမႇင့္ဒဏ္ခတ္ အေရးယူဖို႔ ဒီသီတင္းပတ္ထဲ ကမာၻ႔စက္မႈထိပ္သီး ၇ ႏိုင္ငံ (G-7) ေခါင္းေဆာင္ေတြ ေဆြးေႏြးမွာ ျဖစ္ပါတယ္။ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ထပ္မံခ်မွတ္ႏိုင္ေရး G-7 ေခါင္းေဆာင္ေတြ ေတြ႕ဆုံရာမွာ ေဆြးေႏြးမယ့္အေၾကာင္း ဗုဒၶဟူးေန႔မွာပဲ အေမရိကန္သမၼတ Joe Biden သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။
“ေနာက္ထပ္ ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ အၿမဲတမ္း လမ္းဖြင့္ထားပါတယ္။ တိုင္ပင္ေဆြးေႏြးေနတာလည္း ရွိပါတယ္။ ဘာေတြလုပ္မယ္၊ မလုပ္ဘူး၊ ဆိုတာေတြကိုလည္း G-7 အဖဲြ႕၀င္ေတြနဲ႔ ဒီတပတ္ထဲ ေဆြးေႏြးမွာ ျဖစ္ပါတယ္။” လို႔ အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို သမၼတဘိုင္ဒင္က ေျပာခဲ့တာပါ။
ဗုဒၶဟူးေန႔မွာပဲ ေရနံတင္ပို႔မႈေတြ တားျမစ္တာ အပါအ၀င္ ႐ုရွားအေပၚ ျပင္းထန္တဲ့ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္မယ့္ အစီအစဥ္ကို ဥေရာပသမဂၢ (EU) က ေၾကညာခဲ့ပါတယ္။
႐ုရွားက ေရနံစိမ္း ၀ယ္ယူမႈေတြကို ၆ လအတြင္း ရပ္ဆိုင္းဖို႔၊ သန္႔စင္ထားတဲ့ စြမ္းအင္ပစၥည္းေတြကို တင္သြင္းမႈေတြ ၂၀၂၂ ခုႏွစ္မွာ ရပ္ဆိုင္းဖို႔ေတြ ပါ၀င္တဲ့ အစီအစဥ္ကို ဥေရာပေကာ္မရွင္ဥကၠ႒ Ursula von der Leyen ေၾကညာလိုက္တာပါ။
အဆိုျပဳခ်က္ကိုေတာ့ EU အဖဲြ႕၀င္ေတြက တညီတၫြတ္တည္း ေထာက္ခံမွသာ အတည္ျပဳႏိုင္မွာ ျဖစ္ပါတယ္။
႐ုရွားရဲ႕ ေရနံတင္ပို႔မႈအေပၚ အားထားေနရတာေတြကို တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်မယ့္ အစီအစဥ္အရ၊ EU အဖဲြ႕၀င္ေတြ တျခားစြမ္းအင္ရႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြႏိုင္မယ့္ အခြင့္အလမ္းရမွာျဖစ္သလို၊ ကမာၻ႔စြမ္းအင္ေစ်းကြက္ကို ႀကီးႀကီးမားမား မထိခိုက္ဘဲ ႐ုရွားအေပၚ ဖိအားေပးရာမွာ အေထာက္အကူ ျဖစ္ေစလိမ့္မယ္လို႔လည္း ဥေရာပေကာ္မရွင္ အႀကီးအကဲက ေျပာပါတယ္။
............................................
ရုရှားကို တိုးမြှင့်အရေးယူဖို့ G-7 ခေါင်းဆောင်တွေ ဆွေးနွေးမည်
{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ၂ လကျော်ကြာ ဆက်လက် ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားအပေါ် တိုးမြှင့်ဒဏ်ခတ် အရေးယူဖို့ ဒီသီတင်းပတ်ထဲ ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ခေါင်းဆောင်တွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံချမှတ်နိုင်ရေး G-7 ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ဆွေးနွေးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန်သမ္မတ Joe Biden သတင်းထောက်တွေကို ပြောခဲ့တာပါ။
“နောက်ထပ် ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ တိုင်ပင်ဆွေးနွေးနေတာလည်း ရှိပါတယ်။ ဘာတွေလုပ်မယ်၊ မလုပ်ဘူး၊ ဆိုတာတွေကိုလည်း G-7 အဖွဲ့ဝင်တွေနဲ့ ဒီတပတ်ထဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။” လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သမ္မတဘိုင်ဒင်က ပြောခဲ့တာပါ။
ဗုဒ္ဓဟူးနေ့မှာပဲ ရေနံတင်ပို့မှုတွေ တားမြစ်တာ အပါအဝင် ရုရှားအပေါ် ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်မယ့် အစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က ကြေညာခဲ့ပါတယ်။
ရုရှားက ရေနံစိမ်း ဝယ်ယူမှုတွေကို ၆ လအတွင်း ရပ်ဆိုင်းဖို့၊ သန့်စင်ထားတဲ့ စွမ်းအင်ပစ္စည်းတွေကို တင်သွင်းမှုတွေ ၂၀၂၂ ခုနှစ်မှာ ရပ်ဆိုင်းဖို့တွေ ပါဝင်တဲ့ အစီအစဉ်ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကြေညာလိုက်တာပါ။
အဆိုပြုချက်ကိုတော့ EU အဖွဲ့ဝင်တွေက တညီတညွတ်တည်း ထောက်ခံမှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
ရုရှားရဲ့ ရေနံတင်ပို့မှုအပေါ် အားထားနေရတာတွေကို တဖြည်းဖြည်းချင်း လျှော့ချမယ့် အစီအစဉ်အရ၊ EU အဖွဲ့ဝင်တွေ တခြားစွမ်းအင်ရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မယ့် အခွင့်အလမ်းရမှာဖြစ်သလို၊ ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို ကြီးကြီးမားမား မထိခိုက်ဘဲ ရုရှားအပေါ် ဖိအားပေးရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ဥရောပကော်မရှင် အကြီးအကဲက ပြောပါတယ်။