သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စက္မႈထိပ္သီး ၇ ႏိုင္ငံဆီက အကူအညီ ေဒၚလာ ဘီလီယံ ၅၀ ယူကရိန္းေတာင္းခံ


G-7 စက္မႈထိပ္သီး ၇ ႏုိင္ငံ အလံမ်ား။

(Zawgyi / Unicode)

G-7 စက္မႈထိပ္သီး ၇ ႏိုင္ငံအေနနဲ႔ ယူကရိန္းကို ေဒၚလာေငြ ဘီလီယံ ၅၀ အကူအညီေပးဖို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ရဲ႕ စီးပြားေရးအႀကံေပး Oleh Ustenko က တနဂၤေႏြေန႔မွာ ပန္ၾကားလိုက္ပါတယ္။

စစ္ပြဲေၾကာင့္ ယူကရိန္းရဲ႕ ရသံုးေငြစာရင္းမွာ ေနာက္ ၆ လအတြက္ လိုေငြျပေနတာေၾကာင့္ ဒါကို ကာမိေစဖို႔ G-7 ႏိုင္ငံေတြကို ယူကရိန္းသမၼတက အကူအညီ ေတာင္းခံတာျဖစ္ေၾကာင္း ႏိုင္ငံေတာ္႐ုပ္သံကေန ေျပာၾကားလိုက္တာပါ။

ယူကရိန္းမွာ လက္ရွိအေျခေနအတိုင္းဆိုရင္ တလကို လိုေငြက ယူ႐ိုေငြ ၇ ဘီလီယံေလာက္ ရွိေနတာေၾကာင့္ လာမယ့္ ၆ လအတြက္ အခုလို ေတာင္းခံရတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တကယ္လို႔ တျခားေရြးခ်ယ္စရာ နည္းလမ္းေတြ ရွိရင္လည္း ေဆြးေႏြးမွာျဖစ္ေၾကာင္း ေျပာပါတယ္။

နည္းလမ္းတခုအေနနဲ႔ ယူကရိန္းဘက္က စဥ္းစားတာတခုက ႏိုင္ငံတကာေစ်းကြက္မွာ ဒီရန္ပံုေငြေတြကို ေခ်းဖို႔ ၀ ရာခုိိင္ႏႈန္း ကူပြန္စာခ်ဳပ္လို႔ေခၚတဲ့ Bond ေတြ ထုတ္ေပးဖို႔ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ကစၿပီး ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနတာေၾကာင့္ အခုဆို စစ္ပြဲဟာ ၂ လနီးပါးရွိေနၿပီ ျဖစ္ပါတယ္။

ယူကရိန္းအတြက္ အေမရိကန္၊ ဥေရာပနဲ႔ ကမၻာ့ႏိ္ုင္ငံ အမ်ားအျပားက ေငြေၾကးအရေရာ စစ္ေရးအရပါ အကူအညီေတြ ေပးေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

စက်မှုထိပ်သီး ၇ နိုင်ငံဆီက အကူအညီ ဒေါ်လာ ဘီလီယံ ၅၀ ယူကရိန်းတောင်းခံ

G-7 စက်မှုထိပ်သီး ၇ နိုင်ငံအနေနဲ့ ယူကရိန်းကို ဒေါ်လာငွေ ဘီလီယံ ၅၀ အကူအညီပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ စီးပွားရေးအကြံပေး Oleh Ustenko က တနင်္ဂနွေနေ့မှာ ပန်ကြားလိုက်ပါတယ်။

စစ်ပွဲကြောင့် ယူကရိန်းရဲ့ ရသုံးငွေစာရင်းမှာ နောက် ၆ လအတွက် လိုငွေပြနေတာကြောင့် ဒါကို ကာမိစေဖို့ G-7 နိုင်ငံတွေကို ယူကရိန်းသမ္မတက အကူအညီ တောင်းခံတာဖြစ်ကြောင်း နိုင်ငံတော်ရုပ်သံကနေ ပြောကြားလိုက်တာပါ။

ယူကရိန်းမှာ လက်ရှိအခြေနေအတိုင်းဆိုရင် တလကို လိုငွေက ယူရိုငွေ ၇ ဘီလီယံလောက် ရှိနေတာကြောင့် လာမယ့် ၆ လအတွက် အခုလို တောင်းခံရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တကယ်လို့ တခြားရွေးချယ်စရာ နည်းလမ်းတွေ ရှိရင်လည်း ဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။

နည်းလမ်းတခုအနေနဲ့ ယူကရိန်းဘက်က စဉ်းစားတာတခုက နိုင်ငံတကာဈေးကွက်မှာ ဒီရန်ပုံငွေတွေကို ချေးဖို့ ၀ ရာခိုင်နှုန်း ကူပွန်စာချုပ်လို့ခေါ်တဲ့ Bond တွေ ထုတ်ပေးဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်ကစပြီး ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာကြောင့် အခုဆို စစ်ပွဲဟာ ၂ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

ယူကရိန်းအတွက် အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့နိုင်ငံ အများအပြားက ငွေကြေးအရရော စစ်ရေးအရပါ အကူအညီတွေ ပေးနေကြတာပါ။

XS
SM
MD
LG