သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Mariupol ၿမိဳ႕ ႐ုရွားလက္ထဲ မက်ေသး - ယူကရိန္းဝန္ႀကီးခ်ဳပ္


႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံတြန္းလွန္ေနတဲ့ Mariupol ၿမိဳ႕မွာ သြားလာေနတဲ့ ေဒသခံတဦး။ (ဧၿပီ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံရဲ႕ မဟာဗ်ဴဟာက် ဆိပ္ကမ္းၿမိဳ႕ Mariupol ကို ယူကရိန္းတို႔ ထိန္းခ်ဳပ္ထားဆဲပဲလို႔ ယူကရိန္းဝန္ႀကီးခ်ဳပ္ Denys Shmyhal က တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။

႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ Mariupol မွာရွိတဲ့ ယူကရိန္း တိုက္ခိုက္ေရးသမားေတြ လက္နက္ခ်ဖို႔ ႐ုရွားဘက္က ေနာက္ဆံုးသတ္မွတ္ခ်ိန္ ေက်ာ္လြန္သြားၿပီး နာရီအေတာ္ၾကာခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ Shmyhal က ႐ုရွားလက္ထဲ ဒီၿမိဳ႕ မက်ေသးဘူးလို႔ အေမရိကန္႐ုပ္သံ ABC ေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဒီၿမိဳ႕မွာ ယူကရိန္းတပ္သားေတြ ရွိေနဆဲျဖစ္ၿပီး အဆံုးအထိ တိုက္ခိုက္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

႐ုရွားသမၼတ Vladimir Putin က ဒီစစ္ပြဲမွာ သူတို႔ႏိုင္ေနတယ္လို႔ ယံုၾကည္ေၾကာင္း သတင္းေတြ ထြက္ေပၚေနတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ ဝန္ႀကီးခ်ဳပ္ Shmyhal က ယူကရိန္းမွာ ၿမိဳ႕ႀကီးအမ်ားအျပားဟာ ႐ုရွားတပ္ေတြ အဝိုင္းခံေနရေပမယ့္ ေတာင္ပိုင္းက Kherson တၿမိဳ႕တည္းသာ ႐ုရွားတို႔ ထိန္းခ်ဳပ္ထားႏိုင္တာျဖစ္ေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ၿမိဳ႕ရြာေပါင္း ၉၀၀ ေက်ာ္ဟာလည္း ႐ုရွားသိမ္းပိုက္မႈကေန ျပန္လြတ္ေျမာက္လာၿပီ ျဖစ္သလို ယူကရိန္းအေနနဲ႔ အေရွ႕ပိုင္းက Donbas ေဒသကို အညံ့ခံ အ႐ႈံးေပးမွာ မဟုတ္ေၾကာင္း ေျပာပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း ႐ုရွားေတြ အဝိုင္းခံေနရတဲ့ Mariupol က ယူကရိန္းတပ္သားေတြ အသတ္ခံရမယ္ဆိုရင္ ႐ုရွားနဲ႔ျပဳလုပ္ေနတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲလည္း ပ်က္သြားႏိုင္တယ္လို႔ ေျပာပါတယ္။ ဒီေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီး ဒါဟာ လမ္းဆံုးေနၿပီလို႔ ႐ုရွားသမၼတ Putin က ေျပာထားတာပါ။

ယူကရိန္းဝန္ႀကီးခ်ဳပ္ Shmyhal ကေတာ့ ျဖစ္ႏိုင္ရင္ သံတမန္ေရးအရ အေျဖရွာဖို႔ ယူကရိန္းက လိုလားေၾကာင္း တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

Mariupol မြို့ ရုရှားလက်ထဲ မကျသေး - ယူကရိန်းဝန်ကြီးချုပ်

ယူကရိန်းနိုင်ငံရဲ့ မဟာဗျူဟာကျ ဆိပ်ကမ်းမြို့ Mariupol ကို ယူကရိန်းတို့ ထိန်းချုပ်ထားဆဲပဲလို့ ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol မှာရှိတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေ လက်နက်ချဖို့ ရုရှားဘက်က နောက်ဆုံးသတ်မှတ်ချိန် ကျော်လွန်သွားပြီး နာရီအတော်ကြာချိန်မှာ ဝန်ကြီးချုပ် Shmyhal က ရုရှားလက်ထဲ ဒီမြို့ မကျသေးဘူးလို့ အမေရိကန်ရုပ်သံ ABC မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီမြို့မှာ ယူကရိန်းတပ်သားတွေ ရှိနေဆဲဖြစ်ပြီး အဆုံးအထိ တိုက်ခိုက်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin က ဒီစစ်ပွဲမှာ သူတို့နိုင်နေတယ်လို့ ယုံကြည်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဝန်ကြီးချုပ် Shmyhal က ယူကရိန်းမှာ မြို့ကြီးအများအပြားဟာ ရုရှားတပ်တွေ အဝိုင်းခံနေရပေမယ့် တောင်ပိုင်းက Kherson တမြို့တည်းသာ ရုရှားတို့ ထိန်းချုပ်ထားနိုင်တာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြို့ရွာပေါင်း ၉၀၀ ကျော်ဟာလည်း ရုရှားသိမ်းပိုက်မှုကနေ ပြန်လွတ်မြောက်လာပြီ ဖြစ်သလို ယူကရိန်းအနေနဲ့ အရှေ့ပိုင်းက Donbas ဒေသကို အညံ့ခံ အရှုံးပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ရုရှားတွေ အဝိုင်းခံနေရတဲ့ Mariupol က ယူကရိန်းတပ်သားတွေ အသတ်ခံရမယ်ဆိုရင် ရုရှားနဲ့ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ပျက်သွားနိုင်တယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒါဟာ လမ်းဆုံးနေပြီလို့ ရုရှားသမ္မတ Putin က ပြောထားတာပါ။

ယူကရိန်းဝန်ကြီးချုပ် Shmyhal ကတော့ ဖြစ်နိုင်ရင် သံတမန်ရေးအရ အဖြေရှာဖို့ ယူကရိန်းက လိုလားကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG