သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ငွေဖိုးငွေ Ruble နဲ့ပေးချေရေး ရုရှားတောင်းဆိုမှု G-7 ပယ်ချ


G-7 Foreign and Development Ministers pose for a family photograph during the final day of the G-7 summit in Liverpool, north-west England, Dec. 12, 2021.
G-7 Foreign and Development Ministers pose for a family photograph during the final day of the G-7 summit in Liverpool, north-west England, Dec. 12, 2021.

သဘာဝဓါတ်ငွေ့အတွက် ကျသင့်ငွေကို ရုရှားငွေ ruble နဲ့ပဲ ပေးချေဖို့ ရုရှားဘက်က တောင်းဆိုမှုကို G 7 စက်မှုထိပ်သီး ၇ နိုင်ငံက ငြင်းပယ်လိုက်တယ်လို့ ဂျာမနီစွမ်းအင်ဆိုင်ရာ တာဝန်ခံ ဝန်ကြီး Robert Habeck က ပြောပါတယ်။

ရုရှားရဲ့ တောင်းဆိုမှုဟာ တဘက်သတ်ဖြစ်သလို လက်ရှိကန်ထရိုက်စာချုပ်ကို ရှင်းရှင်းကြီး ချိုးဖေါက်တာ ဖြစ်ကြောင်း G 7 ဝန်ကြီးအားလုံးက သဘောတူခဲ့တယ်လို့ ဂျာမနီအစိုးရ စီးပွါးရေး၊ စွမ်းအင်နဲ့ ရာသီဥတု ဆိုင်ရာဝန်ကြီး Habeck က ပြောပါတယ်။

G 7 နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂတို့ကြား တသားတည်းရပ်တည်ဖို့ သောကြာနေ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တဲ့နောက် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Ruble ငွေနဲ့ ပေးချေတာကို လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုရှားသမ္မတ Vladimir Putin တောင်းဆိုတဲ့ အတိုင်း မလုပ်ကြဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို တိုက်တွန်းမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ရုရှားသမ္မတဟာ ယူကရိန်းစစ်ပွဲကုန်ကျစားရိတ် အတွက် ruble ငွေကို အားထားဖို့ လုပ်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သမ္မတ Putin ကတော့ ရုရှားရဲ့မိတ်ဆွေမဟုတ်တဲ့ နိုင်ငံတွေအနေနဲ့ သဘာဝဓါတ်ငွေ့ ကျသင့်ငွေကိုသာ ruble ငွေနဲ့ ပေးဖို့ ရုရှားအစိုးရက အမိန့်ထုတ်ပြန်မှာ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေက ရုရှားအပေါ် ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေချမှတ်နေတာဟာ ရုရှားရဲ့ စီးပွါးရေးကို ထိခိုက်လာနေတာ ဖြစ်ပါတယ်။

ဥရောပက သူ့ဒေသအတွက် ရေနံ ၂၅ %နဲ့ သဘာဝဓါတ်ငွေ့ ၄၀ % ကို ရုရှားဆီက ရယူနေတာဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ချိန်ကစပြီး ဥရောပက သူတို့ရဲ့ ရုရှားရေနံနဲ့ သဘာဝ ဓါတ်ငွေ့ပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးစားလာနေတာပါ။

==================







XS
SM
MD
LG