[[ ZAWGYI / UNICODE ]]
႐ုရွားအေပၚ ဒဏ္ခတ္မႈအသစ္ေတြ ကန္ ေၾကညာ
ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕မွာ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) အဖြဲ႕နဲ႔ ကမာၻ႔စီးပြားေရးအင္အားႀကီး ၇ ႏိုင္ငံ G-7 အဖြဲ႕တို႔ ေဆြးေႏြးေနခ်ိန္မွာပဲ ႐ုရွားအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈသစ္ေတြကို အေမရိကန္အစိုးရက ေၾကညာလိုက္ပါတယ္။
ၾကာသပေတးေန႔က ေၾကညာလိုက္တဲ့ ပစ္မွတ္ထား ဒဏ္ခတ္ခံရတဲ့ စာရင္းထဲမွာ ႐ုရွားလႊတ္ေတာ္အမတ္ ၃၂၈ ေယာက္စလုံးနဲ႔ အစိုးရပိုင္ ကုမၸဏီေတာ္ေတာ္မ်ားမ်ား ပါဝင္ခဲ့တာပါ။ ႏိုင္ငံတကာ စီးပြားေရး အသိုင္းအဝိုင္းမွာ အထူးအခြင့္အေရး ရရွိေနတာေတြကို ပယ္ဖ်က္ဖို႔ ရည္႐ြယ္ၿပီး အေရးယူခဲ့တာလို႔လည္း အေမရိကန္ အစိုးရ အႀကီးတန္း တာဝန္ရွိသူတေယာက္က ေျပာပါတယ္။
ဒဏ္ခတ္ခံရတဲ့ စာရင္းမွာေတာ့ ထင္ရွားတဲ့ ႐ုရွားဘ႑ာေရးလုပ္ငန္း Sovcombank က ဘုတ္အဖြဲ႕ဝင္ ၁၇ ေယာက္၊ ယူကရိန္းမွာ ႐ုရွားရဲ႕ စစ္ဆင္ေရးေတြအတြက္ ပစၥည္းေတြ ထုတ္လုပ္ေပးေနတဲ့ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရး ကုမၸဏီ ၄၈ ခုတို႔ ပါဝင္ခဲ့တာပါ။
႐ုရွားအစိုးရက အမ်ားစုပိုင္ဆိုင္တဲ့ ဘ႑ာေရး ဝန္ေဆာင္မႈလုပ္ငန္း Sberbank အႀကီးအကဲ Herman Gref နဲ႔ ႐ုရွားသမၼတ Vladimir Putin နဲ႔ ရင္းႏွီးတဲ့ ႐ုရွားသူႂကြယ္ Gennady Timchenko တို႔လည္း ပါဝင္ပါတယ္။
႐ုရွားသမၼတက ယူကရိန္းမွာ ဆက္လက္ စစ္ဆင္ေနသမွ် အေမရိကန္နဲ႔ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြက ႐ုရွားအစိုးရအေပၚ စီးပြားေရးအရ အခုလက္ရွိမွာေရာ၊ ေနာင္မွာပါ ဖိအားေပးသြားမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ထုတ္ျပန္ခ်က္မွာ ေျပာဆိုထားပါတယ္။
= = = = = = = = = =
{{ UNICODE }}
ရုရှားအပေါ် ဒဏ်ခတ်မှုအသစ်တွေ ကန် ကြေညာ
ယူကရိန်းအပေါ် ရုရှားကျုးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့နဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့တို့ ဆွေးနွေးနေချိန်မှာပဲ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေကို အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။
ကြာသပတေးနေ့က ကြေညာလိုက်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ခံရတဲ့ စာရင်းထဲမှာ ရုရှားလွှတ်တော်အမတ် ၃၂၈ ယောက်စလုံးနဲ့ အစိုးရပိုင် ကုမ္ပဏီတော်တော်များများ ပါဝင်ခဲ့တာပါ။ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းမှာ အထူးအခွင့်အရေး ရရှိနေတာတွေကို ပယ်ဖျက်ဖို့ ရည်ရွယ်ပြီး အရေးယူခဲ့တာလို့လည်း အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒဏ်ခတ်ခံရတဲ့ စာရင်းမှာတော့ ထင်ရှားတဲ့ ရုရှားဘဏ္ဍာရေးလုပ်ငန်း Sovcombank က ဘုတ်အဖွဲ့ဝင် ၁၇ ယောက်၊ ယူကရိန်းမှာ ရုရှားရဲ့ စစ်ဆင်ရေးတွေအတွက် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ ၄၈ ခုတို့ ပါဝင်ခဲ့တာပါ။
ရုရှားအစိုးရက အများစုပိုင်ဆိုင်တဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း Sberbank အကြီးအကဲ Herman Gref နဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ ရင်းနှီးတဲ့ ရုရှားသူကြွယ် Gennady Timchenko တို့လည်း ပါဝင်ပါတယ်။
ရုရှားသမ္မတက ယူကရိန်းမှာ ဆက်လက် စစ်ဆင်နေသမျှ အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေက ရုရှားအစိုးရအပေါ် စီးပွားရေးအရ အခုလက်ရှိမှာရော၊ နောင်မှာပါ ဖိအားပေးသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။