[[Zawgyi/Unicode]]
===============
[[Unicode]]
ရုရှားသံတမန် ၄၅ ဦး သူလျှိုလုပ်ငန်းလုပ်နေဟု ပိုလန်ထောက်လှမ်းရေး စွပ်စွဲ
ပိုလန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက သံတမန် ၄၅ ယောက်ဟာ သူလျှိုတွေအဖြစ် လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့အကြောင်း ပိုလန် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။
သူလျှိုအလုပ်လုပ်နေတယ်လို့ သံသယရှိတဲ့ ရုရှား သံတမန်စာရင်းကို ပိုလန်နိုင်ငံခြားရေးဌာနဆီ ပို့ထားပြီး အဲဒီလူတွေကို နိုင်ငံကနေနှင်ထုတ်ဖို့ တင်ပြထားတယ်လို့ ထောက်လှမ်းရေးအဖွဲ့ ပြောခွင့်ရတဦးက သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားသံတမန်တွေကို ပိုလန်ကနှင်ထုတ်ရင် ရုရှားဘက်ကလည်း လက်တုံ့ပြန်မယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနမှာ ထုတ်လွှင့်သွားပါတယ်။
===============