သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 တ႐ုတ္ နဲ႔ ႐ုရွား ကိုယ္စားလွယ္ေတြ အာဖဂန္ကို ေရွ႕ဆင္႔ေနာက္ဆင္႔ သြားေရာက္


AFGHANISTAN-CHINA-POLITICS-DIPLOMACY

တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ၾကာသပေတးေန႔က အာဖဂန္နစ္စတန္ႏိုင္ငံကို ေမ ွ်ာ္လင့္မထားပဲ ရုတ္တရက္ သြားေရာက္ခဲ့ၿပီး တာလီဘန္အာဏာပိုင္ေတြနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာဆိုေဆြးေႏြးခဲ့တဲ့ အျပင္ အာဖဂန္နစ္စတန္အေပၚ ႏုိင္ငံတကာရဲ့ အေရးယူဒဏ္ခတ္မႈေတြကို ဆန္႔က်င္ေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ နဲ႔ ႐ုရွား ကိုယ္စားလွယ္ေတြ အာဖဂန္ကို ေရွ႕ဆင္႔ေနာက္ဆင္႔ သြားေရာက္

{{Zawgyi/Unicode}}
တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ၾကာသပေတးေန႔က အာဖဂန္နစ္စတန္ႏိုင္ငံကို ေမ ွ်ာ္လင့္မထားပဲ ရုတ္တရက္ သြားေရာက္ခဲ့ၿပီး တာလီဘန္အာဏာပိုင္ေတြနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာဆိုေဆြးေႏြးခဲ့တဲ့ အျပင္ အာဖဂန္နစ္စတန္အေပၚ ႏုိင္ငံတကာရဲ့ အေရးယူဒဏ္ခတ္မႈေတြကို ဆန္႔က်င္ေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

အခုလုိ မေၾကညာပဲ သြားေရာက္ခဲ့တဲ့ အာဖဂန္ခရီးစဥ္ဟာ မႏွစ္က ၾသဂုတ္လ တာလီဘန္ေတြ အာဖဂန္နစ္စတန္ကို ထိန္းခ်ဳပ္ခဲ့ခ်ိန္ကစၿပီး ပထမဆံုး သြားေရာက္တာျဖစ္သလို အာဖဂန္နစ္စတန္က ဆိုးဝါးတဲ့ လူသားစာနာမႈ ျပႆနာနဲ႔ စီးပြါးေရးအေျခေနဆိုးဝါးေနတာကို ေျဖရွင္းရာမွာ အကူညီေပးဖို႔ တရုတ္အစိုးရက ကမကထလုပ္မယ့္ အာဖဂန္ရဲ့ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ အစည္ေဝး မတိုင္ခင္ သီတင္းတပတ္အလိုမွာ သြားေရာက္တာလည္း ျဖစ္ပါတယ္။

မတ္လ ၃၀ - ၃၁ ရက္ေတြမွာက်င္းပမယ့္ ဒီအစည္းေဝးမွာ အာဖဂန္နစ္စတန္ ကိုယ္စားလွယ္အျဖစ္ တာလီဘန္ႏိုင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi ကတက္ေရာက္မွာ ျဖစ္ၿပီး တက္ေရာက္လာသူေတြကို အာဖဂန္နစ္စတန္ ႏိုင္ငံရဲ့ ေနာက္ဆံုးအေျခေနကို သူက ရွင္းျပမွာ ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ့ အာဖဂန္ခရီးစဥ္ ၿပီးၿပီးခ်င္းမွာပဲ ရုရွားသမၼတ Vladimir Putin ရဲ့ အာဖဂန္ဆိုင္ရာ အထူးကိုယ္စားလွယ္ Zamir Kabulov ဦးေဆာင္တဲ့ အႀကီးတန္းကိုယ္စားလွယ္အဖြဲ႔ဟာ အာဖဂန္ ၿမိဳ႕ေတာ္ ကာဘူးလ္ ကို ေရာက္လာခဲ့တာပါ။

တရုတ္ ႏိုင္ငံျခားေရးဝန္ႀ႔ကီး Wang Yi နဲ႔ တာလီဘန္ ႏိုင္ငံျခားေရးဝန္ႀကီး Muttaqi တို႔ဟာ ၂ ႏိုင္ငံ ႏိုင္ငံေရး၊ စီးပြါးေရးနဲ႔ ကုန္သြယ္ေရး ဆိုင္ရာ တိုးျမွင့္ေဆာင္ရြက္ဖုိ႔ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ေၾကာင္း ေဆြးေႏြးပြဲအၿပီး တာလီဘန္ေတြက ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

တရုတ် နဲ့ ရုရှား ကိုယ်စားလှယ်တွေ အာဖဂန်ကို ရှေ့ဆင့်နောက်ဆင့် သွားရောက်

{{Zawgyi/Unicode}}
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ကြာသပတေးနေ့က အာဖဂန်နစ်စတန်နိုင်ငံကို မေ ျှာ်လင့်မထားပဲ ရုတ်တရက် သွားရောက်ခဲ့ပြီး တာလီဘန်အာဏာပိုင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးခဲ့တဲ့ အပြင် အာဖဂန်နစ်စတန်အပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အခုလို မကြေညာပဲ သွားရောက်ခဲ့တဲ့ အာဖဂန်ခရီးစဉ်ဟာ မနှစ်က သြဂုတ်လ တာလီဘန်တွေ အာဖဂန်နစ်စတန်ကို ထိန်းချုပ်ခဲ့ချိန်ကစပြီး ပထမဆုံး သွားရောက်တာဖြစ်သလို အာဖဂန်နစ်စတန်က ဆိုးဝါးတဲ့ လူသားစာနာမှု ပြဿနာနဲ့ စီးပွါးရေးအခြေနေဆိုးဝါးနေတာကို ဖြေရှင်းရာမှာ အကူညီပေးဖို့ တရုတ်အစိုးရက ကမကထလုပ်မယ့် အာဖဂန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အစည်ဝေး မတိုင်ခင် သီတင်းတပတ်အလိုမှာ သွားရောက်တာလည်း ဖြစ်ပါတယ်။

မတ်လ ၃၀ - ၃၁ ရက်တွေမှာကျင်းပမယ့် ဒီအစည်းဝေးမှာ အာဖဂန်နစ်စတန် ကိုယ်စားလှယ်အဖြစ် တာလီဘန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ကတက်ရောက်မှာ ဖြစ်ပြီး တက်ရောက်လာသူတွေကို အာဖဂန်နစ်စတန် နိုင်ငံရဲ့ နောက်ဆုံးအခြေနေကို သူက ရှင်းပြမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဖဂန်ခရီးစဉ် ပြီးပြီးချင်းမှာပဲ ရုရှားသမ္မတ Vladimir Putin ရဲ့ အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ် Zamir Kabulov ဦးဆောင်တဲ့ အကြီးတန်းကိုယ်စားလှယ်အဖွဲ့ဟာ အာဖဂန် မြို့တော် ကာဘူးလ် ကို ရောက်လာခဲ့တာပါ။

တရုတ် နိုင်ငံခြားရေးဝန်ြ့ကီး Wang Yi နဲ့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီး Muttaqi တို့ဟာ ၂ နိုင်ငံ နိုင်ငံရေး၊ စီးပွါးရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီး တာလီဘန်တွေက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

XS
SM
MD
LG