သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ကျောင်းဆရာတွေကို UNICEF ထောက်ပံ့မည်


အာဖဂန်နစ္စတန် Ghazni ခရိုင်တွင်းက စာသင်ကျောင်းတခုမှာ စာသင်ကြားနေတဲ့ ဆရာမတဦး။ (နိုဝင်ဘာ ၁၄၊ ၂၀၂၁)
အာဖဂန်နစ္စတန် Ghazni ခရိုင်တွင်းက စာသင်ကျောင်းတခုမှာ စာသင်ကြားနေတဲ့ ဆရာမတဦး။ (နိုဝင်ဘာ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန် အစိုးရကျောင်းတွေက ဆရာ ဆရာမတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအတွက် အရေးပေါ်ထောက်ပံ့ငွေ ထုတ်ပေးမှာဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒါဟာ ကျောင်းနေတဲ့အရွယ် ကျောင်းသား ကျောင်းသူအားလုံး ပညာဆက်သင်နိုင်ခွင့် ရစေဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီလိုပေးနိုင်အောင် အီးယူ ဥရောပသမဂ္ဂက ထောက်ပံ့တာဖြစ်ပြီး အာဖဂန်နိုင်ငံတလွှားက ဆရာ ဆရာမ ၁၉၄,၀၀၀ လောက်အတွက် ၆ လစာ တဦးကို တလ ဒေါ်လာ ၁၀၀ နဲ့ညီတဲ့ ငွေသား ပေးနိုင်တော့မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အာဖဂန်က အစိုးရကျောင်းတွေမှာ တက်ရောက်တဲ့ ကျောင်းသားကျောင်းသူက ၈ ဒသမ ၈ သန်းလောက်ရှိနေပြီး သူတို့ကို သင်ကြားပေးမယ့် ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍ အရေးပါမှုကိုပြဖို့ UNICEF နဲ့ မိတ်ဆွေတွေက အခုလိုလုပ်ဆောင်တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လာမယ့်လတွေမှာ ဆရာ ဆရာမ အများအပြားအတွက် အခက်ခဲတွေ ရင်ဆိုင်လာရဖို့ ရှိတဲ့အတွက် ကလေးတွေ ပညာဆက်သင်နိုင်ဖို့ ဒီအရေးပေါ်အကူအညီကို ဆက်လက်ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ ကုလအဖွဲ့အနေနဲ့ နောက်ထပ်အကူငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ လိုအပ်နေကြောင်း အာဖဂန်က UNICEF ဌာနေကိုယ်စားလှယ် Mohamed Ayoya က ပြောပါတယ်။

အာဖဂန်မှာ မနှစ်က သြဂုတ်လ တာလီဘန်တွေ ပြန်အုပ်ချုပ်လာချိန်ကစပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ အလုပ်ပြန်လုပ်ခွင့် ပေးထားတာပါ။ လာမယ့် မတ်လနှောင်းပိုင်းမှာတော့ မိန်းကလေးငယ်အားလုံးကို ကျောင်းပြန်တက်ခွင့် ပေးမယ်လို့ အစ္စလာမ္မစ်ဥပဒေနဲ့ အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ကတိပေးထားတာ ဖြစ်ပါတယ်။

အာဖဂန်ကျောင်းဆရာတွေကို UNICEF ထောက်ပံ့မည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)







XS
SM
MD
LG