သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ အငတ္ေဘးကယ္ဆယ္ေရး စာနာမႈရန္ပံုေငြ ထူေထာင္မည္


ကဘူးလ္ၿမိဳ႕မွာ အာဖဂန္အမ်ဳိးသမီးေတြနဲ႔ ကေလးငယ္တခ်ဳိ႕ကို ေပါင္မုန္႔ေဝေပးေနသူတဦး။ (ဒီဇင္ဘာ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ လူသားခ်င္းစာနာမႈ အက်ပ္ေဘးကို ေရွာင္လႊဲႏိုင္ေရးအတြက္ ရန္ပုံေငြတရပ္ ထူေထာင္ဖို႔ တနဂၤေႏြေန႔က ဆုံးျဖတ္လိုက္ၾကပါတယ္။

ႏုိင္ငံ ၅၇ ႏိုင္ငံနဲ႔ စုဖြဲ႔ထားတဲ့ OIC ေခၚ အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ရဲ႕ အေရးေပၚညီလာခံကို ပါကစၥတန္ႏိုင္ငံ အစၥလမ္မာဘတ္ၿမိဳ႕မွာ တရက္တာ က်င္းပခဲ့ၿပီး အာဖဂန္နစၥတန္ ရင္ဆိုင္ေနရတဲ့ လူသားခ်င္းစာနာမႈနဲ႔ စီးပြားေရးဆိုင္ရာ ကပ္ေဘးကို ေျဖရွင္းႏိုင္ဖို႔ စာနာမႈဆိုင္ရာ ရန္ပုံေငြအဖြဲ႔တခုကို တည္ေထာက္လိုက္တာပါ။

အာဖဂန္မွာ ကေလးငယ္ ၁ သန္းေလာက္ဟာ အာဟာရခ်ဳိ႕တဲ့ၿပီး ေသဆုံးရမယ့္ အႏၲရာယ္ ရင္ဆိုင္ေနရသလို အျခား သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြ အငတ္ေဘးနဲ႔ ႀကဳံရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

ဒီရန္ပုံေငြအဖြဲ႔ဟာ အစၥလာမ္ဖြံ႔ၿဖဳိးေရးဘဏ္ (Islamic Development Bank - IDB) ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ႏိ္ုင္ငံတကာ အကူအညီေပးေရး အဖြဲ႔ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ တရက္တာက်င္းပတဲ့ ညီလာခံအၿပီး ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ပါကစၥတန္က တာဝန္ယူက်င္းပတဲ့ ဒီညီလာခံကို အေမရိကန္၊ တ႐ုတ္၊ ႐ုရွားနဲ႔ ဥေရာပသမဂၢ၊ ကုလသမဂၢ ကိုယ္စားလွယ္ေတြပါ တက္ေရာက္ခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ အာဖဂန္မွာ တာလီဘန္ေတြ အာဏာရလာၿပီးေနာက္ အာဖဂန္ကို အကူအညီေပးေရး စုေဝးေဆြးေႏြးၾကတဲ့ အႀကီးဆုံး ႏိုင္ငံတကာညီလာခံလည္း ျဖစ္ပါတယ္။

ဒီညီလာခံမွာ တာလီဘန္အစိုးရရဲ႕ ယာယီ ႏိုင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi က အာဖဂန္ႏိုင္ငံေရးမွာ သက္ဆိုင္သူအမ်ားစု ပါဝင္ႏိုင္ေရးအတြက္ေရာ အမ်ဳိးသမီး အခြင့္အေရး အပါအဝင္ လူ႔အခြင့္အေရး ျမႇင့္တင္ ေဆာင္ရြက္သြားဖို႔ကိုပါ သူတို႔အစိုးရက အေလးထား လုပ္ေဆာင္သြားမယ္လို႔ ထပ္ေလာင္း ကတိေပးသြားပါတယ္။ ဒါ့အျပင္ အာဖဂန္ေျမကိုသုံးၿပီး ဘယ္အဖြဲ႔အစည္းကမွ အျခားတိုင္းျပည္ေတြကို အၾကမ္းဖက္တိုက္ခိုက္တာမ်ဳိး ျဖစ္မလာရေအာင္ လုပ္ေဆာင္သြားမယ္လို႔လည္း ထပ္မံအတည္ျပဳ ေျပာဆိုပါတယ္။

ယခင္ အာဖဂန္အစိုးရက ပိုင္ဆိုင္ၿပီး အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြမွာ အပ္ႏွံထားတဲ့ ေဒၚလာ ၉ ဒသမ ၅ ဘီလ်ံ ထုတ္ယူသုံးစဲြခြင့္ကို ပိတ္ပင္ခံထားရပါတယ္။ အဲဒီေငြေၾကး အမ်ားစုကို အေမရိကန္ဗဟိုဘဏ္မွာ အပ္ႏွံထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အာဖဂန် အငတ်ဘေးကယ်ဆယ်ရေး စာနာမှုရန်ပုံငွေ ထူထောင်မည်

အာဖဂန်နစ္စတန်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်ဘေးကို ရှောင်လွှဲနိုင်ရေးအတွက် ရန်ပုံငွေတရပ် ထူထောင်ဖို့ တနင်္ဂနွေနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။

နိုင်ငံ ၅၇ နိုင်ငံနဲ့ စုဖွဲ့ထားတဲ့ OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အရေးပေါ်ညီလာခံကို ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့မှာ တရက်တာ ကျင်းပခဲ့ပြီး အာဖဂန်နစ္စတန် ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုနဲ့ စီးပွားရေးဆိုင်ရာ ကပ်ဘေးကို ဖြေရှင်းနိုင်ဖို့ စာနာမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့တခုကို တည်ထောက်လိုက်တာပါ။

အာဖဂန်မှာ ကလေးငယ် ၁ သန်းလောက်ဟာ အာဟာရချို့တဲ့ပြီး သေဆုံးရမယ့် အန္တရာယ် ရင်ဆိုင်နေရသလို အခြား သန်းပေါင်းများစွာသော ပြည်သူတွေ အငတ်ဘေးနဲ့ ကြုံရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဒီရန်ပုံငွေအဖွဲ့ဟာ အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ် (Islamic Development Bank - IDB) ရဲ့ ထိန်းချုပ်မှုအောက်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တရက်တာကျင်းပတဲ့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပါကစ္စတန်က တာဝန်ယူကျင်းပတဲ့ ဒီညီလာခံကို အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ အာဖဂန်မှာ တာလီဘန်တွေ အာဏာရလာပြီးနောက် အာဖဂန်ကို အကူအညီပေးရေး စုဝေးဆွေးနွေးကြတဲ့ အကြီးဆုံး နိုင်ငံတကာညီလာခံလည်း ဖြစ်ပါတယ်။

ဒီညီလာခံမှာ တာလီဘန်အစိုးရရဲ့ ယာယီ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အာဖဂန်နိုင်ငံရေးမှာ သက်ဆိုင်သူအများစု ပါဝင်နိုင်ရေးအတွက်ရော အမျိုးသမီး အခွင့်အရေး အပါအဝင် လူ့အခွင့်အရေး မြှင့်တင် ဆောင်ရွက်သွားဖို့ကိုပါ သူတို့အစိုးရက အလေးထား လုပ်ဆောင်သွားမယ်လို့ ထပ်လောင်း ကတိပေးသွားပါတယ်။ ဒါ့အပြင် အာဖဂန်မြေကိုသုံးပြီး ဘယ်အဖွဲ့အစည်းကမှ အခြားတိုင်းပြည်တွေကို အကြမ်းဖက်တိုက်ခိုက်တာမျိုး ဖြစ်မလာရအောင် လုပ်ဆောင်သွားမယ်လို့လည်း ထပ်မံအတည်ပြု ပြောဆိုပါတယ်။

ယခင် အာဖဂန်အစိုးရက ပိုင်ဆိုင်ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ အပ်နှံထားတဲ့ ဒေါ်လာ ၉ ဒသမ ၅ ဘီလျံ ထုတ်ယူသုံးစွဲခွင့်ကို ပိတ်ပင်ခံထားရပါတယ်။ အဲဒီငွေကြေး အများစုကို အမေရိကန်ဗဟိုဘဏ်မှာ အပ်နှံထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG