သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အကျဉ်းချုံးသတ်ဖြတ်မှုပေါင်း ၁၀၀ ကျော်ရှိခဲ့ဟု HRW ဝေဖန်


စစ်ဆေးရေးဂိတ်တခုမှာ တာလီဘန်တိုက်ခိုက်ရေးသမားတယောက်က ခရီးသည်တဦးကို စစ်ဆေးရှာဖွေနေစဉ်။ (နိုဝင်ဘာ ၅၊ ၂၀၂၁)
စစ်ဆေးရေးဂိတ်တခုမှာ တာလီဘန်တိုက်ခိုက်ရေးသမားတယောက်က ခရီးသည်တဦးကို စစ်ဆေးရှာဖွေနေစဉ်။ (နိုဝင်ဘာ ၅၊ ၂၀၂၁)

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံ၊ ပြည်နယ်လေးခုမှာတင် တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲ တာလီဘန်တွေ သတ်ပစ်ခဲ့တာနဲ့ လက်စတုံး ဖျောက်ဖျက်ပစ်ခဲ့တဲ့ ဖြစ်ရပ်ပေါင်း ၁၀၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကပြောပါတယ်။

အနောက်နိုင်ငံတွေက တပ်ဖွဲ့တွေ အာဖဂန်ကနေ ထွက်သွားပြီးတဲ့နောက် သြဂုတ်လမှာ တာလီဘန်အဖွဲ့ အာဏာရယူခဲ့ချိန်ကတည်းက လက်စားခြေတုံ့ပြန်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ HRW က ဆိုပါတယ်။

ဂါဇနီ၊ ဟယ်လ်မန်ဒ်၊ ကန်ဒါဟာနဲ့ ကွန်ဒုဇ်ပြည်နယ်တွေမှာ သြဂုတ်လနဲ့ အောက်တိုဘာလကုန်အတွင်း ဖြစ်ခဲ့တာတွေကို မှတ်တမ်းတင်ခဲ့တာဖြစ်ပေမယ့် အဲဒီလိုဖြစ်ရပ်မျိုးတွေ အာဖဂန်နစ္စတန်နိုင်ငံတဝန်းမှာ ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။

လက်စားခြေတာမျိုး မလုပ်ပါဘူးလို့ တာလီဘန်တွေ ကတိပေးခဲ့တဲ့ကြားမှာပဲ အခုလို သတ်ပစ်တာတွေ ဖြစ်ခဲ့တာလို့ HRW အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မျက်မြင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ အစိုးရတာဝန်ရှိသူဟောင်းတွေ၊ တာလီဘန်တာဝန်ရှိသူတွေ စသည်အားဖြင့် လူပေါင်း ၆၇ ယောက်ကို လူကိုယ်တိုင် တွေ့ဆုံပြီး မေးထားတာ၊ တယ်လီဖုန်းကတဆင့် မေးမြန်းထားတာတွေကနေ သုတေသီတွေက အထောက်အထားတွေ စုဆောင်းရယူပြီး အစီရင်ခံစာပြုစုခဲ့တာပါ။

တာလီဘန်အဖွဲ့ကတော့ အဲဒီလုပ်ရပ်တွေ ကျူးလွန်သူတွေကို ထုတ်ပစ်လိုက်ပြီးပြီလို့ HRW ကို ပြောခဲ့ပေမယ့် နောက်ထပ် အသေးစိတ်တွေကို မပြောသလို အထောက်အထားပြတာလည်း မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


========

{{/Unicode}}








#Afghanistan #AfghanistanSummaryExecution #HRW

XS
SM
MD
LG