သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အကျပ်အတည်း ကူညီဖြေရှင်းရေး ပါကစ္စတန်မှာ ဆွေးနွေးမည်


အာဖဂန်နစ္စတန် Herat မြို့ရှိ ဒုက္ခသည်စခန်းတွင်းက အာဖဂန်ကလေးငယ်အချို့။ (နိုဝင်ဘာ ၂၉၊ ၂၀၂၁)
အာဖဂန်နစ္စတန် Herat မြို့ရှိ ဒုက္ခသည်စခန်းတွင်းက အာဖဂန်ကလေးငယ်အချို့။ (နိုဝင်ဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကြီးကို ကူညီဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရေးအတွက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် ၅၇ နိုင်ငံ၊ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကိုယ်စားလှယ်တွေ ပါကစ္စတန်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲကနေ အာဖဂန်နစ္စတန်နိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ အလျင်အမြန် ဆုတ်ယုတ်ကျဆင်းလာပြီး စီးပွားရေး ပြိုလဲသွားနိုင်တဲ့ အလားအလာကို ထိန်းချုပ် ပြောင်းလဲနိုင်ရေး နည်းလမ်းတွေ ရလာဖို့ ဆွေးနွေးပွဲ တက်ရောက်သူတွေက မျှော်လင့်ထားကြောင်းလည်း ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

အခု OIC က ဦးစီးကျင်းပမယ့် ဆွေးနွေးပွဲဟာဆိုရင် အာဖဂန်မှာ တာလီဘန်တို့ အာဏာရယူပြီးနောက်ပိုင်း အကြီးဆုံး နိုင်ငံတကာ ဆွေးနွေးပွဲကြီးလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အာဖဂန်စစ်ပွဲကနေ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေ ထွက်ခွာချိန် သြဂုတ်လလယ်ပိုင်းအတွင်း အနောက်နိုင်ငံတွေ ထောက်ခံတဲ့ အာဖဂန်အစိုးရထံကနေ တာလီဘန်တို့ အာဏာရယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂတို့လည်း ဒီဆွေးနွေးပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တာလီဘန်အစိုးရရဲ့ ယာယီ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi လည်း စနေနေ့က ရောက်ရှိနေပြီဖြစ်ပြီး အစည်းအဝေး တက်ရောက်လာသူတွေကို အာဖဂန်နိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီညီလာခံမှာ အာဖဂန်နိုင်ငံအတွက် လူသားချင်း စာနာထောက်ကူမှုနဲ့ စီးပွားရေး ထောက်ပံ့မှုတွေ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတရပ် ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်းလည်း တာလီဘန်ရဲ့ ယာယီ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ အာဖဂန်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည် ဖြစ်ထွန်းလာအောင် ဒီညီလာခံက အထောက်အကူ ဖြစ်ဖို့လည်း မျှော်လင့်ကြောင်း သူက ပြောဆိုခဲ့ပါတယ်။

အာဖဂန် အကျပ်အတည်း ကူညီဖြေရှင်းရေး ပါကစ္စတန်မှာ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)










XS
SM
MD
LG