သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္အထူးသံ အာဖဂန္အေရးေဆြးေႏြးဖို႔ ခရီးစဥ္စတင္


( Zawgyi/ Unicode)

အေမရိကန္ျပည္ေထာင္စုရဲ့ အာဖဂန္နစၥတန္ႏုိင္ငံဆုိင္ရာအထူးကုိယ္စားလွယ္၊ အသံအမတ္ႀကီး ေသာမတ္စ္ ၀က္စ္ Thomas West ဟာ အာဖဂန္အေရးအတြက္သူရဲ့ခရီးစဥ္ကုိ တနလၤာေန့က စတင္လုိက္ပါတယ္။

သူ့ရဲ့ခရီးစဥ္မွာ ဥေရာပတုိက္ကုိအရင္သြားေရာက္ၿပီး ဘယ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲၿမိဳ့ေတာ္မွာ မဟာမိတ္အဖဲြ့၀င္ႏုိင္ငံေတြနဲ့ အာဖဂန္အေရးကုိ အရင္ေဆြးေႏြးမွာျဖစ္ပါတယ္။ အဲဒိေနာက္ အာရွတုိက္ကုိဆက္လက္ထြက္ခြါမွာျဖစ္ပါတယ္။

အာဖန္ဂန္မွာ ဒီေဆာင္းရာသီအတြင္း ခေလးနဲ့ အမ်ိဳးသမီးေတြအပါအ၀င္ လူဦးေရ ၂၃ သန္းေလာက္ ဟာအငတ္ေဘးနဲ့ႀကုံႏုိင္တဲ့အေျခအေနနဲ့ရင္ဆုိင္ေနရပါတယ္။

သူ့အေနနဲ့အေမရိကန္ရဲ့အက်ိဳးစီးပြားကုိျမွင့္တင္ဖုိ့နဲ့ အာဖဂန္ျပည္သူေတြကုိ ကူညီဖုိ့အတြက္ ေဆာင္ ရြက္သြားမယ္လုိ့ Thomas West က ခရီးစဥ္မစခင္မွာ တြစ္တာစာမ်က္ႏွာမွာေရး သားေဖၚျပခဲ့ပါ တယ္။

အာဖဂန္အေရးကုိထိထိေရာက္ေရာက္လုပ္ႏုိင္ဖုိ့အတြက္ ႏုိင္ငံတကာအသုိင္းအ၀ုိင္းအေနနဲ့ အတူ တကြလက္တဲြလုပ္ေဆာင္ဖုိ့လုိမယ္လုိ့လည္း သံအမတ္ႀကီး Thomas West ကေျပာဆုိထားပါတယ္။

အာဖဂန္လူဦးေရ သန္း ၄၀ နီးပါးရဲ့ ထက္၀က္ရွိတဲ့ လူသန္း ၂၀ ေက်ာ္ေလာက္ဟာ အငတ္ေဘးနဲ့ ႀကဳံႏုိင္တယ္လုိ့ ကုလသမဂၢကလည္းသတိေပးထားပါတယ္။ အာဖန္ဂန္မွာ ဓာတ္ဆီေစ်းေတြတက္ၿပီး၊ အေျခခံကုန္ပစၥည္းေတြနဲ့ ဓာတ္ေျမၾသဇာေစ်းေတြလည္း အဆမတန္တက္ေနၾကာင္း ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ WFP ကတနလၤာေန့မွာ ေၾကျငာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


( Unicode )

ကန်အထူးသံ အာဖဂန်အရေးဆွေးနွေးဖို့ ခရီးစဉ်စတင်

အမေရိကန်ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ အသံအမတ်ကြီး သောမတ်စ် ဝက်စ် Thomas West ဟာ အာဖဂန်အရေးအတွက်သူရဲ့ခရီးစဉ်ကို တနင်္လာနေ့က စတင်လိုက်ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာ ဥရောပတိုက်ကိုအရင်သွားရောက်ပြီး ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်မှာ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဖဂန်အရေးကို အရင်ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒိနောက် အာရှတိုက်ကိုဆက်လက်ထွက်ခွါမှာဖြစ်ပါတယ်။

အာဖန်ဂန်မှာ ဒီဆောင်းရာသီအတွင်း ခလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူဦးရေ ၂၃ သန်းလောက် ဟာအငတ်ဘေးနဲ့ကြုံနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

သူ့အနေနဲ့အမေရိကန်ရဲ့အကျိုးစီးပွားကိုမြှင့်တင်ဖို့နဲ့ အာဖဂန်ပြည်သူတွေကို ကူညီဖို့အတွက် ဆောင် ရွက်သွားမယ်လို့ Thomas West က ခရီးစဉ်မစခင်မှာ တွစ်တာစာမျက်နှာမှာရေး သားဖေါ်ပြခဲ့ပါ တယ်။

အာဖဂန်အရေးကိုထိထိရောက်ရောက်လုပ်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အတူ တကွလက်တွဲလုပ်ဆောင်ဖို့လိုမယ်လို့လည်း သံအမတ်ကြီး Thomas West ကပြောဆိုထားပါတယ်။

အာဖဂန်လူဦးရေ သန်း ၄၀ နီးပါးရဲ့ ထက်ဝက်ရှိတဲ့ လူသန်း ၂၀ ကျော်လောက်ဟာ အငတ်ဘေးနဲ့ ကြုံနိုင်တယ်လို့ ကုလသမဂ္ဂကလည်းသတိပေးထားပါတယ်။ အာဖန်ဂန်မှာ ဓာတ်ဆီဈေးတွေတက်ပြီး၊ အခြေခံကုန်ပစ္စည်းတွေနဲ့ ဓာတ်မြေသြဇာဈေးတွေလည်း အဆမတန်တက်နေကြာင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကတနင်္လာနေ့မှာ ကြေငြာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG