သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ တ႐ုတ္ဘက္က အဆင္သင့္ (တာလီဘန္) 


(Zawgyi / Unicode)

တရုတ္ရဲ႕ ပိုင္ဆိုင္မႈေတြနဲ႔ အလုပ္သမားေတြရဲ႕ လံုၿခံဳေရးကို တာလီဘန္က အာမခံမယ္ဆိုရင္ အာဖဂန္နစၥတန္မွာ တရုတ္ဘက္က ေဒၚလာ သန္းေထာင္ခ်ီ ရင္းႏွီးျမႇဳပ္ႏွံဖို႔ လိုလားေနပါတယ္။ တာလီဘန္ရဲ႕ သတင္းနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ယာယီ ဒုတိယ ၀န္ႀကီး Zabihullah Mujahid ကေတာ့ သူ႔အစိုးရ အေနနဲ႔ ေဆာင္ရြက္ဖို႔ အဆင္သင့္ ရွိေၾကာင္းလည္း ေျပာပါတယ္။

ကာဘူးလ္ၿမိဳ႕ေတာ္မွာ ဗီြအိုေအ သတင္းေထာက္ Ayesha Tanzeem နဲ႔ ရုပ္သံ ေတြ႔ဆံုေမးျမန္းမႈထဲကေန ေကာက္ႏုတ္ၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

AYESHA TANZEEM: စီးပြားေရး ကိစၥ လွည့္ရေအာင္ပါ။ အာဖဂန္ရဲ႕ စီးပြားေရးက သိပ္ၿပီးမေကာင္းပါဘူး။ စီးပြားေရးကို ကယ္တင္ဖို႔ ဘာ အစီအစဥ္ ရွိပါလဲ။

ZABIHULLAH MUJAHID: စီးပြားေရး အေျခအေနက ပံုမွန္ ျပန္ျဖစ္လာေနပါၿပီ။ ႏုိင္ငံ႔ အရင္းအျမစ္ေတြကို က်ေနာ္တို႔ စုစည္းထားၿပီး ဆက္ၿပီး စုစည္းေနဆဲလည္း ျဖစ္ပါတယ္။ က်ေန္ာတို႔ ကုန္သည္ေတြလည္း ရင္းႏွီးျမႇဳပ္ႏွံဖို႔ အဆင္သင့္ပါ။ လမ္း တည္ေဆာက္မႈ အပါအ၀င္ စီမံကိန္းႀကီးေတြလည္း လုပ္ေနပါၿပီ။ သတၱဳ တူးေဖာ္ေရး အတြက္ ႏုိင္ငံ တခ်ိဳ႕နဲ႔ သေဘာတူ လက္မွတ္ထိုးႏုိင္ဖို႔လည္း နီးစပ္လာပါၿပီ။

AYESHA TANZEEM: အေမရိကန္နဲ႔ ညွိႏႈိင္းမႈကေန ဘာ ေမွ်ာ္လင့္ထားပါလဲ။ အေမရိကန္ဘက္က ထိ္န္းထားတဲ႔ ေငြကို ျမန္ျမန္ ေျဖေလွ်ာ့ေပးဖို႔ ေမွ်ာ္လင့္ပါသလား၊ အျပန္အလွန္ အေနနဲ႔ ဘာေတြ ကမ္းလွမ္းလိုပါလဲ။

ZABIHULLAH MUJAHID: အာဖဂန္နစၥတန္ရဲ႕ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ထားတာဟာ အာဖဂန္နစၥတန္ ျပည္သူေတြ အေပၚမွာ မတရားမႈ ျဖစ္ပါတယ္။ အေမရိကန္ေတြနဲ႔ က်ေနာ္တို႔ ညွိေနပါတယ္။ အာဖဂန္ ျပည္သူေတြရဲ႕ ပိုင္ဆိုင္မႈ ျဖစ္တာေၾကာင့္ ဒီေငြေတြ ေျဖေလွ်ာ့ေပးေရး အတြက္ တျခားႏုိင္ငံေတြ၊ ႏုိင္ငံတကာ ဘဏ္ေတြနဲ႔လည္း ညွိေနပါတယ္။ ဒါဟာ အာဖဂန္ ျပည္သူေတြရဲ႕ အသက္ေမြး၀မ္းေက်ာင္းမႈ ျဖစ္ပါတယ္။ အာဖဂန္ လူထုရဲ႕ စီးပြားေရး ျပသနာကို ေျဖရွင္းေရး အတြက္ ဒီေငြေတြ ေျဖေလွ်ာ့ေပးေရးက အေရးႀကီးပါတယ္။

AYESHA TANZEEM. အေမရိကန္ဘက္ ပြင့္ပြင္႔လင္းလင္း ေတာင္းဆိုခ်က္ေတြထဲ တခုကေတာ့ မိန္းကေလးေတြ အတြက္ ေက်ာင္းေတြ ဖြင့္ဖို႔နဲ႔ တာလီဘန္ဘကကလည္း အမ်ိဳးသမီးေတြ ပညာေရး အတြက္ ကတိျပဳထားပါတယ္။ ဒီေက်ာင္းေတြကိုလည္း သီးျခားခြဲထားပါၿပီ။ ဒီေက်ာင္းေတြ ဘာေၾကာင့္ မဖြင့္တာပါလဲ။

ZABIHULLAH MUJAHID: အခုအခ်ိန္ထိေတာ့ အေမရိကန္ေတြဘက္က ရွင္းရွင္းလင္းလင္း ေတာင္းဆိုတာ မရွိေသးပါဘူး။ အမ်ိဳးသမီးေတြ အခြင့္အေရးနဲ႔ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေၾကာင္းသာ ေျပာထားတာပါ။ က်ေနာ္တို႔ အေနနဲ႔ ဒီအခြင့္အေရးေတြကို ေလးစားမယ္ဆိုတာကို သူတို႔ကို အာမခံပါတယ္။ ဒါေပမယ့္ အစၥလာမ္ စည္းမ်ဥ္းေတြ၊ ဥပေဒတြ အရ သာ ျဖစ္ရပါမယ္။ အခုေတာ့ က်ေနာ္တို႔ ဒီမူ၀ါဒကို ခ်မွတ္ေနပါတယ္။ မိန္းကေလးေတြ ေက်ာင္းမတက္ရဘူးလို႔ က်ေနာ္တို႔ မေျပာပါဘူး။ အစီအစဥ္ တခု ခ်မွတ္ႏုိင္ဖို႔ တိုင္ပင္ေနၿပီး အခ်ိန္တို အတြင္း ဒီကိစၥေျဖရွင္းႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

AYESHA TANZEEM. ဒီအစီအစဥ္ကို ရွင္းျပလို႔ ရမလား။ မိန္းကေလးေတြ အတြက္ ပညာေရး အစီအစဥ္လား။ အခု အေျခအေနနဲ႔ ဘာမ်ား ကြာျခားသြားမလဲ။

ZABIHULLAH MUJAHID: လုပ္နည္း လုပ္ဟန္ အေျပာင္းအလဲဘဲ ျဖစ္မွာပါ။ ခရီးသြားတာကေန ေက်ာင္းသြား၊ အလုပ္သြားတာ အပါအ၀င္ အမ်ိဳးသမီးေတြကို ဘယ္လို ေဘးကင္းေအာင္ ထားမလဲ၊ ရုပ္ပိုင္းဆိုင္ရာ ေဘးကင္းလံုျခံဳၿပီး စိတ္ ေက်နပ္မႈ ရွိေစဖို႔ အတြက္ ေက်ာင္းေတြမွာ စိတ္ခ်ရတဲ႔ ပတ္၀န္းက်င္မ်ိဳး ဖန္တီးေပးႏုိင္ေရး အတြက္ အစီအစဥ္ကို လုပ္ေနတာပါ။

AYESHA TANZEEM. အာဖဂန္နစၥတန္မွာ အမ်ိဳးသမီးေတြ အလုပ္လုပ္ခြင့္ ေပးမယ္ ဒါေပမယ့္ အစၥလာမ္ ဥပေဒ အရ ျဖစ္ရမယ္လု႔ိ တာလီဘန္က ေျပာပါတယ္။ ဒါေပမယ့္လည္း အစၥလာမၼစ္ကုိ ဘယ္လို အဓိပၸါယ္ ဖြင့္သလဲ ဆိုတဲ႔ အေပၚမွာ အာဖဂန္ အမ်ိဳးသမီးေတြၾကားမွာ နားမလည္ႏုိင္ ျဖစ္ေနၾကပါတယ္။ ဥပမာ ေျပာရရင္ က်မ ဒီမွာ ေတြ႔ဆံုေမးျမန္းေနတာ အစၥလာမၼစ္ ျဖစ္တယ္လို႔ ထင္ပါလား။

ZABIHULLAH MUJAHID: အမ်ိဳးသမီးေတြ အတြက္ စည္းမ်ဥ္းေတြ၊ ဘယ္လို အလုပ္လုပ္ၾကမလဲ ဒါမွမဟုတ္လည္း သူတို႔ ဆက္လက္ ပညာသင္ၾကားေရး အတြက္ သင္ၾကားေပးဖို႔က အစၥလာမၼစ္ ဆရာေတြက ဆံုးျဖတ္ရမွာပါ။ ဒီကိစၥကို ဆရာေတြ စုစည္း တိုင္ပင္တာကို က်ေနာ္တို႔ ေစာင့္ဆိုင္းေနပါတယ္။ ၿပီးရင္ေတာ့ သူတိ႔ု ဆံုးျဖတ္ခ်က္ကို အစိုးရကို တင္ျပမွာပါ။

AYESHA TANZEEM: ပညာတတ္ အာဖဂန္ အမ်ားအျပားလည္း ႏုိင္ငံကေန ထြက္သြားၾကပါၿပီ။ ႏုိင္ငံကို စီမံခန္႔ခြဲဖို႔ အတြက္ အရည္အခ်င္းျပည့္သူ အလံုအေလာက္ မရွိဘူးလို႔လည္း တခ်ိဳ႕က ေျပာပါတယ္။ ဒီကိစၥ ဘယ္လုိ လုပ္မလဲ။

ZABIHULLAH MUJAHID: အထူး ကြ်မ္းက်င္ဖို႔ လိုအပ္တဲ႔ ဌာနေတြမွာ အရည္အေသြးရွိ ပုဂၢိဳလ္မ်ားကို ခန္႔အပ္ႏုိင္ေရး က်ေနာ္တို႔ ႀကိဳစားေနပါတယ္။ ဥပမာ ေျပာရရင္ က်န္းမာေရးမွာဆိုရင္ ဆရာ၀န္ တေယာက္ကို ၀န္ႀကီး ျဖစ္ေစခ်င္ပါတယ္။ ကုန္သြယ္ေရးမွာဆိုရင္ ကုန္သည္ တေယာက္ကို ၀န္ႀကီး ျဖစ္ေစလိုပါတယ္။ ဘဏ္လုပ္ငန္းမွာဆိုရင္လည္း ဘဏ္လုပ္ငန္းဆိုင္ရာမွာ ပါရဂူဘြဲ႔ရ တေယာက္ကို ၀န္ႀကီးျဖစ္ေစခ်င္ပါတယ္။ တျခား ဌာနေတြ အတြက္လည္း အလားတူ ေမွ်ာ္မွန္းထားပါတယ္။ ဒီဌာနေတြမွာ အလုပ္လုပ္ေနသူ အမ်ားစုက အရင္ကတည္းက လုပ္ေနၾကသူေတြ ျဖစ္ပါတယ္။

AYESHA TANZEEM. အာဖဂန္နစၥတန္ကိုလာၿပီး ေငြေၾကး ရင္းႏွီးျမႇပ္ႏွံေရး တရုတ္ကို စိတ္၀င္စားေနတယ္လို႔ ေျပာပါတယ္။ တာလီဘန္ေတြ အေနတဲ႔ တရုတ္ကို ဘာေတြ လုပ္ေစခ်င္ပါလဲ။

ZABIHULLAH MUJAHID: တရုတ္ဟာ အိမ္နီးခ်င္း ျဖစ္ၿပီး စီးပြားေရး အင္အားေကာင္းပါတယ္။ သူတို႔နဲ႔ ကုန္သြယ္ေရး၊ စီးပြားေရး ဆက္ဆံမႈကို တိုးျမႇင့္ႏုိင္ေရး က်ေနာ္တို႔ ႀကိဳစားေနပါတယ္။ တရုတ္နဲ႔ ကုန္သြယ္ေရး နဲ႔ ရင္းႏွီးျမႇုပ္ႏွံလိုေနေပမယ့္လည္း က်ေနာ္တို႔ရဲ႕ ျပည္တြင္းေရးမွာ ၀င္ေရာက္စြက္ဖက္တာမ်ိဳးကိုေတာ့ လက္ခံမွာ မဟုတ္ပါဘူး။

AYESHA TANZEEM: တရုတ္ သံတမန္ေတြနဲ႔ ေဆြးေႏြးတဲ႔ အခါမွာ သူတို႔ဘက္က အာဖဂန္နစၥတန္မွာ ဘာေတြ လိုလားေနပါလဲ။ သူတို႔က ဘာေတြ လိုခ်င္ေနပါလဲ။ အာဖဂန္နစၥတန္မွာ သူတို႔ ဘာေတြ လုပ္လိုေနပါလဲ။

ZABIHULLAH MUJAHID: ဒီမွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ သူတို႔ အလုပ္သမားေတြ အတြက္ လံုၿခံဳေရးကို သူတို႔က လိုလားပါတယ္။ အာဖဂန္နစၥတန္ ႏုိင္ငံတြင္းက က႑ တခ်ိဳ႕မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ သူတို႔ စိတ္၀င္စားေနၿပီး အေသးစိတ္ ညွိႏိႈင္း ေဆြးေႏြးလိုေနပါတယ္။ ဒီစီမံကိန္းေတြထဲက တခုကေတာ့ Mes Aynak မွာ ျဖစ္ပါတယ္။ သူတို႔ဘက္က ေဒၚလာ သန္းေထာင္ခ်ီ ရင္းႏွီးျမႇပ္ႏွံလိုေနတဲ႔ အေရးႀကီးတဲ႔ နယ္ပယ္ေတြထဲက တခုျဖစ္ၿပီး အာဖဂန္နစၥတန္ အတြက္လည္း လိုအပ္ပါတယ္။ သူတို႔ရဲ႕ ရင္းႏွီးျမွပ္ႏွံမႈနဲ႔ ပိုင္ဆိုင္မႈေတြ အတြက္ လံုၿခံဳေရးကို က်ေနာ္တို႔ ကတိျပဳထားပါတယ္။

ေရွးေဟာင္း ဗုဒၶ႐ုပ္ပြားေတာ္ေတြ တည္ရွိရာ Mes Aynak သတၱဳ တူးေဖာ္ေရး လုပ္ကြက္ကေတာ့ အာဖဂန္နစၥတန္ရဲ႕ အႀကီးဆံုး ေၾကးနီ သတၱဳ တူးေဖာ္ေရး လုပ္ကြက္ေတြထဲက တခု ျဖစ္ပါတယ္။ အာဖဂန္နစၥတန္မွာ အေမရိကန္ ေဒၚလာ ၁ ထရီလီယံ ေက်ာ္ တန္ဖိုးရွိတဲ႔ မတူးေဖာ္ေရးေသးတဲ႔ တြင္းထြက္ သတၱဳ သယံဇာတ ေတြ ရွိတယ္လို႔လည္း ယူဆထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဖဂန်မှာ ရင်းနှီးမြှုပ်နှံဖို့ တရုတ်ဘက်က အဆင်သင့် (တာလီဘန်)

တရုတ်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေးကို တာလီဘန်က အာမခံမယ်ဆိုရင် အာဖဂန်နစ္စတန်မှာ တရုတ်ဘက်က ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြှုပ်နှံဖို့ လိုလားနေပါတယ်။ တာလီဘန်ရဲ့ သတင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယာယီ ဒုတိယ ဝန်ကြီး Zabihullah Mujahid ကတော့ သူ့အစိုးရ အနေနဲ့ ဆောင်ရွက်ဖို့ အဆင်သင့် ရှိကြောင်းလည်း ပြောပါတယ်။ ကာဘူးလ်မြို့တော်မှာ ဗွီအိုအေ သတင်းထောက် Ayesha Tanzeem နဲ့ ရုပ်သံ တွေ့ဆုံမေးမြန်းမှုထဲကနေ ကောက်နုတ်ပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

AYESHA TANZEEM: စီးပွားရေး ကိစ္စ လှည့်ရအောင်ပါ။ အာဖဂန်ရဲ့ စီးပွားရေးက သိပ်ပြီးမကောင်းပါဘူး။ စီးပွားရေးကို ကယ်တင်ဖို့ ဘာ အစီအစဉ် ရှိပါလဲ။

ZABIHULLAH MUJAHID: စီးပွားရေး အခြေအနေက ပုံမှန် ပြန်ဖြစ်လာနေပါပြီ။ နိုင်ငံ့ အရင်းအမြစ်တွေကို ကျနော်တို့ စုစည်းထားပြီး ဆက်ပြီး စုစည်းနေဆဲလည်း ဖြစ်ပါတယ်။ ကျနေ်ာတို့ ကုန်သည်တွေလည်း ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ပါ။ လမ်း တည်ဆောက်မှု အပါအဝင် စီမံကိန်းကြီးတွေလည်း လုပ်နေပါပြီ။ သတ္တု တူးဖော်ရေး အတွက် နိုင်ငံ တချို့နဲ့ သဘောတူ လက်မှတ်ထိုးနိုင်ဖို့လည်း နီးစပ်လာပါပြီ။

AYESHA TANZEEM: အမေရိကန်နဲ့ ညှိနှိုင်းမှုကနေ ဘာ မျှော်လင့်ထားပါလဲ။ အမေရိကန်ဘက်က ထိန်းထားတဲ့ ငွေကို မြန်မြန် ဖြေလျှော့ပေးဖို့ မျှော်လင့်ပါသလား၊ အပြန်အလှန် အနေနဲ့ ဘာတွေ ကမ်းလှမ်းလိုပါလဲ။

ZABIHULLAH MUJAHID: အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာဟာ အာဖဂန်နစ္စတန် ပြည်သူတွေ အပေါ်မှာ မတရားမှု ဖြစ်ပါတယ်။ အမေရိကန်တွေနဲ့ ကျနော်တို့ ညှိနေပါတယ်။ အာဖဂန် ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်တာကြောင့် ဒီငွေတွေ ဖြေလျှော့ပေးရေး အတွက် တခြားနိုင်ငံတွေ၊ နိုင်ငံတကာ ဘဏ်တွေနဲ့လည်း ညှိနေပါတယ်။ ဒါဟာ အာဖဂန် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု ဖြစ်ပါတယ်။ အာဖဂန် လူထုရဲ့ စီးပွားရေး ပြသနာကို ဖြေရှင်းရေး အတွက် ဒီငွေတွေ ဖြေလျှော့ပေးရေးက အရေးကြီးပါတယ်။

AYESHA TANZEEM. အမေရိကန်ဘက် ပွင့်ပွင့်လင်းလင်း တောင်းဆိုချက်တွေထဲ တခုကတော့ မိန်းကလေးတွေ အတွက် ကျောင်းတွေ ဖွင့်ဖို့နဲ့ တာလီဘန်ဘကကလည်း အမျိုးသမီးတွေ ပညာရေး အတွက် ကတိပြုထားပါတယ်။ ဒီကျောင်းတွေကိုလည်း သီးခြားခွဲထားပါပြီ။ ဒီကျောင်းတွေ ဘာကြောင့် မဖွင့်တာပါလဲ။

ZABIHULLAH MUJAHID: အခုအချိန်ထိတော့ အမေရိကန်တွေဘက်က ရှင်းရှင်းလင်းလင်း တောင်းဆိုတာ မရှိသေးပါဘူး။ အမျိုးသမီးတွေ အခွင့်အရေးနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းသာ ပြောထားတာပါ။ ကျနော်တို့ အနေနဲ့ ဒီအခွင့်အရေးတွေကို လေးစားမယ်ဆိုတာကို သူတို့ကို အာမခံပါတယ်။ ဒါပေမယ့် အစ္စလာမ် စည်းမျဉ်းတွေ၊ ဥပဒေတွ အရ သာ ဖြစ်ရပါမယ်။ အခုတော့ ကျနော်တို့ ဒီမူဝါဒကို ချမှတ်နေပါတယ်။ မိန်းကလေးတွေ ကျောင်းမတက်ရဘူးလို့ ကျနော်တို့ မပြောပါဘူး။ အစီအစဉ် တခု ချမှတ်နိုင်ဖို့ တိုင်ပင်နေပြီး အချိန်တို အတွင်း ဒီကိစ္စဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

AYESHA TANZEEM. ဒီအစီအစဉ်ကို ရှင်းပြလို့ ရမလား။ မိန်းကလေးတွေ အတွက် ပညာရေး အစီအစဉ်လား။ အခု အခြေအနေနဲ့ ဘာများ ကွာခြားသွားမလဲ။

ZABIHULLAH MUJAHID: လုပ်နည်း လုပ်ဟန် အပြောင်းအလဲဘဲ ဖြစ်မှာပါ။ ခရီးသွားတာကနေ ကျောင်းသွား၊ အလုပ်သွားတာ အပါအဝင် အမျိုးသမီးတွေကို ဘယ်လို ဘေးကင်းအောင် ထားမလဲ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး စိတ် ကျေနပ်မှု ရှိစေဖို့ အတွက် ကျောင်းတွေမှာ စိတ်ချရတဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ရေး အတွက် အစီအစဉ်ကို လုပ်နေတာပါ။

AYESHA TANZEEM. အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့် ပေးမယ် ဒါပေမယ့် အစ္စလာမ် ဥပဒေ အရ ဖြစ်ရမယ်လု့ိ တာလီဘန်က ပြောပါတယ်။ ဒါပေမယ့်လည်း အစ္စလာမ္မစ်ကို ဘယ်လို အဓိပ္ပါယ် ဖွင့်သလဲ ဆိုတဲ့ အပေါ်မှာ အာဖဂန် အမျိုးသမီးတွေကြားမှာ နားမလည်နိုင် ဖြစ်နေကြပါတယ်။ ဥပမာ ပြောရရင် ကျမ ဒီမှာ တွေ့ဆုံမေးမြန်းနေတာ အစ္စလာမ္မစ် ဖြစ်တယ်လို့ ထင်ပါလား။

ZABIHULLAH MUJAHID: အမျိုးသမီးတွေ အတွက် စည်းမျဉ်းတွေ၊ ဘယ်လို အလုပ်လုပ်ကြမလဲ ဒါမှမဟုတ်လည်း သူတို့ ဆက်လက် ပညာသင်ကြားရေး အတွက် သင်ကြားပေးဖို့က အစ္စလာမ္မစ် ဆရာတွေက ဆုံးဖြတ်ရမှာပါ။ ဒီကိစ္စကို ဆရာတွေ စုစည်း တိုင်ပင်တာကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။ ပြီးရင်တော့ သူတိ့ု ဆုံးဖြတ်ချက်ကို အစိုးရကို တင်ပြမှာပါ။

AYESHA TANZEEM: ပညာတတ် အာဖဂန် အများအပြားလည်း နိုင်ငံကနေ ထွက်သွားကြပါပြီ။ နိုင်ငံကို စီမံခန့်ခွဲဖို့ အတွက် အရည်အချင်းပြည့်သူ အလုံအလောက် မရှိဘူးလို့လည်း တချို့က ပြောပါတယ်။ ဒီကိစ္စ ဘယ်လို လုပ်မလဲ။

ZABIHULLAH MUJAHID: အထူး ကျွမ်းကျင်ဖို့ လိုအပ်တဲ့ ဌာနတွေမှာ အရည်အသွေးရှိ ပုဂ္ဂိုလ်များကို ခန့်အပ်နိုင်ရေး ကျနော်တို့ ကြိုစားနေပါတယ်။ ဥပမာ ပြောရရင် ကျန်းမာရေးမှာဆိုရင် ဆရာဝန် တယောက်ကို ဝန်ကြီး ဖြစ်စေချင်ပါတယ်။ ကုန်သွယ်ရေးမှာဆိုရင် ကုန်သည် တယောက်ကို ဝန်ကြီး ဖြစ်စေလိုပါတယ်။ ဘဏ်လုပ်ငန်းမှာဆိုရင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာမှာ ပါရဂူဘွဲ့ရ တယောက်ကို ဝန်ကြီးဖြစ်စေချင်ပါတယ်။ တခြား ဌာနတွေ အတွက်လည်း အလားတူ မျှော်မှန်းထားပါတယ်။ ဒီဌာနတွေမှာ အလုပ်လုပ်နေသူ အများစုက အရင်ကတည်းက လုပ်နေကြသူတွေ ဖြစ်ပါတယ်။

AYESHA TANZEEM. အာဖဂန်နစ္စတန်ကိုလာပြီး ငွေကြေး ရင်းနှီးမြှပ်နှံရေး တရုတ်ကို စိတ်ဝင်စားနေတယ်လို့ ပြောပါတယ်။ တာလီဘန်တွေ အနေတဲ့ တရုတ်ကို ဘာတွေ လုပ်စေချင်ပါလဲ။

ZABIHULLAH MUJAHID: တရုတ်ဟာ အိမ်နီးချင်း ဖြစ်ပြီး စီးပွားရေး အင်အားကောင်းပါတယ်။ သူတို့နဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံမှုကို တိုးမြှင့်နိုင်ရေး ကျနော်တို့ ကြိုစားနေပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံလိုနေပေမယ့်လည်း ကျနော်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။

AYESHA TANZEEM: တရုတ် သံတမန်တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ သူတို့ဘက်က အာဖဂန်နစ္စတန်မှာ ဘာတွေ လိုလားနေပါလဲ။ သူတို့က ဘာတွေ လိုချင်နေပါလဲ။ အာဖဂန်နစ္စတန်မှာ သူတို့ ဘာတွေ လုပ်လိုနေပါလဲ။

ZABIHULLAH MUJAHID: ဒီမှာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ သူတို့ အလုပ်သမားတွေ အတွက် လုံခြုံရေးကို သူတို့က လိုလားပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံတွင်းက ကဏ္ဍ တချို့မှာ ရင်းနှီးမြှုပ်နှံဖို့ သူတို့ စိတ်ဝင်စားနေပြီး အသေးစိတ် ညှိနှိုင်း ဆွေးနွေးလိုနေပါတယ်။ ဒီစီမံကိန်းတွေထဲက တခုကတော့ Mes Aynak မှာ ဖြစ်ပါတယ်။ သူတို့ဘက်က ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြှပ်နှံလိုနေတဲ့ အရေးကြီးတဲ့ နယ်ပယ်တွေထဲက တခုဖြစ်ပြီး အာဖဂန်နစ္စတန် အတွက်လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေ အတွက် လုံခြုံရေးကို ကျနော်တို့ ကတိပြုထားပါတယ်။

ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေ တည်ရှိရာ Mes Aynak သတ္တု တူးဖော်ရေး လုပ်ကွက်ကတော့ အာဖဂန်နစ္စတန်ရဲ့ အကြီးဆုံး ကြေးနီ သတ္တု တူးဖော်ရေး လုပ်ကွက်တွေထဲက တခု ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ကျော် တန်ဖိုးရှိတဲ့ မတူးဖော်ရေးသေးတဲ့ တွင်းထွက် သတ္တု သယံဇာတ တွေ ရှိတယ်လို့လည်း ယူဆထားကြပါတယ်။

XS
SM
MD
LG