သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ-တ႐ုတ္ ေလေၾကာင္းပ်ံသန္းမႈ ပူးပါင္းေဆာင္ရြက္ေရး ေဆြးေႏြး


အာဆီယံ အထိမ္းအမွတ္အလံႏွင့္ တ႐ုတ္ႏုိင္ငံအလံ။

(Zawgyi / Unicode)

ကိုဗစ္ေၾကာင့္ ေလေၾကာင္းလုပ္ငန္းေတြ ထိခိုက္ေနတာကို ျပန္လည္ျမႇင့္တင္ဖို႔ ၾကဳိးပမ္းေနခ်ိန္မွာပဲ တ႐ုတ္ႏုိင္ငံနဲ႔ အာဆီယံႏိုင္ငံေတြၾကား ပထမဦးဆုံးေသာ အရပ္ဘက္ ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးပဲြတရပ္ကို စေနေန႔က ျပဳလုပ္ခဲ့ပါတယ္။

ဒီေဆြးေႏြးပဲြကို အြန္လိုင္းမွာေရာ တ႐ုတ္ျပည္ေတာင္ပိုင္း Guangxi Zhuang ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ၿမိဳ႕ေတာ္ နန္နင္းမွာပါ လူခ်င္းေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကတာပါ။ ဒါဟာ ေသာၾကာေန႔က စတင္ခဲ့တဲ့ ၁၈ ႀကိမ္ေျမာက္ တ႐ုတ္-အာဆီယံ ကုန္စည္ျပပဲြနဲ႔ တ႐ုတ္-အာဆီယံ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးေဆြးေႏြးပဲြေတြၾကား သီးသန္႔ျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပဲြ ျဖစ္ပါတယ္။

ဒီႏွစ္ဟာ တ႐ုတ္-အာဆီယံ အျပန္အလွန္ ပူးတဲြဆက္ဆံေရး အႏွစ္ ၃၀ ျပည့္ႏွစ္လည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အႏွစ္ ၃၀ ကို ျပန္ၾကည့္ရင္ အာဆီယံ ၆ ၿမိဳ႕မွာသာ တ႐ုတ္ႏိုင္ငံကို ေလယာဥ္ပ်ံသန္းမယ့္ ခရီးစဥ္ ရွိခဲ့ရာက ဒီကေန႔မွာေတာ့ ၿမိဳ႕ေပါင္း ၄၄ ခုအထိ တိုးလာပါတယ္။ ေလေၾကာင္းခရီးစဥ္ေတြဟာလည္း အစပိုင္းမွာ ၁၀ ခုပဲရွိရာက ၆၇၀ ေက်ာ္အထိ တိုးလာတာပါ။ အပတ္စဥ္ ေလယာဥ္ခရီးစဥ္ဟာလည္း ၄,၅၀၀ နီးပါးထိ ရွိလာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အာဆီယံ-တရုတ် လေကြောင်းပျံသန်းမှု ပူးပါင်းဆောင်ရွက်ရေး ဆွေးနွေး

ကိုဗစ်ကြောင့် လေကြောင်းလုပ်ငန်းတွေ ထိခိုက်နေတာကို ပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား ပထမဦးဆုံးသော အရပ်ဘက် လေကြောင်းပျံသန်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတရပ်ကို စနေနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အွန်လိုင်းမှာရော တရုတ်ပြည်တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော် နန်နင်းမှာပါ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဒါဟာ သောကြာနေ့က စတင်ခဲ့တဲ့ ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွေကြား သီးသန့်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဒီနှစ်ဟာ တရုတ်-အာဆီယံ အပြန်အလှန် ပူးတွဲဆက်ဆံရေး အနှစ် ၃၀ ပြည့်နှစ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၃၀ ကို ပြန်ကြည့်ရင် အာဆီယံ ၆ မြို့မှာသာ တရုတ်နိုင်ငံကို လေယာဉ်ပျံသန်းမယ့် ခရီးစဉ် ရှိခဲ့ရာက ဒီကနေ့မှာတော့ မြို့ပေါင်း ၄၄ ခုအထိ တိုးလာပါတယ်။ လေကြောင်းခရီးစဉ်တွေဟာလည်း အစပိုင်းမှာ ၁၀ ခုပဲရှိရာက ၆၇၀ ကျော်အထိ တိုးလာတာပါ။ အပတ်စဉ် လေယာဉ်ခရီးစဉ်ဟာလည်း ၄,၅၀၀ နီးပါးထိ ရှိလာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG