သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္နဲ႔ျပဳလုပ္မယ္႔ ကုန္သြယ္ေရးသေဘာတူညီခ်က္ EU ဆိုင္းငံ့


(Zawgyi/Unicode)

တရုတ္ႏုိင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြေၾကာင္႔ ဥေရာပ သမဂၢ လႊတ္ေတာ္ အမတ္ေတြက အတည္ျပဳေပးဖို႔ ၾကန္႔ၾကာေနရတဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို ျမန္ျမန္ဆန္ဆန္ အတည္ျပဳေပးေရး ဥေရာပနဲ႔ တရုတ္ ေခါင္းေဆာင္ေတြက တိုက္တြန္းေနၾကပါတယ္။

ဥေရာပသမဂၢ- တရုတ္ ရင္းႏွီးျမွဳပ္ႏွံမႈ ဆိုင္ရာ အလံုးစံု သေဘာတူညီခ်က္- CAI ကို ၇ ႏွစ္ၾကာ ေဆြးေႏြး ညွိႏိႈင္းခဲ႔ၾကၿပီး ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၃၀ ရက္ေန႔မွာ EU နဲ႔ တရုတ္ ေခါင္းေဆာင္ေတြၾကား အြန္လိုင္းကေန ထိပ္သီး ေတြ႔ဆံုၿပီးေနာက္ မူ အားျဖင့္ သေဘာတူထားတာပါ။

ဒီသေဘာတူညီခ်က္ဟာဆိုရင္ တရုတ္ အေနနဲ႔ ၾကားခံ အဖြဲ႔အစည္းတခုနဲ႔ ေဆြးေႏြးတဲ႔ ရည္မွန္းခ်က္ အႀကီးဆံုး ကုန္သြယ္ေရး သေဘာတူညီခ်က္ ျဖစ္တယ္လို႔ ဥေရာပဘက္က ေျပာပါတယ္။

ဒါေပမယ့္လည္း တရုတ္နဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို ဥေရာပ ပါလီမန္မွာ လႊတ္ေတာ္ အမတ္ေတြက အတည္ျပဳေပးရမယ့္ အေရးကေတာ့ ရပ္ဆိုင္းေနေၾကာင္း ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာဘဲ ဥေရာပ ေကာ္မရွင္ရဲ႕ ဒုတိယ ဥကၠဌ Valdis Dombrovskis က ေျပာပါတယ္။

Xinjiang ေဒသတြင္းက Uyghur ေတြ အေပၚ တရုတ္ရဲ႕ ျပဳမူ ဆက္ဆံမႈ အေပၚ တုံ႔ျပန္ ဒဏ္ခတ္တဲ႔ အေနနဲ႔ အခုလို ဆိုင္းငံ႔လိုက္တာပါ။

Xinjiang ေဒသ အေရး၊ ေနာက္ ေဟာင္ေကာင္က ဒီမိုကေရစီေရး လႈပ္ရွားမႈကို ၿဖိဳခြင္းမႈေတြနဲ႔ ပတ္သက္ၿပီး တရုတ္နဲ႔ ဥေရာပၾကား တင္းမာေနတာေၾကာင့္ ႏွစ္ဘက္ၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ကလည္း အခ်ိန္တို အတြင္း အတည္ျပဳႏုိင္ဖြယ္ မရွိဘူးလို႔ Bruegel ပညာရွင္ အဖြဲ႔က အႀကီးတန္း ပညာရွင္ Alicia García-Herrero က ဗီြအိုေအကို ေျပာပါတယ္။

ဥေရာပ သမဂၢနဲ႔ တရုတ္ၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ေၾကာင့္ ဂ်ာမနီ ကားထုတ္လုပ္ေရး လုပ္ငန္းေတြ အက်ိဳးရွိႏုိင္တယ္လို႔ သံုးသပ္သူေတြက ေျပာပါတယ္။ ဂ်ာမနီ ကားထုတ္လုပ္ေရး လုပ္ငန္းေတြက တရုတ္ႏုိင္ငံတြင္းမွာ အေျခစိုက္ထားၿပီး လွ်ပ္စစ္ ကား ထုတ္လုပ္ ေရာင္းခ်မႈ တိုးျမွင့္ႏုိင္ဖို႔ ႀကိဳးစားေနတာပါ။

ကုန္သြယ္ေရး သေဘာတူညီခ်က္ကို လက္မလႊတ္ဖုိ႔ ဂ်ာမနီ ၀န္ႀကီးခ်ဳပ္ Angela Merkel က ေမလ ၅ ရက္ေန႔တုန္းက ေျပာဆို တိုက္တြန္းထားတာပါ။ ကုန္သြယ္ေရး သေဘာတူညီခ်က္ကို ဥေရာပ ဘက္က အတည္ျပဳေရး အတြက္ တရုတ္ကလည္း တြန္းအားေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

တရုတ်နဲ့ပြုလုပ်မယ့် ကုန်သွယ်ရေးသဘောတူညီချက် EU ဆိုင်းငံ့

(Unicode)

တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဥရောပ သမဂ္ဂ လွှတ်တော် အမတ်တွေက အတည်ပြုပေးဖို့ ကြန့်ကြာနေရတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် အတည်ပြုပေးရေး ဥရောပနဲ့ တရုတ် ခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။

ဥရောပသမဂ္ဂ- တရုတ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အလုံးစုံ သဘောတူညီချက်- CAI ကို ၇ နှစ်ကြာ ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ EU နဲ့ တရုတ် ခေါင်းဆောင်တွေကြား အွန်လိုင်းကနေ ထိပ်သီး တွေ့ဆုံပြီးနောက် မူ အားဖြင့် သဘောတူထားတာပါ။

ဒီသဘောတူညီချက်ဟာဆိုရင် တရုတ် အနေနဲ့ ကြားခံ အဖွဲ့အစည်းတခုနဲ့ ဆွေးနွေးတဲ့ ရည်မှန်းချက် အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်တယ်လို့ ဥရောပဘက်က ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ဥရောပ ပါလီမန်မှာ လွှတ်တော် အမတ်တွေက အတည်ပြုပေးရမယ့် အရေးကတော့ ရပ်ဆိုင်းနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ ဥရောပ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဌ Valdis Dombrovskis က ပြောပါတယ်။

Xinjiang ဒေသတွင်းက Uyghur တွေ အပေါ် တရုတ်ရဲ့ ပြုမူ ဆက်ဆံမှု အပေါ် တုံ့ပြန် ဒဏ်ခတ်တဲ့ အနေနဲ့ အခုလို ဆိုင်းငံ့လိုက်တာပါ။

Xinjiang ဒေသ အရေး၊ နောက် ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဖြိုခွင်းမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဥရောပကြား တင်းမာနေတာကြောင့် နှစ်ဘက်ကြား ကုန်သွယ်ရေး သဘောတူညီချက်ကလည်း အချိန်တို အတွင်း အတည်ပြုနိုင်ဖွယ် မရှိဘူးလို့ Bruegel ပညာရှင် အဖွဲ့က အကြီးတန်း ပညာရှင် Alicia García-Herrero က ဗွီအိုအေကို ပြောပါတယ်။

ဥရောပ သမဂ္ဂနဲ့ တရုတ်ကြား ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ဂျာမနီ ကားထုတ်လုပ်ရေး လုပ်ငန်းတွေ အကျိုးရှိနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဂျာမနီ ကားထုတ်လုပ်ရေး လုပ်ငန်းတွေက တရုတ်နိုင်ငံတွင်းမှာ အခြေစိုက်ထားပြီး လျှပ်စစ် ကား ထုတ်လုပ် ရောင်းချမှု တိုးမြှင့်နိုင်ဖို့ ကြိုးစားနေတာပါ။

ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မလွှတ်ဖို့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel က မေလ ၅ ရက်နေ့တုန်းက ပြောဆို တိုက်တွန်းထားတာပါ။ ကုန်သွယ်ရေး သဘောတူညီချက်ကို ဥရောပ ဘက်က အတည်ပြုရေး အတွက် တရုတ်ကလည်း တွန်းအားပေးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG