သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေႂကြးပိေနတဲ႔ တ႐ုတ္ Evergrande လုပ္ငန္းေၾကာင့္ ကမ ၻာတလႊား ႐ိုက္ခတ္သက္ေရာက္ႏိုင္ေျခ 


Evergrande လုပ္ငန္းရံုးခ်ဳပ္ထဲ ၀င္ဖို႔ ႀကိဳးစားတဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ရဲလံုျခံဳေရးနဲ႔ တားစီးထား။ စက္တင္ဘာလ ၂၃၊ ၂၀၂၁။

(Zawgyi / Unicode)

အေမရိကန္ ေဒၚလာ ဘီလ်ံ ၃၀၀ ေက်ာ္ အေႂကြးတင္ေနတဲ႔ တ႐ုတ္ရဲ႕ အိမ္ျခံေျမ လုပ္ငန္းႀကီး Evergrande က အတိုးေပးရမယ့္ ရက္သတ္မွတ္ခ်က္ ေက်ာ္လာခဲ႔ၿပီး အတိုးနဲ႔ ပတ္သက္လို႔ တစံုတရာ ထုတ္ျပန္ေျပာဆိုျခင္း မရွိတာေၾကာင့္ အေႂကြးမဆပ္ႏိုင္ ျဖစ္သြားႏိုင္တဲ႔ အေရးကို ရင္းႏွီးျမႇဳပ္ႏွံသူေတြ စိုးရိမ္ေနၾကပါတယ္။

Evergrande အိမ္ျခံေျမ လုပ္ငန္းႀကီး အေရးကိစၥေၾကာင့္ ကမ ၻာတလႊား ႐ိုက္ခတ္သက္ေရာက္ႏိုင္တဲ႔ အလားအလာေတြကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ စုစည္းတင္ျပထားပါတယ္။

Evergrande အိမ္ယာ ေဆာက္လုပ္ေရး လုပ္ငန္းႀကီးက အေႂကြး ေဒၚလာ ၃၀၅ ဘီလ်ံ ရွိေနၿပီး ေငြေခ်းစာခ်ဳပ္ေတြ အတြက္ အတိုး ေဒၚလာ ၈၃ ဒသမ ၅ သန္း ေပးရမယ့္ ေနာက္ဆံုးရက္ သတ္မွတ္ခ်က္ကို ေက်ာ္လြန္ခဲ႔ေပမယ္႔ ေငြေခ်းစာခ်ဳပ္ ပိုင္ရွင္ေတြကို ေပးေခ်တဲ႔ အေနအထား မေတြ႕ရသလို လုပ္ငန္းႀကီးဘက္ကလည္း ဒီကိစၥကို တစံုတရာ မေျပာပါဘူး။

ေဟာင္ေကာင္ အေျခစိုက္ ဘ႑ာေရး လုပ္ငန္း တခုျဖစ္တဲ႔ Geo Securities Limited ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ Francis Lun က AP သတင္းေအဂ်င္စီကို အခုလို ေျပာပါတယ္။

" Evergrande Group မွာ အေၾကြးစုစုေပါင္းက အေမရိကန္ ေဒၚလာ ၃၀၀ ဘီလ်ံေလာက္ ရွိပါတယ္။ ဒါက အင္မတန္ မ်ားလွတဲ႔ ပမာဏပါ။ ဒီလုပ္ငန္းႀကီး ၿပိဳလဲ သြားမယ္ဆိုရင္ေတာ့ တရုတ္ႏိုင္ငံတြင္း ေငြေၾကး လုပ္ငန္း က႑ႀကီးမွာ အႀကီးအက်ယ္ ရိုက္ခတ္ သက္ေရာက္မႈ ရွိမွာ ေသခ်ာပါတယ္။ ကံအားေလ်ာ္စြာဘဲ Evergrande လုပ္ငန္းစုႀကီး အေၾကြးတင္ေနတာမွာ အမ်ားစုက တရုတ္ႏုိင္ငံသားေတြ ထံမွာ ျဖစ္ပါတယ္။

ျပည္ပက၊ ႏိုင္ငံတကာ လုပ္ငန္းႀကီးေတြ သိပ္မပါဘူး ဆိုေတာ့ ရိုက္ခတ္ သက္ေရာက္မႈက တရုတ္ႏုိင္ငံတြင္းမွာ အမ်ားဆံုး ျဖစ္မွာပါ။ ဒါေပမယ့္လည္း အေၾကြး ပမာဏက မ်ားလြန္းတာေၾကာင့္ တရုတ္ႏုိင္ငံတြင္း ေငြေၾကး လုပ္ငန္း က႑တြင္း ဂယက္ ရိုက္ခတ္မႈေတြ အေပၚ လူေတြရဲ႕ စိုးရိမ္ ေၾကာက္ရြံ႔မႈေၾကာင့္ ကမၻာတ၀န္းက ေငြေၾကး ေစ်းကြက္ေတြမွာပါ သက္ေရာက္မႈ ရွိလာႏုိင္ပါတယ္။ "

ႏုိင္ငံျခား ေငြေၾကးလဲလွယ္မႈ လုပ္ငန္းႀကီး ျဖစ္တဲ႔ OANDA ရဲ႕ အာရွ ပစိဖိတ္ဆိုင္ရာ ေစ်းကြက္ သံုးသပ္သူ Jeffeey Halley ကလည္း အလားတူ သံုးသပ္ပါတယ္။

" ဒီကိစၥက ကမၻာ တ၀န္းလံုး အတြက္ သိပ္ကို အေရးႀကီးသလား၊ ေနာက္ထပ္ ဘ႑ာေရး ျပႆနာႀကီး ျဖစ္လာႏုိင္သလားဆိုရင္ေတာ့ ဒီလို ျဖစ္လာမယ္လို႔ က်ေနာ္ မယူဆပါဘူး။ ဒီကိစၥကို တရုတ္ႏုိင္ငံတြင္းမွာဘဲ ထိန္းခ်ဳပ္ထားႏုိင္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ တရုတ္ႏုိင္ငံတြင္း တရုတ္ ဘ႑ာေရး အဖြဲ႔အစည္းေတြ ထံမွာ အမ်ားစု အေၾကြးတင္ေနတာပါ။ ျပည္ပ ေငြေခ်းစာခ်ဳပ္ေတြလည္း ရွိပါတယ္။

ဒါေပမယ့္ အမ်ားစု မဟုတ္ပါဘူး။ အားလံုးက တရုတ္ႏုိင္ငံတြင္းမွာ ျဖစ္ၿပီး သိၾကတဲ႔ အတိုင္းဘဲ တရုတ္ အစိုးရက ႏိုင္ငံတြင္းမွာ အားလံုးကို စီမံခန္႔ခြဲေနတာပါ။ ဆိုေတာ့ ဒီကိစၥကိုလည္း ေကာင္းေကာင္း ထိန္းခ်ဳပ္ထားႏုိင္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ သေဘာတူညီခ်က္ တခ်ိဳ႕ ဒါမွမဟုတ္လည္း အစီအစဥ္ တခ်ိဳ႕ ထြက္လာမယ္လို႔ က်ေနာ္ ထင္ပါတယ္။

တ႐ုတ္ ဗဟိုဘဏ္က ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ဘဏ္လုပ္ငန္း စနစ္ထဲကို ေငြ ထပ္ထည့္ခဲ႔ၿပီး ေစ်းကြက္ကို ပံ႔ပိုးတဲ႔ လကၡဏာလို႔ ရႈျမင္ၾကပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္ အာဏာပိုင္ေတြ ဘက္ကေတာ့ Evergrande ျပသနာနဲ႔ ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနၾကသလို ႏိုင္ငံပိုင္ မီဒီယာေတြမွာလည္း ကယ္တင္ေပးမယ့္ အစီအစဥ္နဲ႔ ပတ္သက္လို႔ တစြန္းတစမွ မေဖာ္ျပပါဘူး။ လူထုၾကား မတည္မၿငိမ္ မျဖစ္ေစဘဲ ဘ႑ာေရး ဆိုင္ရာ စည္းက်ပ္ ကိုင္တြယ္ႏိုင္ေရး ကိစၥက မူဝါဒ ခ်မွတ္ေဆာင္ရြက္သူေတြ အတြက္ ေဘးၾကပ္နံၾကပ္ ျဖစ္ရတဲ႔ ကိစၥပါ။

Evergrande လုပ္ငန္းႀကီးရဲ႕ အေႂကြးေတြထဲက ေဒၚလာ ဘီလ်ံ ၂၀ ေလာက္ဘဲ ျပည္ပ ပိုင္ဆိုင္မႈ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္မွာ ပမာဏ အေတာ္မ်ားမ်ား အိမ္ျခံေျမ လုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံၾကတာေၾကာင့္ တ႐ုတ္ ျပည္တြင္းမွာေတာ့ ဒီကိစၥက အႏၲရာယ္ ရွိေနပါတယ္။ စီးပြားေရးဆိုင္ရာ သုေတသန လုပ္ငန္း Capital Economics ရဲ႕ အာရွဆိုင္ရာ စီးပြားေရး ပညာရွင္ Mark William က အခုလို သံုးသပ္ပါတယ္။

" ဆုတ္ယုတ္ က်ဆင္းမႈ တခ်ိဳ႕ ရွိလာႏုိင္တယ္လို႔ က်ေနာ္ ယူဆပါတယ္။ လာမယ့္ လ အနည္းငယ္ အတြင္း အိမ္ျခံေျမ အေရာင္း သိသိသာသာ က်ဆင္းလာတာ ေတြ႔လာရႏုိင္ပါတယ္။ Evergrande ၿပိဳလဲမႈေၾကာင့္ ေဆာက္လုပ္ မၿပီးစီးေသးတဲ႔ အိမ္ယာေတြ၊ ႀကိဳပြိဳင့္ အေရာင္းေတြကို လူေတြ စိတ္မခ် ျဖစ္လာႏုိင္ပါတယ္။ အိမ္ျခံေျမ က ေစ်းမတက္ေတာ့ဘူးဆိုရင္ ေရရွည္ ရင္းႏွီးျမွဳပ္ႏွံမႈ ေကာင္းပါ႔မလားဆိုတာကို လူေတြ စၿပီး စိုးရိမ္လာႏုိင္ပါတယ္။ "

ANZ ဘဏ္ရဲ႕ ေခ်းေငြ ဆိုင္ရာ တာ၀န္ခံ တဦး ျဖစ္တဲ႔ Meng Ting က Evergrande လုပ္ငန္းႀကီးရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး အခုလို သံုးသပ္ပါတယ္။

" အစိုးရဘက္ကလည္း အစီအစဥ္ မရွိဘူး။ အတိုးလည္း မေပးဘူးဆိုရင္ေတာ့ Evergrande လုပ္ငန္းႀကီးက စာခ်ဳပ္ကို ခ်ိဳးေဖာက္မႈ ျဖစ္လာမွာပါ။ ဒီလို ျဖစ္မယ္ဆိုရင္ေတာ့ ေစ်းကြက္ အေပၚ ရိုက္ခတ္သက္ေရာက္မႈက သိပ္ၿပီး ႀကီးပါမယ္။ ေငြေခ်းစာခ်ဳပ္ ရင္းႏွီးျမွဳပ္ႏွံသူ တဦး အေနနဲ႔ လူေတြက ကုမၸဏီကို ဥပေဒေၾကာင္း အရ တရားစြဲၾကပါလိမ့္မယ္။"

" အဓိက လုပ္ငန္း မဟုတ္တဲ႔ လုပ္ငန္းတခ်ိဳ႕ေတာ့ ျဖတ္ေတာက္ခံရတာမ်ိဳး ၾကံဳေတြ႔ေနပါၿပီ။ ဒီထဲမွာဆိုရင္ လွ်ပ္စစ္ကား ဌာနဆိုရင္ လစာေတြ အေၾကြးတင္ေနပါတယ္။ Evergrande ေဘာလံုး ကလပ္သင္း ဆိုရင္လည္း အစိုးရက လႊဲေျပာင္းယူေရး လုပ္ဖို႔ လိုအပ္ေနပါတယ္။"

Evergrande လုပ္ငန္းႀကီးက တည္ေဆာက္ေနဆဲ ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာ အလုပ္လုပ္ေနသူေတြလည္း လစာ မရတာ လနဲ႔ခ်ီ ရွိေနၿပီလို႔ လုပ္သား တဦး ျဖစ္တဲ႔ Li Hongjun က ေျပာပါတယ္။

" ေဆြးေႏြးေနၾကတာေတြ ရွိပါတယ္။ ဆက္ၿပီး အလုပ္လုပ္ေနသူ တခ်ိဳ႕လည္း ရွိပါတယ္။ ဒါေပမယ့္ သိပ္ေတာ့ မမ်ားပါဘူး။ ဧၿပီလ စလို႔ လုပ္အားခ မရတာ အခုထိပါဘဲ။"

တ႐ုတ္ရဲ႕ ဒုတိယ အႀကီးဆံုး အိမ္ယာ ေဆာက္လုပ္ေရး လုပ္ငန္းႀကီး ျဖစ္တဲ႔ Evergrande လုပ္ငန္းႀကီးရဲ႕ ေငြေခ်းစာခ်ဳပ္ ေရာင္း၀ယ္မႈကို တ႐ုတ္ အာဏာပိုင္တို႔က စက္တင္ဘာလ ၃ ရက္ေန႔မွာ ရပ္ဆိုင္းခိုင္းခဲ႔တာပါ။ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အလံုးအရင္းနဲ႔ ျပန္ေရာင္းတဲ႔ အခါမွာ ကုမၸဏီဘက္က ေငြမေခ်ႏိုင္မယ့္ အေရး စိုးရိမ္ခဲ႔ၾကၿပီး အေရာင္းအ၀ယ္ေတြ မတည္မၿငိမ္ ျဖစ္ခဲ႔ပါတယ္။

Evergrande လုပ္ငန္းႀကီးကို ေခ်းေငြ အေျမာက္အမ်ား ခ်ထားေပးခဲ႔တဲ႔ ဘ႑ာေရး ၀န္ေဆာင္မႈ လုပ္ငန္းႀကီး ၂ ခုက ခ်က္ခ်င္း ေငြျပန္ဆပ္ဖို႔ ေတာင္းဆိုတယ္ဆိုၿပီး Bloomberg က ေဆာင္းပါး ေဖာ္ျပၿပီး ေနာက္မွာ ကုမၸဏီရဲ႕ ေငြေခ်းစာခ်ဳပ္ေတြကို အျမန္ ထုတ္ေရာင္းဖို႔ လုပ္ခဲ႔ၾကၿပီး တခ်ိဳ႕ကေတာ့ ေစ်းႏႈန္းရဲ႕ ၂၆ ရာခိုင္ႏႈန္းေလာက္နဲ႔ ေရာင္းခဲ႔ၾကပါတယ္။

တ႐ုတ္ရဲ႕ လုပ္ငန္းႀကီး တခု ျဖစ္တဲ႔ China Huarong Asset Management လုပ္ငန္းႀကီးဟာ ၿပီးခဲ႔တဲ႔ ႏွစ္ အတြင္း ေဒၚလာ ၁၅ ဒသမ ၉ ဘီလ်ံ အရံႈးေပၚခဲ႔တယ္ဆိုၿပီး ဘ႑ာေရး အစီရင္ခံစာမွာ ေဖာ္ျပခဲ႔ၿပီးေနာက္ ရက္ပိုင္း အၾကာမွာဘဲ Evergrande လုပ္ငန္းႀကီး အေရးကိစၥ ေပၚေပါက္လာတာ ျဖစ္ပါတယ္။

Evergrande လုပ္ငန္းႀကီး အေနနဲ႔ ေခ်းေငြ ျပန္မဆပ္ႏိုင္မယ့္ အႏၲရာယ္ ရွိေနေၾကာင္း၊ စီးပြားေရး ပံုမွန္ လည္ပတ္မႈနဲ႔ မဆိုင္တဲ႔ အမႈအခင္းေတြ ရွိလာႏိုင္ေၾကာင္းလည္း လုပ္ငန္းႀကီးရဲ႕ ဘ႑ာေရး ရွင္းတမ္းထဲမွာ မျဖစ္မေန ထည့္သြင္းခဲ႔ရၿပီး ရင္းႏွီးျမႇုဳပ္ႏွံသူေတြကို သတိေပးခဲ႔ရပါတယ္။ ရွယ္ယာ ပိုင္ရွင္ေတြနဲ႔ ရင္းႏွီးျမႇုဳပ္ႏွံလိုသူေတြ အေနနဲ႔ လုပ္ငန္းႀကီးရဲ႕ အစုရွယ္ယာေတြနဲ႔ ပတ္သက္ရင္ သတိထားေဆာင္ရြက္ဖို႔လည္း စက္တင္ဘာလ အေစာပိုင္းမွာ Evergrande လုပ္ငန္းႀကီးက ေဖာ္ျပခဲ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အကြွေးပိနေတဲ့ တရုတ် Evergrande လုပ်ငန်းကြောင့် ကမ ္ဘာတလွှား ရိုက်ခတ်သက်ရောက်နိုင်ခြေ

အမေရိကန် ဒေါ်လာ ဘီလျံ ၃၀၀ ကျော် အကြွေးတင်နေတဲ့ တရုတ်ရဲ့ အိမ်ခြံမြေ လုပ်ငန်းကြီး Evergrande က အတိုးပေးရမယ့် ရက်သတ်မှတ်ချက် ကျော်လာခဲ့ပြီး အတိုးနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိတာကြောင့် အကြွေးမဆပ်နိုင် ဖြစ်သွားနိုင်တဲ့ အရေးကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။ Evergrande အိမ်ခြံမြေ လုပ်ငန်းကြီး အရေးကိစ္စကြောင့် ကမ ္ဘာတလွှား ရိုက်ခတ်သက်ရောက်နိုင်တဲ့ အလားအလာတွေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Evergrande အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းကြီးက အကြွေး ဒေါ်လာ ၃၀၅ ဘီလျံ ရှိနေပြီး ငွေချေးစာချုပ်တွေ အတွက် အတိုး ဒေါ်လာ ၈၃ ဒသမ ၅ သန်း ပေးရမယ့် နောက်ဆုံးရက် သတ်မှတ်ချက်ကို ကျော်လွန်ခဲ့ပေမယ့် ငွေချေးစာချုပ် ပိုင်ရှင်တွေကို ပေးချေတဲ့ အနေအထား မတွေ့ရသလို လုပ်ငန်းကြီးဘက်ကလည်း ဒီကိစ္စကို တစုံတရာ မပြောပါဘူး။

ေဟာင်ကောင် အခြေစိုက် ဘဏ္ဍာရေး လုပ်ငန်း တခုဖြစ်တဲ့ Geo Securities Limited ရဲ့ အမှုဆောင် အရာရှိချုပ် Francis Lun က AP သတင်းအေဂျင်စီကို အခုလို ပြောပါတယ်။

" Evergrande Group မှာ အကြွေးစုစုပေါင်းက အမေရိကန် ဒေါ်လာ ၃၀၀ ဘီလျံလောက် ရှိပါတယ်။ ဒါက အင်မတန် များလှတဲ့ ပမာဏပါ။ ဒီလုပ်ငန်းကြီး ပြိုလဲ သွားမယ်ဆိုရင်တော့ တရုတ်နိုင်ငံတွင်း ငွေကြေး လုပ်ငန်း ကဏ္ဍကြီးမှာ အကြီးအကျယ် ရိုက်ခတ် သက်ရောက်မှု ရှိမှာ သေချာပါတယ်။

ကံအားလျော်စွာဘဲ Evergrande လုပ်ငန်းစုကြီး အကြွေးတင်နေတာမှာ အများစုက တရုတ်နိုင်ငံသားတွေ ထံမှာ ဖြစ်ပါတယ်။ ပြည်ပက၊ နိုင်ငံတကာ လုပ်ငန်းကြီးတွေ သိပ်မပါဘူး ဆိုတော့ ရိုက်ခတ် သက်ရောက်မှုက တရုတ်နိုင်ငံတွင်းမှာ အများဆုံး ဖြစ်မှာပါ။ ဒါပေမယ့်လည်း အကြွေး ပမာဏက များလွန်းတာကြောင့် တရုတ်နိုင်ငံတွင်း ငွေကြေး လုပ်ငန်း ကဏ္ဍတွင်း ဂယက် ရိုက်ခတ်မှုတွေ အပေါ် လူတွေရဲ့ စိုးရိမ် ကြောက်ရွံ့မှုကြောင့် ကမ္ဘာတဝန်းက ငွေကြေး ဈေးကွက်တွေမှာပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ "

နိုင်ငံခြား ငွေကြေးလဲလှယ်မှု လုပ်ငန်းကြီး ဖြစ်တဲ့ OANDA ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဈေးကွက် သုံးသပ်သူ Jeffeey Halley ကလည်း အလားတူ သုံးသပ်ပါတယ်။

" ဒီကိစ္စက ကမ္ဘာ တဝန်းလုံး အတွက် သိပ်ကို အရေးကြီးသလား၊ နောက်ထပ် ဘဏ္ဍာရေး ပြဿနာကြီး ဖြစ်လာနိုင်သလားဆိုရင်တော့ ဒီလို ဖြစ်လာမယ်လို့ ကျနော် မယူဆပါဘူး။ ဒီကိစ္စကို တရုတ်နိုင်ငံတွင်းမှာဘဲ ထိန်းချုပ်ထားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်နိုင်ငံတွင်း တရုတ် ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ထံမှာ အများစု အကြွေးတင်နေတာပါ။ ပြည်ပ ငွေချေးစာချုပ်တွေလည်း ရှိပါတယ်။

ဒါပေမယ့် အများစု မဟုတ်ပါဘူး။ အားလုံးက တရုတ်နိုင်ငံတွင်းမှာ ဖြစ်ပြီး သိကြတဲ့ အတိုင်းဘဲ တရုတ် အစိုးရက နိုင်ငံတွင်းမှာ အားလုံးကို စီမံခန့်ခွဲနေတာပါ။ ဆိုတော့ ဒီကိစ္စကိုလည်း ကောင်းကောင်း ထိန်းချုပ်ထားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ သဘောတူညီချက် တချို့ ဒါမှမဟုတ်လည်း အစီအစဉ် တချို့ ထွက်လာမယ်လို့ ကျနော် ထင်ပါတယ်။"

တရုတ် ဗဟိုဘဏ်က ပြီးခဲ့တဲ့ သောကြာနေ့က ဘဏ်လုပ်ငန်း စနစ်ထဲကို ငွေ ထပ်ထည့်ခဲ့ပြီး ဈေးကွက်ကို ပံ့ပိုးတဲ့ လက္ခဏာလို့ ရှုမြင်ကြပါတယ်။ ဒါပေမယ့်လည်း တရုတ် အာဏာပိုင်တွေ ဘက်ကတော့ Evergrande ပြသနာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေကြသလို နိုင်ငံပိုင် မီဒီယာတွေမှာလည်း ကယ်တင်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ တစွန်းတစမှ မဖော်ပြပါဘူး။ လူထုကြား မတည်မငြိမ် မဖြစ်စေဘဲ ဘဏ္ဍာရေး ဆိုင်ရာ စည်းကျပ် ကိုင်တွယ်နိုင်ရေး ကိစ္စက မူဝါဒ ချမှတ်ဆောင်ရွက်သူတွေ အတွက် ဘေးကြပ်နံကြပ် ဖြစ်ရတဲ့ ကိစ္စပါ။

Evergrande လုပ်ငန်းကြီးရဲ့ အကြွေးတွေထဲက ဒေါ်လာ ဘီလျံ ၂၀ လောက်ဘဲ ပြည်ပ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်မှာ ပမာဏ အတော်များများ အိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံကြတာကြောင့် တရုတ် ပြည်တွင်းမှာတော့ ဒီကိစ္စက အန္တရာယ် ရှိနေပါတယ်။ စီးပွားရေးဆိုင်ရာ သုတေသန လုပ်ငန်း Capital Economics ရဲ့ အာရှဆိုင်ရာ စီးပွားရေး ပညာရှင် Mark William က အခုလို သုံးသပ်ပါတယ်။

" ဆုတ်ယုတ် ကျဆင်းမှု တချို့ ရှိလာနိုင်တယ်လို့ ကျနော် ယူဆပါတယ်။ လာမယ့် လ အနည်းငယ် အတွင်း အိမ်ခြံမြေ အရောင်း သိသိသာသာ ကျဆင်းလာတာ တွေ့လာရနိုင်ပါတယ်။ Evergrande ပြိုလဲမှုကြောင့် ဆောက်လုပ် မပြီးစီးသေးတဲ့ အိမ်ယာတွေ၊ ကြိုပွိုင့် အရောင်းတွေကို လူတွေ စိတ်မချ ဖြစ်လာနိုင်ပါတယ်။ အိမ်ခြံမြေ က ဈေးမတက်တော့ဘူးဆိုရင် ရေရှည် ရင်းနှီးမြှုပ်နှံမှု ကောင်းပါ့မလားဆိုတာကို လူတွေ စပြီး စိုးရိမ်လာနိုင်ပါတယ်။ "

ANZ ဘဏ်ရဲ့ ချေးငွေ ဆိုင်ရာ တာဝန်ခံ တဦး ဖြစ်တဲ့ Meng Ting က Evergrande လုပ်ငန်းကြီးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

" အစိုးရဘက်ကလည်း အစီအစဉ် မရှိဘူး။ အတိုးလည်း မပေးဘူးဆိုရင်တော့ Evergrande လုပ်ငန်းကြီးက စာချုပ်ကို ချိုးဖောက်မှု ဖြစ်လာမှာပါ။ ဒီလို ဖြစ်မယ်ဆိုရင်တော့ ဈေးကွက် အပေါ် ရိုက်ခတ်သက်ရောက်မှုက သိပ်ပြီး ကြီးပါမယ်။ ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံသူ တဦး အနေနဲ့ လူတွေက ကုမ္ပဏီကို ဥပဒေကြောင်း အရ တရားစွဲကြပါလိမ့်မယ်။"

" အဓိက လုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတချို့တော့ ဖြတ်တောက်ခံရတာမျိုး ကြုံတွေ့နေပါပြီ။ ဒီထဲမှာဆိုရင် လျှပ်စစ်ကား ဌာနဆိုရင် လစာတွေ အကြွေးတင်နေပါတယ်။ Evergrande ဘောလုံး ကလပ်သင်း ဆိုရင်လည်း အစိုးရက လွှဲပြောင်းယူရေး လုပ်ဖို့ လိုအပ်နေပါတယ်။"

Evergrande လုပ်ငန်းကြီးက တည်ဆောက်နေဆဲ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေလည်း လစာ မရတာ လနဲ့ချီ ရှိနေပြီလို့ လုပ်သား တဦး ဖြစ်တဲ့ Li Hongjun က ပြောပါတယ်။

" ဆွေးနွေးနေကြတာတွေ ရှိပါတယ်။ ဆက်ပြီး အလုပ်လုပ်နေသူ တချို့လည်း ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ မများပါဘူး။ ဧပြီလ စလို့ လုပ်အားခ မရတာ အခုထိပါဘဲ။"

တရုတ်ရဲ့ ဒုတိယ အကြီးဆုံး အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းကြီး ဖြစ်တဲ့ Evergrande လုပ်ငန်းကြီးရဲ့ ငွေချေးစာချုပ် ရောင်းဝယ်မှုကို တရုတ် အာဏာပိုင်တို့က စက်တင်ဘာလ ၃ ရက်နေ့မှာ ရပ်ဆိုင်းခိုင်းခဲ့တာပါ။ ရင်းနှီးမြှုပ်နှံသူတွေ အလုံးအရင်းနဲ့ ပြန်ရောင်းတဲ့ အခါမှာ ကုမ္ပဏီဘက်က ငွေမချေနိုင်မယ့် အရေး စိုးရိမ်ခဲ့ကြပြီး အရောင်းအဝယ်တွေ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။

Evergrande လုပ်ငန်းကြီးကို ချေးငွေ အမြောက်အများ ချထားပေးခဲ့တဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းကြီး ၂ ခုက ချက်ချင်း ငွေပြန်ဆပ်ဖို့ တောင်းဆိုတယ်ဆိုပြီး Bloomberg က ဆောင်းပါး ဖော်ပြပြီး နောက်မှာ ကုမ္ပဏီရဲ့ ငွေချေးစာချုပ်တွေကို အမြန် ထုတ်ရောင်းဖို့ လုပ်ခဲ့ကြပြီး တချို့ကတော့ ဈေးနှုန်းရဲ့ ၂၆ ရာခိုင်နှုန်းလောက်နဲ့ ရောင်းခဲ့ကြပါတယ်။

တရုတ်ရဲ့ လုပ်ငန်းကြီး တခု ဖြစ်တဲ့ China Huarong Asset Management လုပ်ငန်းကြီးဟာ ပြီးခဲ့တဲ့ နှစ် အတွင်း ဒေါ်လာ ၁၅ ဒသမ ၉ ဘီလျံ အရှုံးပေါ်ခဲ့တယ်ဆိုပြီး ဘဏ္ဍာရေး အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာဘဲ Evergrande လုပ်ငန်းကြီး အရေးကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Evergrande လုပ်ငန်းကြီး အနေနဲ့ ချေးငွေ ပြန်မဆပ်နိုင်မယ့် အန္တရာယ် ရှိနေကြောင်း၊ စီးပွားရေး ပုံမှန် လည်ပတ်မှုနဲ့ မဆိုင်တဲ့ အမှုအခင်းတွေ ရှိလာနိုင်ကြောင်းလည်း လုပ်ငန်းကြီးရဲ့ ဘဏ္ဍာရေး ရှင်းတမ်းထဲမှာ မဖြစ်မနေ ထည့်သွင်းခဲ့ရပြီး ရင်းနှီးမြှုုပ်နှံသူတွေကို သတိပေးခဲ့ရပါတယ်။ ရှယ်ယာ ပိုင်ရှင်တွေနဲ့ ရင်းနှီးမြှုုပ်နှံလိုသူတွေ အနေနဲ့ လုပ်ငန်းကြီးရဲ့ အစုရှယ်ယာတွေနဲ့ ပတ်သက်ရင် သတိထားဆောင်ရွက်ဖို့လည်း စက်တင်ဘာလ အစောပိုင်းမှာ Evergrande လုပ်ငန်းကြီးက ဖော်ပြခဲ့ရပါတယ်။

XS
SM
MD
LG