သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္နယ္စပ္ကုန္သြယ္ေရး မဖြင့္ေသးလို႔ ျမန္မာကုန္သည္ေတြ ထိခိုက္ေန


တရုတ္-ျမန္မာ နယ္စပ္ဂိတ္

(Zawgyi/Unicode)

တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးကို ပိတ္ထားတာ ႏွစ္လေက်ာ္ၾကာလာခ်ိန္မွာ ျပည္တြင္းက ေတာင္သူေတြ၊ ေရထြက္ကုန္ လုပ္ငန္းရွင္ေတြ ဝင္ေငြအေတာ္ေလး ထိခိုက္ေနၾကပါတယ္။ ျပည္ပ မပို႔ႏိုင္လို႔ ျပည္တြင္းေစ်းကြက္ကိုပဲ အဓိကထား ထုတ္လုပ္၊ ေရာင္းခ်လာၾကပါတယ္။ အျမတ္ရတာ နည္းသြားေပမဲ့ လက္ရွိႏိုင္ငံေရးအေျခအေနနဲ႔ ကပ္ေရာဂါေၾကာင့္ လုပ္ငန္းလည္ပတ္ေနေအာင္ ေစ်းကြက္ေျပာင္းေနၾကရတယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီအေျခအေန အျပည့္အစုံကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ တ႐ုတ္ျမန္မာကုန္သြယ္ေရးဂိတ္ေတြကို လြန္ခဲ့တဲ့ တႏွစ္ေလာက္က စၿပီး တ႐ုတ္ဘက္က ပိတ္လိုက္၊ ဖြင့္လိုက္လုပ္ခဲ့ၿပီးတဲ့ေနာက္ ဇူလိုင္လမွာေတာ့ ကုန္သြယ္ေရးဂိတ္အားလံုးကို လံုးဝပိတ္ခဲ့ပါတယ္။ တ႐ုတ္ျမန္မာနယ္စပ္ကုန္သြယ္ေရး ရပ္နားထားတာ လခ်ီေနၿပီျဖစ္လို႔ ဒီကုန္သြယ္ေရးကို မွီခိုေနရသူေတြအားလုံး ထိခိုက္နစ္နာရတယ္လို႔ မူဆယ္ ဆန္ကုန္သည္အသင္းဒုဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

“အဲဒီေတာ့ ၾကက္သြန္တို႔၊ င႐ုတ္သီးတို႔၊ အျခားသြင္းကုန္ ထြက္ကုန္မွန္သမွ် လုံးဝရပ္သြားတယ္။ နာနတ္သီးဆို လုံးဝပို႔လို႔ မရေတာ့ဘူး၊ လုံးဝရပ္သြားတယ္။ အျခားၾကက္သြန္ျဖဴေစ်းေတြလည္း ထိုးက်သြားတယ္။ တခ်ိဳ႕ဆို ၁၀၅ မိုင္မွာတင္ အလကားေပးရတဲ့အဆင့္ကို ေရာက္သြားတယ္၊ ပုပ္မွာစိုးလို႔ေပါ့ေနာ္။ အဲဒီထက္ဆိုးတာက မူဆယ္ၿမိဳ႕ ဂိုေထာင္အသီးသီးမွာရွိတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာ အလုပ္လက္မဲ့ ျဖစ္သြားတယ္၊ စားဝတ္ေနေရး အေတာ္ေလး ထိခိုက္သြားတယ္။ က်န္းမာေရး မေကာင္းတာေတြေရာ ႀကဳံေတြ႕ရတယ္။ ဒီအတြက္ ေျပာရမယ္ဆိုရင္ေတာ့ ခန႔္မွန္းလို႔မရေအာင္ ဆုံးရႈံးနစ္နာမႈေတြ ေတြ႕ႀကဳံရတယ္ေနာ့။”

မူဆယ္ ၁၀၅ မိုင္ကတဆင့္ ေရထြက္ကုန္ေတြကို တ႐ုတ္ႏိုင္ငံဘက္ တင္ပို႔ေနတဲ့ လုပ္ငန္းရွင္ ဦးေအာင္ဟိန္းဟာ အခုဆိုရင္ ျပည္တြင္းမွာပဲ သူ႔ကုန္ပစၥည္းေတြကို အဓိက ျဖန႔္ျဖဴးေနတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ သူ႔လုိပဲ ပို႔ကုန္လုပ္ငန္းရွင္ေတြက ျပည္တြင္းေစ်းကြက္ထဲမွာ ေရာင္းေနရတဲ့အတြက္ ကုန္ပစၥည္းေတြျပည္တြင္းမွာ ပိုလွ်ံေနၿပီး ေစ်းႏႈန္းလည္းက်လာလို႔ ျပည္ပပို႔ရသေလာက္ အျမတ္မရဘူးလို႔ ခုလို ေျပာျပပါတယ္။

“ကုန္စည္စီးဆင္းမႈ ပိတ္သြားတယ္၊ လမ္းေၾကာေတြ ပိတ္သြားတဲ့အခါက်ေတာ့ ျပည္တြင္းမွာ စားသုံးသူကလည္း သိပ္မစားႏိုင္ဘူးေလ၊ ကုန္ေတြက မ်ားလာတယ္ စားသုံးသူကလည္း မႏိုင္ေတာ့ဘူးေလ။ ငါးရယ္၊ ပုစြန္ရယ္ ေစ်းေတြကထိုးက်၊ အဲလိုမ်ိဳးေတြျဖစ္ေနတာ။ ပုံမွန္ ၂၀၀၀ ေရာင္းရတဲ့ငါးက အခုဆိုရင္ ၁၂၀၀၊ ၁၀၀၀။ ၁၀၀ မွာ ၂၅ ရာခိုင္ႏႈန္းေလာက္ပဲ က်န္ေတာ့တယ္ အျမတ္ေငြက၊ ၇၅ ရာခိုင္ႏႈန္းေလာက္ ေပ်ာက္ဆင္းသြားၿပီ။”

တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကတဆင့္ စိုက္ပ်ိဳးေရးနဲ႔ ေရထြက္ကုန္ေတြကို ျမန္မာဘက္က အဓိက တင္ပို႔ပါတယ္။ အခုတင္ပို႔မႈေတြ ရပ္ေနတဲ့အတြက္ ဖရဲ၊ သခြား၊ နာနတ္၊ သရက္၊ ငါးပုစြန္နဲ႔ ပင္လယ္စာတင္ပို႔တဲ့ လုပ္ငန္းရွင္ေတြ၊ စိုက္ပ်ဳိးတဲ့ ေတာင္သူေတြက ဒီသက္ေရာက္မႈကို အဓိက ခံစားေနၾကရပါတယ္။

စစ္ကိုင္းတိုင္းက ဖရဲ၊ သခြားေမႊးစိုက္တဲ့ ေတာင္သူေတြကေတာ့ အရင္ႏွစ္ေတြက တ႐ုတ္ေစ်းကြက္အတြက္ ရည္႐ြယ္ၿပီး စိုက္ပ်ိဳးၾကေပမဲ့ အခုႏွစ္ေတာ့ စိုက္ဧကကို ထက္ဝက္ေလွ်ာ့ခ်လိုက္ၿပီး ျပည္တြင္းေစ်းကြက္အတြက္ပဲ ဦးတည္စိုက္ေတာ့တယ္လို႔ ေျပာပါတယ္။ ႏိုင္ငံေရးအေျခအေနနဲ႔ နယ္စပ္ကုန္သြယ္ေရးေတြ ျပန္ေကာင္းမွပဲ ျပည္ပပို႔ဖို႔ ျပန္စိုက္ပ်ိဳးေတာ့မယ္လို႔ ေတာင္သူဦးတင္သန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဒီႏွစ္မွာ သိပ္ၿပီးေတာ့ အဲဒီဘက္ (တ႐ုတ္) လိုင္းကို မလုပ္ၾကေတာ့ဘူး။ အခုျပည္တြင္းေတြပဲ ျပန္စိုက္ေနၾကတယ္။ ျပည္တြင္းလည္းစားတယ္ စားတာေတာ့၊ ျပည္ပကုန္မဟုတ္ေတာ့။ ကုန္ကေတာ့ ျဖဳန္းႏိုင္တယ္ ဒါေပမဲ့ ေစ်းကြက္က်ေတာ့ ဒီႏိုင္ငံေရး အေျခအေနနဲ႔ဆိုေတာ့ ပိုဆိုးကုန္တာေပါ့၊ ေစ်းကြက္က မေကာင္းတာေလ ဒီႏွစ္။”

မူဆယ္ၿမိဳ႕မွာ လူ ၁၀၀၀ ကုသႏိုင္တဲ့ ကိုဗစ္စင္တာကို တ႐ုတ္- ျမန္မာႏွစ္ဘက္ ကုန္သည္ေတြနဲ႔ တာဝန္ရွိသူေတြပူးေပါင္းၿပီး တည္ေဆာက္ေနတာ ၿပီးလုနီးပါးရွိပါၿပီ။ ဒီစင္တာၿပီးရင္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးကို ၁၀၅ မိုင္ကေန အနည္းငယ္လွမ္းတဲ့ က်င္စန္းေက်ာ့ဂိတ္ကို စက္တင္ဘာ ၁၅ ရက္မွာ စၿပီးဖြင့္လွစ္သြားမယ္လို႔ သတင္းထြက္ေနေပမဲ့ ႏွစ္ဘက္ညႇိႏႈိင္းမႈေတြ မၿပီးျပတ္ေသးဘူးလို႔ ကုန္သည္ေတြက ေျပာပါတယ္။

နယ္စပ္ဂိတ္ကို ႏိုဝင္ဘာလထဲမွာ ျပန္ၿပီးဖြင့္ႏိုင္ဖို႔အတြက္လည္း တ႐ုတ္ဘက္က ႀကိဳးပမ္းေနတယ္ဆိုတဲ့ သတင္းေတြလည္း ဒီရက္ပိုင္းထြက္ေပၚေနပါတယ္။

ဒီေန႔ စစ္ေကာင္စီထုတ္ သတင္းစာထဲမွာေတာ့ က်င္စန္းေက်ာ့ဂိတ္ကေန ၂ ႏိုင္ငံကုန္စည္စီးစင္းမႈ ပံုမွန္ျဖစ္ႏိုင္ေျခမ႐ွိေသးဘူးလုိ႔ သတင္းေဖာ္ျပထားပါတယ္။ ကုန္သြယ္ေရးဇုန္ကို အမွီျပဳ ဝင္ေငြ႐ွာေနသူအားလံုး ၂ ႏိုင္ငံ ကုန္သြယ္ေရးပံုမွန္ျပန္ျဖစ္ေအာင္ ေမ ွ်ာ္လင့္ေနၾကတယ္လို႔ သတင္းထဲမွာ ေဖာ္ျပထားပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


တရုတ်နယ်စပ်ကုန်သွယ်ရေး မဖွင့်သေးလို့ မြန်မာကုန်သည်တွေ ထိခိုက်နေ

(Unicode)

တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတာ နှစ်လကျော်ကြာလာချိန်မှာ ပြည်တွင်းက တောင်သူတွေ၊ ရေထွက်ကုန် လုပ်ငန်းရှင်တွေ ဝင်ငွေအတော်လေး ထိခိုက်နေကြပါတယ်။ ပြည်ပ မပို့နိုင်လို့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထား ထုတ်လုပ်၊ ရောင်းချလာကြပါတယ်။ အမြတ်ရတာ နည်းသွားပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်နေအောင် ဈေးကွက်ပြောင်းနေကြရတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီအခြေအနေ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်မြန်မာကုန်သွယ်ရေးဂိတ်တွေကို လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး တရုတ်ဘက်က ပိတ်လိုက်၊ ဖွင့်လိုက်လုပ်ခဲ့ပြီးတဲ့နောက် ဇူလိုင်လမှာတော့ ကုန်သွယ်ရေးဂိတ်အားလုံးကို လုံးဝပိတ်ခဲ့ပါတယ်။ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်နားထားတာ လချီနေပြီဖြစ်လို့ ဒီကုန်သွယ်ရေးကို မှီခိုနေရသူတွေအားလုံး ထိခိုက်နစ်နာရတယ်လို့ မူဆယ် ဆန်ကုန်သည်အသင်းဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“အဲဒီတော့ ကြက်သွန်တို့၊ ငရုတ်သီးတို့၊ အခြားသွင်းကုန် ထွက်ကုန်မှန်သမျှ လုံးဝရပ်သွားတယ်။ နာနတ်သီးဆို လုံးဝပို့လို့ မရတော့ဘူး၊ လုံးဝရပ်သွားတယ်။ အခြားကြက်သွန်ဖြူဈေးတွေလည်း ထိုးကျသွားတယ်။ တချို့ဆို ၁၀၅ မိုင်မှာတင် အလကားပေးရတဲ့အဆင့်ကို ရောက်သွားတယ်၊ ပုပ်မှာစိုးလို့ပေါ့နော်။ အဲဒီထက်ဆိုးတာက မူဆယ်မြို့ ဂိုထောင်အသီးသီးမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားတယ်၊ စားဝတ်နေရေး အတော်လေး ထိခိုက်သွားတယ်။ ကျန်းမာရေး မကောင်းတာတွေရော ကြုံတွေ့ရတယ်။ ဒီအတွက် ပြောရမယ်ဆိုရင်တော့ ခန့်မှန်းလို့မရအောင် ဆုံးရှုံးနစ်နာမှုတွေ တွေ့ကြုံရတယ်နော့။”

မူဆယ် ၁၀၅ မိုင်ကတဆင့် ရေထွက်ကုန်တွေကို တရုတ်နိုင်ငံဘက် တင်ပို့နေတဲ့ လုပ်ငန်းရှင် ဦးအောင်ဟိန်းဟာ အခုဆိုရင် ပြည်တွင်းမှာပဲ သူ့ကုန်ပစ္စည်းတွေကို အဓိက ဖြန့်ဖြူးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ သူ့လိုပဲ ပို့ကုန်လုပ်ငန်းရှင်တွေက ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းနေရတဲ့အတွက် ကုန်ပစ္စည်းတွေပြည်တွင်းမှာ ပိုလျှံနေပြီး ဈေးနှုန်းလည်းကျလာလို့ ပြည်ပပို့ရသလောက် အမြတ်မရဘူးလို့ ခုလို ပြောပြပါတယ်။

“ကုန်စည်စီးဆင်းမှု ပိတ်သွားတယ်၊ လမ်းကြောတွေ ပိတ်သွားတဲ့အခါကျတော့ ပြည်တွင်းမှာ စားသုံးသူကလည်း သိပ်မစားနိုင်ဘူးလေ၊ ကုန်တွေက များလာတယ် စားသုံးသူကလည်း မနိုင်တော့ဘူးလေ။ ငါးရယ်၊ ပုစွန်ရယ် ဈေးတွေကထိုးကျ၊ အဲလိုမျိုးတွေဖြစ်နေတာ။ ပုံမှန် ၂၀၀၀ ရောင်းရတဲ့ငါးက အခုဆိုရင် ၁၂၀၀၊ ၁၀၀၀။ ၁၀၀ မှာ ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ် အမြတ်ငွေက၊ ၇၅ ရာခိုင်နှုန်းလောက် ပျောက်ဆင်းသွားပြီ။”

တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကတဆင့် စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေကို မြန်မာဘက်က အဓိက တင်ပို့ပါတယ်။ အခုတင်ပို့မှုတွေ ရပ်နေတဲ့အတွက် ဖရဲ၊ သခွား၊ နာနတ်၊ သရက်၊ ငါးပုစွန်နဲ့ ပင်လယ်စာတင်ပို့တဲ့ လုပ်ငန်းရှင်တွေ၊ စိုက်ပျိုးတဲ့ တောင်သူတွေက ဒီသက်ရောက်မှုကို အဓိက ခံစားနေကြရပါတယ်။

စစ်ကိုင်းတိုင်းက ဖရဲ၊ သခွားမွှေးစိုက်တဲ့ တောင်သူတွေကတော့ အရင်နှစ်တွေက တရုတ်ဈေးကွက်အတွက် ရည်ရွယ်ပြီး စိုက်ပျိုးကြပေမဲ့ အခုနှစ်တော့ စိုက်ဧကကို ထက်ဝက်လျှော့ချလိုက်ပြီး ပြည်တွင်းဈေးကွက်အတွက်ပဲ ဦးတည်စိုက်တော့တယ်လို့ ပြောပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ကောင်းမှပဲ ပြည်ပပို့ဖို့ ပြန်စိုက်ပျိုးတော့မယ်လို့ တောင်သူဦးတင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနှစ်မှာ သိပ်ပြီးတော့ အဲဒီဘက် (တရုတ်) လိုင်းကို မလုပ်ကြတော့ဘူး။ အခုပြည်တွင်းတွေပဲ ပြန်စိုက်နေကြတယ်။ ပြည်တွင်းလည်းစားတယ် စားတာတော့၊ ပြည်ပကုန်မဟုတ်တော့။ ကုန်ကတော့ ဖြုန်းနိုင်တယ် ဒါပေမဲ့ ဈေးကွက်ကျတော့ ဒီနိုင်ငံရေး အခြေအနေနဲ့ဆိုတော့ ပိုဆိုးကုန်တာပေါ့၊ ဈေးကွက်က မကောင်းတာလေ ဒီနှစ်။”

မူဆယ်မြို့မှာ လူ ၁၀၀၀ ကုသနိုင်တဲ့ ကိုဗစ်စင်တာကို တရုတ်- မြန်မာနှစ်ဘက် ကုန်သည်တွေနဲ့ တာဝန်ရှိသူတွေပူးပေါင်းပြီး တည်ဆောက်နေတာ ပြီးလုနီးပါးရှိပါပြီ။ ဒီစင်တာပြီးရင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ၁၀၅ မိုင်ကနေ အနည်းငယ်လှမ်းတဲ့ ကျင်စန်းကျော့ဂိတ်ကို စက်တင်ဘာ ၁၅ ရက်မှာ စပြီးဖွင့်လှစ်သွားမယ်လို့ သတင်းထွက်နေပေမဲ့ နှစ်ဘက်ညှိနှိုင်းမှုတွေ မပြီးပြတ်သေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ဂိတ်ကို နိုဝင်ဘာလထဲမှာ ပြန်ပြီးဖွင့်နိုင်ဖို့အတွက်လည်း တရုတ်ဘက်က ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ဒီရက်ပိုင်းထွက်ပေါ်နေပါတယ်။

ဒီနေ့ စစ်ကောင်စီထုတ် သတင်းစာထဲမှာတော့ ကျင်စန်းကျော့ဂိတ်ကနေ ၂ နိုင်ငံကုန်စည်စီးစင်းမှု ပုံမှန်ဖြစ်နိုင်ခြေမရှိသေးဘူးလို့ သတင်းဖော်ပြထားပါတယ်။ ကုန်သွယ်ရေးဇုန်ကို အမှီပြု ဝင်ငွေရှာနေသူအားလုံး ၂ နိုင်ငံ ကုန်သွယ်ရေးပုံမှန်ပြန်ဖြစ်အောင် မေ ျှာ်လင့်နေကြတယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG