သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မဟာမဲေခါင္ ေရရွည္ဖံြ႕ၿဖိဳးေရး ပူးေပါင္းေဆာင္ရြက္ဖို႔တ႐ုတ္တိုက္တြန္း


adp mekong GMS
တိုက္႐ိုက္ လင့္ခ္

{{Zawgyi/Unicode}}

မဟာ မဲေခါင္ျမစ္ဝွမ္း GMS ႏိုင္ငံမ်ားအေနနဲ႔ ေဒသတြင္းမွာ ေရရွည္ဖြံၿဖိဳးတိုးတက္မႈေတြ ရရွိႏိုင္ေအာင္ ခိုင္ခိုင္မာမာနဲ႔ ႀကိဳစားၾကဖို႔ နဲ႔ တညီတညြတ္တည္း ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမွင့္ၿပီး တည္ေဆာက္ၾကဖို႔ တရုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang က မေန႔ ၾကာသပေတးေန႔က တိုက္တြန္းလုိက္ပါတယ္။

တရုတ္ဝန္ႀကီးခ်ဳပ္က အဲဒီလိုေျပာတဲ့ မဟာမဲေခါင္ျမစ္ဝွမ္း GMS ေဒသတြင္းက အဲဒီ အြန္လိုင္း ထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာစစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ၊ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen ၊ လာအို ဝန္ႀကီးခ်ဳပ္ Phankham Viphavanh ၊ ထိုင္းဝန္ႀကီးခ်ဳပ္ Praytut Chan o Cha ၊ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh တို႔နဲ႔အတူ အာရွဖြံ႔ၿဖိဳးေရးဘဏ္ ဥကၠဌ Masatsugu Asakawa တို႔လည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါအျပင္ တရုတ္ဝန္ႀကီးခ်ဳပ္ က ကုိဗစ္ကပ္ေရာဂါ အေျခအေနဟာ ကမၻာေပၚမွာ ဆက္လက္ဆုိးဝါးေနစဲျဖစ္ၿပီး မေသခ်ာမႈေတြ မတည္မၿငိမ္မႈေတြနဲ႔ ကမၻာစီးပြားေရးအေျခအေနေတြဟာလည္း အႀကိမ္ႀကိမ္က်ဆင္းေနတယ္လို႔ ေျပာပါတယ္။

ေနာက္ဆုံးမွာ တရုတ္ဝန္ႀကီးခ်ဳပ္က အခ်က္ ၆ခ်က္ပါတဲ့ အဆိုျပဳခ်က္တခုကို အဆိုျပဳၿပီး အဲဒီအထဲမွာ ေရအရင္းအျမစ္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တုိးျမွင့္ေရး၊ ကိုဗစ္ကပ္ေရာဂါ တိုက္ဖ်က္ေရး၊ ေဒသတြင္း ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမဳတ္ႏွံမႈ တိုးခ်ဲ႕ေရးစတာေတြလည္း ပါဝင္ၾကပါတယ္။

.....................................

မဟာမဲခေါင် ရေရှည်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့တရုတ်တိုက်တွန်း

{{Unicode}}

မဟာ မဲခေါင်မြစ်ဝှမ်း GMS နိုင်ငံများအနေနဲ့ ဒေသတွင်းမှာ ရေရှည်ဖွံဖြိုးတိုးတက်မှုတွေ ရရှိနိုင်အောင် ခိုင်ခိုင်မာမာနဲ့ ကြိုစားကြဖို့ နဲ့ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြီး တည်ဆောက်ကြဖို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က မနေ့ ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

တရုတ်ဝန်ကြီးချုပ်က အဲဒီလိုပြောတဲ့ မဟာမဲခေါင်မြစ်ဝှမ်း GMS ဒေသတွင်းက အဲဒီ အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ၊ လာအို ဝန်ကြီးချုပ် Phankham Viphavanh ၊ ထိုင်းဝန်ကြီးချုပ် Praytut Chan o Cha ၊ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့နဲ့အတူ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ Masatsugu Asakawa တို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါအပြင် တရုတ်ဝန်ကြီးချုပ် က ကိုဗစ်ကပ်ရောဂါ အခြေအနေဟာ ကမ္ဘာပေါ်မှာ ဆက်လက်ဆိုးဝါးနေစဲဖြစ်ပြီး မသေချာမှုတွေ မတည်မငြိမ်မှုတွေနဲ့ ကမ္ဘာစီးပွားရေးအခြေအနေတွေဟာလည်း အကြိမ်ကြိမ်ကျဆင်းနေတယ်လို့ ပြောပါတယ်။

နောက်ဆုံးမှာ တရုတ်ဝန်ကြီးချုပ်က အချက် ၆ချက်ပါတဲ့ အဆိုပြုချက်တခုကို အဆိုပြုပြီး အဲဒီအထဲမှာ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး၊ ဒေသတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုတ်နှံမှု တိုးချဲ့ရေးစတာတွေလည်း ပါဝင်ကြပါတယ်။

XS
SM
MD
LG