သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေခါင္ျမစ္ေပၚက တ႐ုတ္ဆည္ေတြကို ၿဂိဳဟ္တုကေန စတင္ေစာင့္ၾကည့္


မဲေခါင္ျမစ္ေပၚရွိ တ႐ုတ္ဆည္တခု။

(Zawgyi / Unicode)

တ႐ုတ္တို႔ မဲေခါင္ျမစ္ေပၚမွာ တည္ေဆာက္ထားတဲ့ ဆည္ေတြရဲ႕ ေရမ်က္ႏွာျပင္ကို ၿဂိဳဟ္တုကေန ေလ့လာေစာင့္ၾကည့္မယ့္ စီမံကိန္းကို တနလၤာေန႔က စတင္လိုက္ၿပီ ျဖစ္ပါတယ္။ အဲဒီအစီအစဥ္ကို အေမရိကန္တို႔က ရန္ပုံေငြ ပံ့ပိုးေပးထားတာေၾကာင့္ အေရွ႕ေတာင္အာရွေဒသထဲ အင္အားႀကီးႏွစ္နိုင္ငံရဲ႕ ၿပိင္ဆိုင္မႈအရွိန္ကို ပိုတိုးသြားေစခဲ့ပါတယ္။

မိုင္ေပါင္း ၂,၇၀၀ ရွည္လ်ားၿပီး ျမစ္ေအာက္ပိုင္း ေတာင္ဘက္မွာ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္နိုင္ငံေတြကို ျဖတ္ေက်ာ္စီးဆင္းတဲ့ Lancang လို႔ တ႐ုတ္တို႔ေခၚတဲ့ မဲေခါင္ျမစ္က အင္အားႀကီး ၂ နိုင္ငံအၾကား အဓိကၿပိဳင္ဆိုင္ရာ ကိစၥတခု ျဖစ္လာခဲ့ပါတယ္။

တ႐ုတ္ဆည္ေတြက ေရေတြကို ထိန္းခ်ဳပ္ထားတာေၾကာင့္ ျမစ္ေၾကပိုင္းႏုိင္ငံေတြကက လူ သန္း ၆၀ ေက်ာ္ရဲ႕ ငါးဖမ္းလုပ္ငန္းနဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းေတြကို ထိခိုက္ေနတယ္လို႔ အေမရိကန္တို႔ရဲ႕ သုေတသန ေတြ႔ရွိခ်က္ေတြကို တ႐ုတ္တို႔ လက္မခံဘဲ ျငင္းဆိုထားတာပါ။

ဆည္ေတြရဲ႕ ေရမ်က္ႏွာျပင္ကို တိုင္းတာၿပီး ထုတ္ျပန္ေၾကညာေပးမယ့္ ဒီ မဲေခါင္ဆည္ေစာင့္ၾကည့္ေရး စီမံကိန္းကို အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက တစိတ္တပုိင္း ရန္ပုံေငြ ေထာက္ပံ့ေပးထားတာပါ။ ဒီစီမံကိန္းအရ ၿဂိဳဟ္တုေတြကေန ရရွိတဲ့ သတင္းအခ်က္အလက္ေတြနဲ႔ တ႐ုတ္ဆည္ေတြနဲ႔ တျခားႏုိင္ငံေတြက ဆည္ေတြရဲ႕ ေရမ်က္ႏွာျပင္ကို ေစာင့္ၾကည့္ တိုင္းတာသြားမွာ ျဖစ္ၿပီး သတင္းအခ်က္အလက္ေတြကို အားလုံးသိဖို႔ ထုတ္ျပန္ေပးမွာ ျဖစ္ပါတယ္။​

ေျမမ်က္ႏွာျပင္ စိုစြတ္မႈကိုလည္း သီးျခားတိုင္းတာ ေဖာ္ျပသြားမွာျဖစ္လို႔ ေဒသတြင္း ဘယ္ေနရာေဒသေတြမွာ ပုံမွန္ထက္ စိုစြတ္မႈႏႈန္း ဒါမွမဟုတ္ ေျခာက္ေသြ႔မႈႏႈန္း ပိုသလဲဆိုတာကို သိရွိနိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆည္ေတြေၾကာင့္ ဘယ္ေဒသေတြမွာ သဘာဝအတိုင္း ျမစ္ေရစီးဆင္းမႈ ထိခိုက္သလဲ ဆိုတာကိုလည္း ေလ့လာသိရွိႏုိင္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မဲခေါင်မြစ်ပေါ်က တရုတ်ဆည်တွေကို ဂြိုဟ်တုကနေ စတင်စောင့်ကြည့်

တရုတ်တို့ မဲခေါင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်တွေရဲ့ ရေမျက်နှာပြင်ကို ဂြိုဟ်တုကနေ လေ့လာစောင့်ကြည့်မယ့် စီမံကိန်းကို တနင်္လာနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို အမေရိကန်တို့က ရန်ပုံငွေ ပံ့ပိုးပေးထားတာကြောင့် အရှေ့တောင်အာရှဒေသထဲ အင်အားကြီးနှစ်နိုင်ငံရဲ့ ပြိင်ဆိုင်မှုအရှိန်ကို ပိုတိုးသွားစေခဲ့ပါတယ်။

မိုင်ပေါင်း ၂,၇၀၀ ရှည်လျားပြီး မြစ်အောက်ပိုင်း တောင်ဘက်မှာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်ကျော်စီးဆင်းတဲ့ Lancang လို့ တရုတ်တို့ခေါ်တဲ့ မဲခေါင်မြစ်က အင်အားကြီး ၂ နိုင်ငံအကြား အဓိကပြိုင်ဆိုင်ရာ ကိစ္စတခု ဖြစ်လာခဲ့ပါတယ်။

တရုတ်ဆည်တွေက ရေတွေကို ထိန်းချုပ်ထားတာကြောင့် မြစ်ကြေပိုင်းနိုင်ငံတွေကက လူ သန်း ၆၀ ကျော်ရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို ထိခိုက်နေတယ်လို့ အမေရိကန်တို့ရဲ့ သုတေသန တွေ့ရှိချက်တွေကို တရုတ်တို့ လက်မခံဘဲ ငြင်းဆိုထားတာပါ။

ဆည်တွေရဲ့ ရေမျက်နှာပြင်ကို တိုင်းတာပြီး ထုတ်ပြန်ကြေညာပေးမယ့် ဒီ မဲခေါင်ဆည်စောင့်ကြည့်ရေး စီမံကိန်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစိတ်တပိုင်း ရန်ပုံငွေ ထောက်ပံ့ပေးထားတာပါ။ ဒီစီမံကိန်းအရ ဂြိုဟ်တုတွေကနေ ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ တရုတ်ဆည်တွေနဲ့ တခြားနိုင်ငံတွေက ဆည်တွေရဲ့ ရေမျက်နှာပြင်ကို စောင့်ကြည့် တိုင်းတာသွားမှာ ဖြစ်ပြီး သတင်းအချက်အလက်တွေကို အားလုံးသိဖို့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

မြေမျက်နှာပြင် စိုစွတ်မှုကိုလည်း သီးခြားတိုင်းတာ ဖော်ပြသွားမှာဖြစ်လို့ ဒေသတွင်း ဘယ်နေရာဒေသတွေမှာ ပုံမှန်ထက် စိုစွတ်မှုနှုန်း ဒါမှမဟုတ် ခြောက်သွေ့မှုနှုန်း ပိုသလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်တွေကြောင့် ဘယ်ဒေသတွေမှာ သဘာဝအတိုင်း မြစ်ရေစီးဆင်းမှု ထိခိုက်သလဲ ဆိုတာကိုလည်း လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG