သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရကာတာေဆာက္ေနတဲ့ မဲေခါင္ျမစ္အထက္ပုိင္းကုိ တရုတ္က ရက္ ၂၀ ၾကာ ပိတ္မည္


(Zawgyi/Unicode)

မဲေခါင္ျမစ္ အထက္ပိုင္းမွာရွိေနတဲ့ တရုတ္ႏိုင္ငံကေရအားလွ်ပ္စစ္ထုတ္ယူဖို႔ သူတို႔ တည္ေဆာက္ထားတဲ့ ေရကာတာအတြက္ ရက္ပိုင္း ၂၀ၾကာ မဲေခါင္ျမစ္ အထက္ပိုင္း ေရစီးေၾကာင္းကို တားဆီးဖို႔ ရွိေနေၾကာင္း အိမ္နီးခ်င္းႏိုင္ငံေတြကို အေၾကာင္းၾကားခဲ့တယ္လို႔ မဲေခါင္ျမစ္ ေကာ္မရွင္ (MRC) နဲ႔ ထိုင္းႏိုင္ငံက ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။

တရုတ္အေနနဲ႔ မဲေခါင္ျမစ္ ေအာက္ဖက္မွာရွိေနတဲ့ ႏိုင္ငံေတြကို ဒီဇင္ဘာ (၃၁)ရက္မွာ စတင္တဲ့ ျမစ္ေရစီးေၾကာင္းကန္႔သတ္မႈကို အေၾကာင္းၾကားဖို႔ ပ်က္ကြက္ခဲ့ေၾကာင္း အေမရိကန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ေစာင့္ၾကည့္ေရးစနစ္သစ္ကေန ထုတ္ျပန္ၿပီး ေနာက္တရက္မွာ အခုလို ေၾကညာခ်က္ေတြ ထြက္ေပၚလာခဲ့တာပါ။

မဲေခါင္ျမစ္ ေကာ္မရွင္နဲ႔ အခ်က္အလက္ေတြ မွ်ေ၀ဖို႔ တရုတ္ႏိုင္ငံက ၿပီးခဲ့တဲ့ ေအာက္တိုဘာလက သေဘာတူထားခဲ့ပါတယ္။ အဲဒီေကာ္မရွင္မွာ ထိုင္း၊ လာအို၊ ကေမၻာဒီးယား၊ ဗီယက္နမ္ ပါ၀င္တဲ့ အႀကံေပးအဖဲြ႕ျဖစ္ပါတယ္။ ဒီေကာ္မရွင္အေနနဲ႔ စီမံကိန္းအတြက္ သတင္းအခ်က္အလက္ေတြကို အခ်ိန္ၾကာျမင့္စြာကတည္းက ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။

မဲေခါင္ျမစ္ေရကို မွီတင္းၿပီး ေနထိုင္သူပါင္း သန္း (၆၀)ေက်ာ္ဟာ အဲဒီႏိုင္ငံေတြက ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံအေနနဲ႔သူတို႔ရဲ႕ Jinghong ေရကာတာအတြက္ မဲေခါင္ျမစ္ေရ စီးဆင္းမႈကို ၁ စကၠန႔္ကို ၁,၉၀၄ ကုဗမီတာ ကေန ၁၀၀၀ ကုဗမီတာအထိ ဇန္န၀ါရီ ၅-၂၄ ရက္ေန႔ထိ ေလွ်ာ့ခ်ဖို႔ရွိေၾကာင္း အဂၤါေန႔က အေၾကာင္းၾကားခဲ့တယ္လို႔ ထိုင္းႏိုင္ငံ ေရ အရင္းျမစ္ဌာန က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရေကာတာဆောက်နေတဲ့ မဲခေါင်မြစ်အထက်ပိုင်းကို တရုတ်က ရက် ၂၀ ကြာ ပိတ်မည်

(Unicode)

မဲခေါင်မြစ် အထက်ပိုင်းမှာရှိနေတဲ့ တရုတ်နိုင်ငံကရေအားလျှပ်စစ်ထုတ်ယူဖို့ သူတို့ တည်ဆောက်ထားတဲ့ ရေကာတာအတွက် ရက်ပိုင်း ၂၀ကြာ မဲခေါင်မြစ် အထက်ပိုင်း ရေစီးကြောင်းကို တားဆီးဖို့ ရှိနေကြောင်း အိမ်နီးချင်းနိုင်ငံတွေကို အကြောင်းကြားခဲ့တယ်လို့ မဲခေါင်မြစ် ကော်မရှင် (MRC) နဲ့ ထိုင်းနိုင်ငံက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

တရုတ်အနေနဲ့ မဲခေါင်မြစ် အောက်ဖက်မှာရှိနေတဲ့ နိုင်ငံတွေကို ဒီဇင်ဘာ (၃၁)ရက်မှာ စတင်တဲ့ မြစ်ရေစီးကြောင်းကန့်သတ်မှုကို အကြောင်းကြားဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ စောင့်ကြည့်ရေးစနစ်သစ်ကနေ ထုတ်ပြန်ပြီး နောက်တရက်မှာ အခုလို ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

မဲခေါင်မြစ် ကော်မရှင်နဲ့ အချက်အလက်တွေ မျှဝေဖို့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ အောက်တိုဘာလက သဘောတူထားခဲ့ပါတယ်။ အဲဒီကော်မရှင်မှာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ပါဝင်တဲ့ အကြံပေးအဖွဲ့ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ စီမံကိန်းအတွက် သတင်းအချက်အလက်တွေကို အချိန်ကြာမြင့်စွာကတည်းက ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

မဲခေါင်မြစ်ရေကို မှီတင်းပြီး နေထိုင်သူပါင်း သန်း (၆၀)ကျော်ဟာ အဲဒီနိုင်ငံတွေက ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့သူတို့ရဲ့ Jinghong ရေကာတာအတွက် မဲခေါင်မြစ်ရေ စီးဆင်းမှုကို ၁ စက္ကန့်ကို ၁,၉၀၄ ကုဗမီတာ ကနေ ၁၀၀၀ ကုဗမီတာအထိ ဇန်နဝါရီ ၅-၂၄ ရက်နေ့ထိ လျှော့ချဖို့ရှိကြောင်း အင်္ဂါနေ့က အကြောင်းကြားခဲ့တယ်လို့ ထိုင်းနိုင်ငံ ရေ အရင်းမြစ်ဌာန က ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG