သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ျမန္မာ နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ဖို႔ ျပင္ဆင္


တရုတ္ ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ (AP Photo/Eugene Hoshiko)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရးအားလုံးကို ယာယီရပ္ထားတဲ့ တ႐ုတ္ႏိုင္ငံက လာမယ့္စက္တင္ဘာလလယ္က်ရင္ေတာ့ ကုန္သြယ္ေရးျပန္စႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ႏွစ္ဘက္လုံးမွာ စိုးရိမ္ရတဲ့အေျခအေန ရွိေသးတာမို႔ ျမန္မာနယ္စပ္က ကိုဗစ္ေရာဂါ စစ္ေဆးေရးစင္တာကို လာမယ့္သီတင္းတပတ္အတြင္း အၿပီးသတ္ႏိုင္ဖို႔ ႏွစ္ဘက္လုံးက လုံးပန္းေနၾကတာပါ။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္က ေျပာျပမွာပါ။

ဇူလိုင္လ ၁၂ ရက္ေန႔ကစၿပီး ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရးအားလုံးကို တ႐ုတ္ႏိုင္ငံက ယာယီရပ္ဆိုင္းခဲ့ၿပီးေနာက္ အေစာဆုံး ေရွ႕လ စက္တင္ဘာ ၁၅ ရက္မွာ နယ္စပ္ ကုန္သြယ္ေရးဂိတ္ေတြကို ျပန္ဖြင့္ႏိုင္ဖို႔ တ႐ုတ္နဲ႔ ျမန္မာ နယ္စပ္တာဝန္ရွိသူေတြ သေဘာတူထားၾကပါတယ္။ ဒါေပမဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ႏွစ္ဘက္လုံးက အကန႔္အသတ္နဲ႔ပဲ တျဖည္းျဖည္း ျပန္စလိမ့္မယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။ ဒီရက္ပိုင္းလုပ္ခဲ့တဲ့ ႏွစ္ဘက္ တာဝန္ရွိသူေတြရဲ႕ အစည္းအေဝးမွာ သေဘာတူညီခ်က္အရေတာ့ က်င္စန္းေက်ာ့ဂိတ္တခုကိုပဲ အရင္ဦးဆုံး ျပန္ဖြင့္ႏိုင္ဖို႔ စီစဥ္ထားေၾကာင္း မူဆယ္ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။ က်င္စန္းေက်ာ့ဂိတ္ကို ေရာက္လာတဲ့ တ႐ုတ္ကုန္ေတြကို ျမန္မာကားေတြနဲ႔ ျပည္တြင္းကိုေျပာင္းသယ္ၿပီး၊ က်င္စန္းေက်ာ့က ျမန္မာကုန္ေတြကိုေတာ့ တ႐ုတ္ကားေတြက သူ႔ႏိုင္ငံထဲကို ေျပာင္းသယ္ႏိုင္ဖို႔ စီစဥ္ထားေၾကာင္း သူကေျပာပါတယ္။

“ စက္တင္ဘာ ၁၅ ရက္ေနာက္ပိုင္းမွ ဖြင့္ျဖစ္မယ္၊ ကိုဗစ္စင္တာႀကီးကလည္း စက္တင္ဘာ ၁၅ ရက္ေန႔ မတိုင္မီမွာ အျပည့္အစုံၿပီးေျမာက္မယ္။ ၿပီးေျမာက္တဲ့အခ်ိန္နဲ႔ အေပၚကၫႊန္ၾကားထားတဲ့ စည္းကမ္းခ်က္အတိုင္း သူတို႔ျပန္ဖြင့္ေပးမယ္လို႔ ယူဆထားပါတယ္။”

မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္က တ႐ုတ္- ျမန္မာ ႏွစ္ဘက္ျခမ္းက ကုန္သည္ေတြ ပူးေပါင္းတည္ေဆာက္ေနတဲ့ ကိုဗစ္စင္တာကိုလည္း စက္တင္ဘာ ၁၅ ရက္မတိုင္ခင္ ဖြင့္လွစ္ႏိုင္ဖို႔ စီစဥ္ထားၾကတာပါ။ အခုေတာ့ ၈၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီလို႔ မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္လင္းက ေျပာပါတယ္။ ကုန္သြယ္ေရးျပန္စႏိုင္ဖို႔အတြက္ ျမန္မာမူဆယ္ဘက္နဲ႔ တ႐ုတ္ေ႐ႊလီႏွစ္ဘက္လုံးမွာ ကိုဗစ္ကင္းစင္ဖို႔ အဓိကထားလုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

“ေအာက္ဘက္ကတက္လာတဲ့ ကုန္ကားေတြကို ၁၀၅ မိုင္မွာပဲက်ေနာ္တို႔က TCR နဲ႔ swap ယူၿပီးေတာ့စစ္မယ္၊ စစ္လိုက္လို႔ positive ေတြ႕ခဲ့တယ္ဆိုရင္ အဲဒီကုတင္ ၁၀၀၀ ေဆး႐ုံ ( စင္တာ) မွာတက္ေရာက္ၿပီး ကုသေပးမယ္။ ပိုးမေတြ႕ခဲ့ဘူးဆိုတဲ့ သူေတြကို ၁၀၅ မိုင္ ပို႔ကုန္ ယာဥ္စစ္ကြင္းထဲမွာ ျဖည့္မယ္။ ထုံးစံအတိုင္း လုပ္ထုံးလုပ္နည္းနဲ႔ လုပ္မယ္။ လုပ္ၿပီးရင္ တ႐ုတ္နဲ႔ စီးပြားကူးသန္းဖို႔ က်ေနာ္တို႔ ေဆာင္႐ြက္မွာပါ။”

ျမန္မာယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လိုက္ေတြက ကိုဗစ္စင္တာမွာ ေရာဂါစစ္ေဆးၿပီးမွပဲ ႏွစ္ႏိုင္ငံ ကုန္ျခင္းဖလွယ္မယ့္ က်င္စန္းေက်ာ့ဂိတ္ကို သြားခြင့္ရမွာပါ။ အဲဒီကုတင္ ၁၀၀၀ ကိုဗစ္စင္တာမွာ က်န္းမာေရးကုသ ျပဳစုေစာင့္ေရွာက္မယ့္ ဆရာဝန္နဲ႔ သူနာျပဳ အလုံအေလာက္ရဖို႔ ႀကိဳးစားေနဆဲပဲလို႔ မူဆယ္ကုန္သည္ေတြက ေျပာပါတယ္။

ႏွစ္ႏိုင္ငံနယ္ဂိတ္တေလွ်ာက္မွာ ကုန္ကားေတြ ပိတ္မေနေစဖို႔၊ ျမန္မာကုန္ပစၥည္းေတြကို ေရာင္းသူေဈးကြက္ေဖာ္ႏိုင္ဖို႔၊ တ႐ုတ္ျပည္ကကားေတြက မူဆယ္ ၁၀၅ မိုင္အထိလာၿပီး ကုန္တင္ေပးဖို႔၊ ကုန္သြယ္ေရးက ႏွစ္ဖက္မွ်မွ်တတျဖစ္ဖို႔ စတဲ့ ဒီကိစၥေတြကိုလည္း ဒီရက္ပိုင္းမွာလုပ္ခဲ့တဲ့ အစည္းအေဝးမွာ ေဆြးေႏြးခဲ့ေၾကာင္း မူဆယ္ကုန္သည္ေတြက ေျပာပါတယ္။ တ႐ုတ္ ျမန္မာနယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ျပန္ဖြင္တဲ့အခါ တ႐ုတ္ႏိုင္ငံဘက္က လွ်ပ္စစ္ပစၥည္း၊ ဓာတ္ေျမဩဇာ၊ ေဆာက္လုပ္ေရးပစၥည္း၊ ေဆးဝါး၊ အိမ္သုံးပစၥည္းေတြကို တင္ပို႔ဖို႔နဲ႔ ျမန္မာဘက္က စိုက္ပ်ိဳးေရးထြက္ကုန္ေတြ အဓိက တင္ပို႔ဖို႔ ႏွစ္ဘက္ညႇိႏႈိင္းထားၾကပါတယ္။

==================

တရုတ်မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ပြင်ဆင်

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးအားလုံးကို ယာယီရပ်ထားတဲ့ တရုတ်နိုင်ငံက လာမယ့်စက်တင်ဘာလလယ်ကျရင်တော့ ကုန်သွယ်ရေးပြန်စနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကူးစက်မှု နှစ်ဘက်လုံးမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိသေးတာမို့ မြန်မာနယ်စပ်က ကိုဗစ်ရောဂါ စစ်ဆေးရေးစင်တာကို လာမယ့်သီတင်းတပတ်အတွင်း အပြီးသတ်နိုင်ဖို့ နှစ်ဘက်လုံးက လုံးပန်းနေကြတာပါ။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန်က ပြောပြမှာပါ။

ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးအားလုံးကို တရုတ်နိုင်ငံက ယာယီရပ်ဆိုင်းခဲ့ပြီးနောက် အစောဆုံး ရှေ့လ စက်တင်ဘာ ၁၅ ရက်မှာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို ပြန်ဖွင့်နိုင်ဖို့ တရုတ်နဲ့ မြန်မာ နယ်စပ်တာဝန်ရှိသူတွေ သဘောတူထားကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နှစ်ဘက်လုံးက အကန့်အသတ်နဲ့ပဲ တဖြည်းဖြည်း ပြန်စလိမ့်မယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီရက်ပိုင်းလုပ်ခဲ့တဲ့ နှစ်ဘက် တာဝန်ရှိသူတွေရဲ့ အစည်းအဝေးမှာ သဘောတူညီချက်အရတော့ ကျင်စန်းကျော့ဂိတ်တခုကိုပဲ အရင်ဦးဆုံး ပြန်ဖွင့်နိုင်ဖို့ စီစဉ်ထားကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။ ကျင်စန်းကျော့ဂိတ်ကို ရောက်လာတဲ့ တရုတ်ကုန်တွေကို မြန်မာကားတွေနဲ့ ပြည်တွင်းကိုပြောင်းသယ်ပြီး၊ ကျင်စန်းကျော့က မြန်မာကုန်တွေကိုတော့ တရုတ်ကားတွေက သူ့နိုင်ငံထဲကို ပြောင်းသယ်နိုင်ဖို့ စီစဉ်ထားကြောင်း သူကပြောပါတယ်။

“ စက်တင်ဘာ ၁၅ ရက်နောက်ပိုင်းမှ ဖွင့်ဖြစ်မယ်၊ ကိုဗစ်စင်တာကြီးကလည်း စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်မီမှာ အပြည့်အစုံပြီးမြောက်မယ်။ ပြီးမြောက်တဲ့အချိန်နဲ့ အပေါ်ကညွှန်ကြားထားတဲ့ စည်းကမ်းချက်အတိုင်း သူတို့ပြန်ဖွင့်ပေးမယ်လို့ ယူဆထားပါတယ်။”

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က တရုတ်- မြန်မာ နှစ်ဘက်ခြမ်းက ကုန်သည်တွေ ပူးပေါင်းတည်ဆောက်နေတဲ့ ကိုဗစ်စင်တာကိုလည်း စက်တင်ဘာ ၁၅ ရက်မတိုင်ခင် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားကြတာပါ။ အခုတော့ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောပါတယ်။ ကုန်သွယ်ရေးပြန်စနိုင်ဖို့အတွက် မြန်မာမူဆယ်ဘက်နဲ့ တရုတ်ရွှေလီနှစ်ဘက်လုံးမှာ ကိုဗစ်ကင်းစင်ဖို့ အဓိကထားလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အောက်ဘက်ကတက်လာတဲ့ ကုန်ကားတွေကို ၁၀၅ မိုင်မှာပဲကျနော်တို့က TCR နဲ့ swap ယူပြီးတော့စစ်မယ်၊ စစ်လိုက်လို့ positive တွေ့ခဲ့တယ်ဆိုရင် အဲဒီကုတင် ၁၀၀၀ ဆေးရုံ ( စင်တာ) မှာတက်ရောက်ပြီး ကုသပေးမယ်။ ပိုးမတွေ့ခဲ့ဘူးဆိုတဲ့ သူတွေကို ၁၀၅ မိုင် ပို့ကုန် ယာဉ်စစ်ကွင်းထဲမှာ ဖြည့်မယ်။ ထုံးစံအတိုင်း လုပ်ထုံးလုပ်နည်းနဲ့ လုပ်မယ်။ လုပ်ပြီးရင် တရုတ်နဲ့ စီးပွားကူးသန်းဖို့ ကျနော်တို့ ဆောင်ရွက်မှာပါ။”

မြန်မာယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေက ကိုဗစ်စင်တာမှာ ရောဂါစစ်ဆေးပြီးမှပဲ နှစ်နိုင်ငံ ကုန်ခြင်းဖလှယ်မယ့် ကျင်စန်းကျော့ဂိတ်ကို သွားခွင့်ရမှာပါ။ အဲဒီကုတင် ၁၀၀၀ ကိုဗစ်စင်တာမှာ ကျန်းမာရေးကုသ ပြုစုစောင့်ရှောက်မယ့်ဆရာဝန်နဲ့ သူနာပြု အလုံအလောက်ရဖို့ ကြိုးစားနေဆဲပဲလို့ မူဆယ်ကုန်သည်တွေက ပြောပါတယ်။

နှစ်နိုင်ငံနယ်ဂိတ်တလျှောက်မှာ ကုန်ကားတွေ ပိတ်မနေစေဖို့၊ မြန်မာကုန်ပစ္စည်းတွေကို ရောင်းသူဈေးကွက်ဖော်နိုင်ဖို့၊ တရုတ်ပြည်ကကားတွေက မူဆယ် ၁၀၅ မိုင်အထိလာပြီး ကုန်တင်ပေးဖို့၊ ကုန်သွယ်ရေးက နှစ်ဖက်မျှမျှတတဖြစ်ဖို့ စတဲ့ ဒီကိစ္စတွေကိုလည်း ဒီရက်ပိုင်းမှာလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြောင်း မူဆယ်ကုန်သည်တွေက ပြောပါတယ်။ တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင်တဲ့အခါတရုတ်နိုင်ငံဘက်က လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါး၊ အိမ်သုံးပစ္စည်းတွေကို တင်ပို့ဖို့နဲ့မြန်မာဘက်က စိုက်ပျိုးရေးထွက်ကုန်တွေ အဓိက တင်ပို့ဖို့ နှစ် ဘက်ညှိနှိုင်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG