သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္ဂိတ္ တရားဝင္ ပိတ္ထားေပမဲ႔ တ႐ုတ္ကုန္စည္ေတြ ဝင္လာေနဆဲ


တ႐ုတ္-ျမန္မာနယ္စပ္ ကုန္တင္ကားမ်ား

[ Zawgyi ]

ကိုဗစ္ တတိယလႈိင္းမွာ တ႐ုတ္- ျမန္မာ နယ္စပ္ကုန္သြယ္ေရးကို ႏွစ္ႏိုင္ငံသေဘာတူညီမႈနဲ႔ လုံးဝရပ္နားထားေပမဲ့ တ႐ုတ္ကုန္သည္ေတြကေတာ့ နယ္စပ္က ျမန္မာတာဝန္ရွိသူေတြကို လာဘ္ထိုးၿပီး တရားမဝင္ ကုန္သြယ္ေနေၾကာင္း ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ မူဆယ္နယ္စပ္ ကုန္သြယ္ေရး အေျခအေနကို ကိုရဲမြန္က ေျပာျပမွာပါ။

ျမန္မာျပည္တြင္း ကိုဗစ္တတိယလႈိင္း အရွိန္ျမင့္လာတဲ့ ဇူလိုင္ ၁၀ ရက္ကစလို႔ တ႐ုတ္အစုိးရဘက္က ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရး အားလုး ျဖတ္ေတာက္ထားတာပါ။ ႏွစ္ဘက္ အျပန္အလွန္ကုန္သြယ္ေရး မရွိေတာ့ေပမယ့္ ျမန္မာဘက္က အေရးေပၚလိုအပ္တဲ့ ေဆးဝါးကိုေတာ့ ႏွစ္ႏိုင္ငံ သေဘာတူညီမႈနဲ႔ မူဆယ္ၿမိဳ႕ က်င္စန္းေက်ာ့ဂိတ္ကေန တင္သြင္းခြင့္ ေပးထားပါတယ္။ ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြပဲ တင္သြင္းခြင့္ေပးထားေပမယ့္ တ႐ုတ္ကုန္သည္ေတြကေတာ့ ေဆးပစၥည္းနဲ႔ေရာၿပီး တျခားပစၥည္းေတြကိုပါ တရားမဝင္ တင္သြင္းေနေၾကာင္း တ႐ုတ္ဝမ္တိန္က ျမန္မာကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္တဦးက ေျပာပါတယ္။

“Lockdown ပိတ္လိုက္တဲ့ အကန႔္အသတ္ေနာက္မွာ Mask ဖာ ၁၂ ဘီး တစီးဆိုရင္ ဖာ ၁,၂၀၀ ေလာက္သယ္လို႔ ရတယ္ေပါ့ေနာ္။ အခုက် ဖာေလးငါးရာေလာက္ပဲ အေပၚမွာ ဟန္ျပတင္ၿပီး ေအာက္က တျခားပစၥည္းေတြ ထည့္႐ိုက္တာေပါ့။ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာ တိတိက်က် ထြက္သြားတာေတြ ရွိတယ္။ အမ်ားဆုံး ထြက္တာကေတာ့ Mobile နဲ႔ ပတ္သက္တဲ့ပစၥည္း ထြက္တယ္၊ တန္ေၾကးႀကီးတဲ့ ပစၥည္းေတြေပါ့။ တျခားဟာေတြလည္း ပါတာေပါ့။ ပစၥည္းကေတာ့ ကုန္သည္အေပၚမွာ မူတည္တာကိုး။”

တ႐ုတ္ လုပ္ငန္းရွင္ေတြက အခုလို တရားမဝင္ ကုန္သြယ္ခြင့္ရေနတာဟာ ျမန္မာဘက္အျခမ္း မူဆယ္နယ္စပ္ကုန္သြယ္ေရး စခန္းက တာဝန္ရွိသူေတြအေပၚ အဓိက က်လိမ့္မယ္လို႔ အမည္မေဖာ္လိုတဲ့ နယ္စပ္ကုန္သည္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ဗမာနဲ႔တ႐ုတ္နဲ႔ၾကားမွာ Supplier ပုံစံမ်ိဳးေတြရွိတယ္။ အဓိကေတာ့ တ႐ုတ္ေပါ့ဗ်ာ။ တ႐ုတ္ဂိတ္ေတြနဲ႔ အဓိက ဆက္စပ္တာေပါ့။ အဲဒါမို႔ ဒါေတြက ျဖစ္လာတာ။ က်ေနာ္တို႔ ျမန္မာဂိတ္ေတြ ဒီ (ဝမ္တိန္) ထဲ ၂၀၀ ေက်ာ္ေလာက္ရွိတယ္။ ဒီအတိုင္း ငုတ္တုပ္ ထိုင္ၾကည့္ေနရတာ သူတို႔လုပ္သမွ်ေတြကို။ ဘာမွ လုပ္လို႔မရဘူး။ ဌာနဆိုင္ရာေတြမွာပဲျဖစ္ျဖစ္ အေပၚပိုင္း လူႀကီးေတြက မ်က္ကြယ္ျပဳထားတာ၊ လာဘ္ေပးလာဘ္ယူ ကိစၥေတြကို က်ဴးလြန္ထားလို႔ ေအာက္ေျခမွာ ဒါမ်ိဳးေတြ ျဖစ္လာတာ။ ဘယ္သူမွ ဒီလို ႏွစ္ႏိုင္ငံ နယ္စပ္ဂိတ္ေပါက္ေတြမွာ တရားမဝင္ ကုန္သြယ္ေရး မလုပ္ရဲဘူး။”

၁၀၅ မိုင္ ကုန္သြယ္ေရးစခန္းရဲ႕ ဒုၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္လြင္ကေတာ့ က်င္စန္းေက်ာ့ဂိတ္ကေန တ႐ုတ္ဘက္က တရားမဝင္ ကုန္ပစၥည္းေတြ ဝင္လာတာ မရွိဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။

“ က်င္စန္းေက်ာ့ဂိတ္က က်ေနာ္တို႔ လက္ရွိက Covid-19 ကာကြယ္ေရး၊ ကုသေရး ပစၥည္းေတြေတာ့ က်ေနာ္တို႔ဘက္ကို တင္သြင္းခြင့္ ျပဳတာေပါ့ေနာ္။ မိုဘိုင္းဖုန္းေတြ ဘာေတြကေတာ့ လက္ရွိ အေျခအေနအထိေတာ့ သြင္းတာ တစီးမွ မရွိဘူးဗ်။”


တ႐ုတ္- ျမန္မာနယ္စပ္ ကုန္သြယ္ေရးကို အခုလာမယ့္ စက္တင္ဘာ ၁၅ ရက္မွာ ပုံမွန္အတိုင္း ျပန္ဖြင့္မယ္လို႔ သတင္းေတြကနဦး ထြက္ေပၚေနေပၚမယ့္ ဒါက ႏွစ္ႏိုင္ငံအၿပီးသတ္ မဆုံးျဖတ္ရေသးေၾကာင္း၊ မနက္ျဖန္ စက္တင္ဘာ ၉ ရက္မွာလည္း ဒီကိစၥအတြက္ ႏွစ္ႏိုင္ငံလုပ္ငန္းညႇိႏႈိင္း အစည္းအေဝးရွိေၾကာင္း ဦးေမာင္ေမာင္လြင္က ေျပာပါတယ္။

အျပန္အလွန္ ကုန္သြယ္မႈပမာဏ တႏွစ္ကို အေမရိကန္ေဒၚလာ သန္း ၄,၈၀၀ ေက်ာ္ရွိတဲ့ တ႐ုတ္- ျမန္မာ မူဆယ္နယ္စပ္ကုန္သြယ္ေရးက ၿပီးခဲ့တဲ့ ၂၀၂၀ ဧၿပီလကစလို႔ က်ဆင္းသြားပါတယ္။ စိုက္ပ်ိဳးေရးနဲ႔ ေရထြက္ကုန္ကို အားထားတင္ပို႔ေနတဲ့ ျမန္မာကုန္သည္ေတြဘက္က ဆုံးရႈံးမႈ ပိုမ်ားႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ မူဆယ္ကုန္သြယ္ေရးနဲ႔ ဆက္စပ္တဲ့ အလုပ္အကိုင္ေတြလည္း ေသာင္းနဲ႔ခ်ီၿပီး ဆုံးရႈံးေနေၾကာင္း ကုန္သည္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

နယ်စပ်ဂိတ် တရားဝင် ပိတ်ထားပေမဲ့ တရုတ်ကုန်စည်တွေ ဝင်လာနေဆဲ

ကိုဗစ် တတိယလှိုင်းမှာ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကို နှစ်နိုင်ငံသဘောတူညီမှုနဲ့ လုံးဝရပ်နားထားပေမဲ့ တရုတ်ကုန်သည်တွေကတော့ နယ်စပ်က မြန်မာတာဝန်ရှိသူတွေကို လာဘ်ထိုးပြီး တရားမဝင် ကုန်သွယ်နေကြောင်း မြန်မာကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေး အခြေအနေကို ကိုရဲမွန်က ပြောပြမှာပါ။

မြန်မာပြည်တွင်း ကိုဗစ်တတိယလှိုင်း အရှိန်မြင့်လာတဲ့ ဇူလိုင် ၁၀ ရက်ကစလို့ တရုတ်အစိုးရဘက်က မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး အားလုး ဖြတ်တောက်ထားတာပါ။ နှစ်ဘက် အပြန်အလှန်ကုန်သွယ်ရေး မရှိတော့ပေမယ့် မြန်မာဘက်က အရေးပေါ်လိုအပ်တဲ့ ဆေးဝါးကိုတော့ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ကနေ တင်သွင်းခွင့် ပေးထားပါတယ်။ ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေပဲ တင်သွင်းခွင့်ပေးထားပေမယ့် တရုတ်ကုန်သည်တွေကတော့ ဆေးပစ္စည်းနဲ့ရောပြီး တခြားပစ္စည်းတွေကိုပါ တရားမဝင် တင်သွင်းနေကြောင်း တရုတ်ဝမ်တိန်က မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္မႈ
တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္မႈ


“Lockdown ပိတ်လိုက်တဲ့ အကန့်အသတ်နောက်မှာ Mask ဖာ ၁၂ ဘီး တစီးဆိုရင် ဖာ ၁,၂၀၀ လောက်သယ်လို့ ရတယ်ပေါ့နော်။ အခုကျ ဖာလေးငါးရာလောက်ပဲ အပေါ်မှာ ဟန်ပြတင်ပြီး အောက်က တခြားပစ္စည်းတွေ ထည့်ရိုက်တာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တိတိကျကျ ထွက်သွားတာတွေ ရှိတယ်။ အများဆုံး ထွက်တာကတော့ Mobile နဲ့ ပတ်သက်တဲ့ပစ္စည်း ထွက်တယ်၊ တန်ကြေးကြီးတဲ့ ပစ္စည်းတွေပေါ့။ တခြားဟာတွေလည်း ပါတာပေါ့။ ပစ္စည်းကတော့ ကုန်သည်အပေါ်မှာ မူတည်တာကိုး။”

တရုတ် လုပ်ငန်းရှင်တွေက အခုလို တရားမဝင် ကုန်သွယ်ခွင့်ရနေတာဟာ မြန်မာဘက်အခြမ်း မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက တာဝန်ရှိသူတွေအပေါ် အဓိက ကျလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဗမာနဲ့တရုတ်နဲ့ကြားမှာ Supplier ပုံစံမျိုးတွေရှိတယ်။ အဓိကတော့ တရုတ်ပေါ့ဗျာ။ တရုတ်ဂိတ်တွေနဲ့ အဓိက ဆက်စပ်တာပေါ့။ အဲဒါမို့ ဒါတွေက ဖြစ်လာတာ။ ကျနော်တို့ မြန်မာဂိတ်တွေ ဒီ (ဝမ်တိန်) ထဲ ၂၀၀ ကျော်လောက်ရှိတယ်။ ဒီအတိုင်း ငုတ်တုပ် ထိုင်ကြည့်နေရတာ သူတို့လုပ်သမျှတွေကို။ ဘာမှ လုပ်လို့မရဘူး။ ဌာနဆိုင်ရာတွေမှာပဲဖြစ်ဖြစ် အပေါ်ပိုင်း လူကြီးတွေက မျက်ကွယ်ပြုထားတာ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ကျူးလွန်ထားလို့ အောက်ခြေမှာ ဒါမျိုးတွေ ဖြစ်လာတာ။ ဘယ်သူမှ ဒီလို နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်တွေမှာ တရားမဝင် ကုန်သွယ်ရေး မလုပ်ရဲဘူး။”

၁၀၅ မိုင် ကုန်သွယ်ရေးစခန်းရဲ့ ဒုညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်ကတော့ ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ဘက်က တရားမဝင် ကုန်ပစ္စည်းတွေ ဝင်လာတာ မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ ကျင်စန်းကျော့ဂိတ်က ကျနော်တို့ လက်ရှိက Covid-19 ကာကွယ်ရေး၊ ကုသရေး ပစ္စည်းတွေတော့ ကျနော်တို့ဘက်ကို တင်သွင်းခွင့် ပြုတာပေါ့နော်။ မိုဘိုင်းဖုန်းတွေ ဘာတွေကတော့ လက်ရှိ အခြေအနေအထိတော့ သွင်းတာ တစီးမှ မရှိဘူးဗျ။”

တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးကို အခုလာမယ့် စက်တင်ဘာ ၁၅ ရက်မှာ ပုံမှန်အတိုင်း ပြန်ဖွင့်မယ်လို့ သတင်းတွေကနဦး ထွက်ပေါ်နေပေါ်မယ့် ဒါက နှစ်နိုင်ငံအပြီးသတ် မဆုံးဖြတ်ရသေးကြောင်း၊ မနက်ဖြန် စက်တင်ဘာ ၉ ရက်မှာလည်း ဒီကိစ္စအတွက် နှစ်နိုင်ငံလုပ်ငန်းညှိနှိုင်း အစည်းအဝေးရှိကြောင်း ဦးမောင်မောင်လွင်က ပြောပါတယ်။

အပြန်အလှန် ကုန်သွယ်မှုပမာဏ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၄,၈၀၀ ကျော်ရှိတဲ့ တရုတ်- မြန်မာ မူဆယ်နယ်စပ်ကုန်သွယ်ရေးက ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလကစလို့ ကျဆင်းသွားပါတယ်။ စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ကို အားထားတင်ပို့နေတဲ့ မြန်မာကုန်သည်တွေဘက်က ဆုံးရှုံးမှု ပိုများနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မူဆယ်ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေလည်း သောင်းနဲ့ချီပြီး ဆုံးရှုံးနေကြောင်း ကုန်သည်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG