သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊလီ တေက်ာ့ျပန္ ကိုဗစ္ေၾကာင့္ နယ္စပ္ကုန္သြယ္ေရးထိခိုက္


ေရႊလီ တေက်ာ့ျပန္ ကိုဗစ္ေၾကာင့္ နယ္စပ္ကုန္သြယ္ေရးထိခိုက္

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါကူးစက္သူ အေယာက္ ၆၀ ေက်ာ္လာၿပီျဖစ္ေၾကာင္း ျပည္နယ္က်န္းမာေရး ေကာ္မရွင္က ဒီကေန႔ ထုတ္ျပန္လိုက္ၿပီး အသြားအလာ ပိတ္ဆို႔မႈေတြနဲ႔အတူ ျမန္မာ- တ႐ုတ္နယ္စပ္ ကုန္စည္စီးဆင္းမႈလည္း လုံးဝရပ္တန႔္သေလာက္ ျဖစ္သြားပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစံုကို ကိုၿငိမ္းခ်မ္းက ေျပာျပထားပါတယ္။

ေ႐ႊလီမွာ ကိုဗစ္အတည္ျပဳလူနာ အသစ္ ၂ေယာက္ ဒီေန႔ ထပ္တိုးလာၿပီး မတ္လကုန္ကေန ဧၿပီလ ၆ ရက္အထိ ၆၈ ေယာက္ရွိသြားၿပီလို႔ ယူနန္က်န္းမာေရး ေကာ္မရွင္က ဒီကေန႔ ထုတ္ျပန္လိုက္တာပါ။

ျမန္မာ- တ႐ုတ္နယ္စပ္ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ႏွစ္ခုမွာ ကိုဗစ္ေရာဂါေတြ႕ရွိၿပီး စစ္ေဆးမႈေတြ စတင္လုပ္ရာကေန အခုလိုထပ္မံေတြ႕လာရတာပါ။ ဒီထဲမွာ ျမန္မာ ၁၅ ေယာက္ထက္မနည္း ကူးစက္ခံရေၾကာင္း စာရင္းေတြမွာ ေဖာ္ျပထားေပမဲ့ အေရအတြက္ အတိအက်ကို သီးသန႔္ခြဲထုတ္ ျပထားတာေတာ့ မရွိပါဘူး။

ေရာဂါျပန္စေတြ႕တဲ့ က်ယ္ေဂါင္ကို lockdown အရင္ခ်ၿပီး ေ႐ႊလီကိုေတာ့ ဒီရက္ပိုင္းမွာ ဆက္ပိတ္လိုက္တာပါ။ က်န္းမာေရးအတြက္ သီးသန႔္ေစာင့္ၾကည့္ ခံရတဲ့ ျမန္မာအမ်ားစုလည္း ကုန္က်စရိတ္ေတြရွိလာၿပီး အလုပ္ေတြပိတ္ထားလို႔ အခက္အခဲ ႀကဳံေနရတယ္လို႔ၾကင္နာေႏြးေထြ ပရဟိတအဖြဲ႕က ဦးေနာင္ေနာင္းက ဗြီအိုေအကို ေျပာျပပါတယ္။

“ က်ေနာ္သိရသေလာက္ အခုေလာေလာဆယ္ အေနအထားကေတာ့ အကုန္လုံး ပိတ္လိုက္ၿပီဗ်၊ အျပင္ထြက္လို႔မရတာ တခု၊ အလုပ္အကိုင္ေတြ ပိတ္ထားတယ္ သြားလာလို႔ မရဘူး။ ၅ ရက္ေန႔က အဲဒီေန႔က ေရာဂါေတြ တအားျဖစ္လို႔ဆိုၿပီး ပိတ္ၿပီး ထိုးေပးတယ္ က်န္းမာေရးေဆးေပါ့။ စိုးရိမ္ေနတာက အခု က်ဴဝင္ရမယ့္သူေတြ ဟိုတယ္ေတြမွာ သြားၿပီးဝင္ရရင္ ေငြေၾကးေတြက မတန္တဆႀကီးေတြေပါ့၊ တခ်ိဳ႕လူေတြ ေျပာတာ တလစာေတာင္ လုပ္ခမရသူေတြ က်ဴဝင္ဖို႔ေပးရတာေတြ ရွိတယ္။ အဆင္မေျပတာေလးေတြ ရွိတာေပါ့။ ဒီႏိုင္ငံသားေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ က်ဴဝင္ၾကတယ္။ ဒီေရာဂါ မရွိဘူး ဆိုရင္ေတာ့ ေဆာက္လုပ္ေရးကလည္း ေဆာက္လုပ္ေရးလုပ္ လခစားလုပ္တဲ့သူကလည္း လခစားလုပ္ သူ႔ဟာသူ လည္ပတ္တယ္ေလေနာ။”

အကန႔္အသတ္နဲ႔သြားေနတဲ့ ျမန္မာ- တ႐ုတ္နယ္စပ္ ကုန္သြယ္ေရးကလည္း မေန႔ကစၿပီး လုံးဝရပ္တန႔္သြားၿပီး ဆန္အပါအဝင္ သၾကား၊ ကုန္ေျခာက္နဲ႔ ေရထြက္ကုန္ေတြ တင္ပို႔လို႔ မရေတာ့ေၾကာင္းလည္း မူဆယ္ ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ေ႐ႊလီၿမိဳ႕ထဲက သူေတြကေတာ့ ေဈးေတာင္ထြက္ဝယ္လို႔ မရေတာ့ဘူး၊ အိမ္ထဲမွာေနခိုင္းတာ။ အဲဒီအတြက္ ဂိတ္ကေတာ့ လုံးဝပိတ္လိုက္တယ္။ ဘယ္ေန႔ ျပန္ဖြင့္မယ္ ဆိုတာကေတာ့ မသိဘူး၊ lockdown ခ်တာကေတာ့ ၁ပတ္ေတာ့ ခ်ထားတယ္၊ ဒီအတြက္ တ႐ုတ္- ျမန္မာ နယ္စပ္ကုန္သြယ္ေရးဟာ လုံးဝရပ္တန႔္သေလာက္ ျဖစ္သြားၿပီ။ ဒါေပသိ ဖရဲသီးတို႔၊ သခြားသီးတို႔ က်ေတာ့ ေ႐ႊလီၿမိဳ႕နဲ႔ ၁၀ မိုင္ေလာက္ေဝးတဲ့ က်င္စန္းေၾကာ့ဂိတ္ကေန ဝင္ခြင့္ျပဳတယ္။”

ဧၿပီလ ၅ ရက္ေန႔အထိ ယူနန္ျပည္နယ္က လူေပါင္း ၅၀၀၀၀၀ ေက်ာ္ကို ကာကြယ္ေဆး ထိုးၿပီးျဖစ္ေၾကာင္း ယူနန္အစိုးရရဲ႕ မေန႔က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားေၾကာင္း ျပည္နယ္က်န္းမာေရး ေကာ္မရွင္က ေရးသားထားပါတယ္။ ဒါဟာ တ႐ုတ္ ယူနန္ျပည္နယ္ ေ႐ႊလီနဲ႔ က်ယ္ေဂါင္မွာ တႏွစ္ၾကာၿပီး ဒုတိယအႀကိမ္ေျမာက္ ကူးစက္မႈလည္းျဖစ္ေၾကာင္း တ႐ုတ္သတင္းဌာနေတြမွာ ေရးသားၾကပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်သူ အယောက် ၆၀ ကျော်လာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်ပြီး အသွားအလာ ပိတ်ဆို့မှုတွေနဲ့အတူ မြန်မာ- တရုတ်နယ်စပ် ကုန်စည်စီးဆင်းမှုလည်း လုံးဝရပ်တန့်သလောက် ဖြစ်သွားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။

ရွှေလီမှာ ကိုဗစ်အတည်ပြုလူနာ အသစ် ၂ယောက် ဒီနေ့ ထပ်တိုးလာပြီး မတ်လကုန်ကနေ ဧပြီလ ၆ ရက်အထိ ၆၈ ယောက်ရှိသွားပြီလို့ ယူနန်ကျန်းမာရေး ကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

မြန်မာ- တရုတ်နယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့နှစ်ခုမှာ ကိုဗစ်ရောဂါတွေ့ရှိပြီး စစ်ဆေးမှုတွေ စတင်လုပ်ရာကနေ အခုလိုထပ်မံတွေ့လာရတာပါ။ ဒီထဲမှာ မြန်မာ ၁၅ ယောက်ထက်မနည်း ကူးစက်ခံရကြောင်း စာရင်းတွေမှာ ဖော်ပြထားပေမဲ့ အရေအတွက် အတိအကျကို သီးသန့်ခွဲထုတ် ပြထားတာတော့ မရှိပါဘူး။

ရောဂါပြန်စတွေ့တဲ့ ကျယ်ဂေါင်ကို lockdown အရင်ချပြီး ရွှေလီကိုတော့ ဒီရက်ပိုင်းမှာ ဆက်ပိတ်လိုက်တာပါ။ ကျန်းမာရေးအတွက် သီးသန့်စောင့်ကြည့် ခံရတဲ့ မြန်မာအများစုလည်း ကုန်ကျစရိတ်တွေရှိလာပြီး အလုပ်တွေပိတ်ထားလို့ အခက်အခဲ ကြုံနေရတယ်လို့ကြင်နာနွေးထွေ ပရဟိတအဖွဲ့က ဦးနောင်နောင်းက ဗွီအိုအေကို ပြောပြပါတယ်။

“ ကျနော်သိရသလောက် အခုလောလောဆယ် အနေအထားကတော့ အကုန်လုံး ပိတ်လိုက်ပြီဗျ၊ အပြင်ထွက်လို့မရတာ တခု၊ အလုပ်အကိုင်တွေ ပိတ်ထားတယ် သွားလာလို့ မရဘူး။ ၅ ရက်နေ့က အဲဒီနေ့က ရောဂါတွေ တအားဖြစ်လို့ဆိုပြီး ပိတ်ပြီး ထိုးပေးတယ် ကျန်းမာရေးဆေးပေါ့။ စိုးရိမ်နေတာက အခု ကျူဝင်ရမယ့်သူတွေ ဟိုတယ်တွေမှာ သွားပြီးဝင်ရရင် ငွေကြေးတွေက မတန်တဆကြီးတွေပေါ့၊ တချို့လူတွေ ပြောတာ တလစာတောင် လုပ်ခမရသူတွေ ကျူဝင်ဖို့ပေးရတာတွေ ရှိတယ်။ အဆင်မပြေတာလေးတွေ ရှိတာပေါ့။ ဒီနိုင်ငံသားတွေ တော်တော်များများကတော့ ကျူဝင်ကြတယ်။ ဒီရောဂါ မရှိဘူး ဆိုရင်တော့ ဆောက်လုပ်ရေးကလည်း ဆောက်လုပ်ရေးလုပ် လခစားလုပ်တဲ့သူကလည်း လခစားလုပ် သူ့ဟာသူ လည်ပတ်တယ်လေနော။”

အကန့်အသတ်နဲ့သွားနေတဲ့ မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေးကလည်း မနေ့ကစပြီး လုံးဝရပ်တန့်သွားပြီး ဆန်အပါအဝင် သကြား၊ ကုန်ခြောက်နဲ့ ရေထွက်ကုန်တွေ တင်ပို့လို့ မရတော့ကြောင်းလည်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ရွှေလီမြို့ထဲက သူတွေကတော့ ဈေးတောင်ထွက်ဝယ်လို့ မရတော့ဘူး၊ အိမ်ထဲမှာနေခိုင်းတာ။ အဲဒီအတွက် ဂိတ်ကတော့ လုံးဝပိတ်လိုက်တယ်။ ဘယ်နေ့ ပြန်ဖွင့်မယ် ဆိုတာကတော့ မသိဘူး၊ lockdown ချတာကတော့ ၁ပတ်တော့ ချထားတယ်၊ ဒီအတွက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝရပ်တန့်သလောက် ဖြစ်သွားပြီ။ ဒါပေသိ ဖရဲသီးတို့၊ သခွားသီးတို့ ကျတော့ ရွှေလီမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျင်စန်းကြော့ဂိတ်ကနေ ဝင်ခွင့်ပြုတယ်။”

ဧပြီလ ၅ ရက်နေ့အထိ ယူနန်ပြည်နယ်က လူပေါင်း ၅၀၀၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း ယူနန်အစိုးရရဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ရေးသားထားပါတယ်။ ဒါဟာ တရုတ် ယူနန်ပြည်နယ် ရွှေလီနဲ့ ကျယ်ဂေါင်မှာ တနှစ်ကြာပြီး ဒုတိယအကြိမ်မြောက် ကူးစက်မှုလည်းဖြစ်ကြောင်း တရုတ်သတင်းဌာနတွေမှာ ရေးသားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG