သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြယ္ဂ်ယ္နယ္စပ္ဂိတ္ တ႐ုတ္ဘက္ျခမ္း ယာယီပိတ္ပင္


တ႐ုတ္နယ္စပ္က ျမန္မာကုန္ကားမ်ား

Zawgyi/Unicode

တ႐ုတ္ ျမန္မာနယ္စပ္ကုန္သြယ္ေရးမွာ ကုန္ကားေတြ ဝင္ထြက္ေနတဲ့ ကခ်င္ျပည္နယ္ဖက္က လြယ္ဂ်ယ္နယ္စပ္ဂိတ္ကို တ႐ုတ္အစိုးရက ဒီေန႔ ဂ်ဴလိုင္ ၅ ရက္ေန႔ စၿပီး ပိတ္လိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ျမင့္တက္ေနတဲ့အတြက္ တ႐ုတ္ဖက္က ခုလို ပိတ္လိုက္တာပါ။ ျမန္မာႏိုင္ငံက ဆန္တင္ကုန္ကားေတြ အဓိကသြားတဲ့ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကို ပိတ္လိုက္တဲ့အတြက္ ဆန္ကုန္သည္ေတြအတြက္ ဘယ္ေလာက္ထိခိုက္ေနလဲဆိုတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္း မခြာညိဳ ေျပာျပပါမယ္။

ျမန္မာျပည္ကေန တ႐ုတ္ျပည္ထဲကို ဆန္၊ ဆန္ကြဲအိတ္ေရ ၂၀,၀၀၀ ေလာက္ ေန႔စဥ္တင္ပို႔ေနရတဲ့ ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕က လြယ္ဂ်ယ္နယ္စပ္ဂိတ္ကို တ႐ုတ္ဘက္က ဒီကေန႔စၿပီး ပိတ္လိုက္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္နယ္စပ္ ဆန္တင္ပို႔တဲ့လုပ္ငန္းဟာ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား က်ဆင္းသြားတယ္လို႔ မူဆယ္ ဆန္ကုန္စည္ဒိုင္ဒုဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

“လြယ္ဂ်ယ္ကေန တ႐ုတ္ျပည္အဝင္ကို ပိတ္လိုက္တဲ့အတြက္ ဆန္နဲ႔ဆန္ကြဲေရာင္းဝယ္ေရးဟာ ၈၀ % ေလာက္ က်ဆင္းသြားၿပီ။ မေန႔ကမွ ၆၀ % ရွိေသးတာ။ အဲဒီ (က်န္တဲ့) ၂၀ % က ဘယ္ကသြားရလဲဆိုေတာ့ ဝမ္တိန္၊ က်င္စန္းေက်ာ့က သြားေနရတယ္။ ဝမ္တိန္၊ က်င္စန္းေက်ာ့ပါ ပိတ္လိုက္ရင္ေတာ့ ၁၀၀ % လုံးဝ ရပ္တန႔္သြားမယ့္သေဘာ ရွိတယ္။”

ျမန္မာျပည္တြင္းကိုဗစ္ေရာဂါစေတြ႔တဲ့ ၂၀၂၀ ဧၿပီလ ၁ ရက္ကစလို႔ ျမန္မာနဲ႔ အဓိက ကုန္သြယ္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕က ဂိတ္ေတြကို တ႐ုတ္ဘက္က ပိတ္ထားတာပါ။ ဒီၾကားထဲမွာ တခ်ိဳ႕ဂိတ္ေတြကို ယာယီျပန္ဖြင့္ေပးခဲ့ေပမဲ့ အခု ျမန္မာျပည္မွာ ကိုဗစ္ကူးစက္မႈေတြ တိုးလာတဲ့အတြက္ တ႐ုတ္ ျမန္မာ ၂ ႏိုင္ငံ နယ္စပ္ဂိတ္ေတြကို တျဖည္းျဖည္းပိတ္ဖို႔ ႀကိဳးစားေနပံုရပါတယ္။

လက္ရွိမွာ မူဆယ္ၿမိဳ႕က က်င္စန္းေက်ာ့ဂိတ္တခုကိုပဲ တ႐ုတ္ဘက္က ဖြင့္ေပးထားတာပါ။ ဒါေၾကာင့္ ဆန္ကုန္သည္တခ်ဳိ႕က က်င္စန္းေက်ာ့ဂိတ္ကတဆင့္ တ႐ုတ္ႏိုင္ငံဖက္ ပို႔ႏိုင္ေအာင္ ႀကိဳးစားေနၾကပါတယ္။ အဲဒီလမ္းဘက္မွာလည္း ေရနဲ႔ ေရထြက္ပစၥည္းေတြအျပင္ ကုန္စိမ္း ကုန္ေျခာက္တင္ပို႔တဲ့ကားရာနဲ႔ခ်ီ တ႐ုတ္ႏိုင္ငံထဲ ဝင္ဖို႔ ေႏွာင့္ေႏွးေနၿပီး ကုန္တင္ကားေတြရာနဲ႔ခ်ီၿပီး ပိတ္ဆို႔ေနပါတယ္။ ကိုဗစ္ေရာဂါစစ္ေဆး တင္းက်ပ္မႈေတြေၾကာင့္ တ႐ုတ္ျပည္ထဲကို ေရာက္ဖို႔ဆိုရင္ အခ်ိန္တလေလာက္ ေစာင့္ဆိုင္းရပါတယ္။

တ႐ုတ္နယ္စပ္က ျမန္မာကုန္ကားမ်ား
တ႐ုတ္နယ္စပ္က ျမန္မာကုန္ကားမ်ား

“၁၀၅ မိုင္နဲ႔ က်င္စန္းေက်ာ့ၾကားထဲမွာ ကား ၁,၀၀၀ ေက်ာ္ရွိေသးတယ္။ ၁,၀၀၀ ေက်ာ္တေန႔မွ ဘယ္ေလာက္ဝင္ရလဲဆိုေတာ့ ကားမ်ိဳးစုံ ဆန္၊ ဆန္ကြဲ၊ ၾကက္သြန္၊ င႐ုပ္သီး၊ တေန႔မွ အစီး ၃၀ နဲ႔ ၄၀ ၾကားပဲဝင္ေနတာ ေတြ႔ရတယ္။ ကား ၁,၂၀၀ ေလာက္ေျဖရွင္းဖို႔က လနဲ႔ခ်ီေစာင့္ရဦးမယ္၊ ဘယ္သူမွ ထပ္မသြားေတာ့ဘူး။ အဲဒီလမ္းကိုေတာ့။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ ဂ်ဴလိုင္ ၅ ရက္ ညေန ၅ နာရီထုတ္ျပန္ခ်က္အရ မူဆယ္မွာ အတည္ျပဳလူနာသစ္ ၃၄ ေယာက္႐ွိပါတယ္။

မူဆယ္ၿမိဳ႕တဖက္ကမ္း တ႐ုတ္ဘက္မွာလည္း ကိုဗစ္ကူးစက္မႈေတြရွိေနလို႔ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ကို ဂ်ဴလိုင္လ ၄ ရက္ေန႔ ကစၿပီး အသြားအလာ ပိတ္ထားပါတယ္။ ယူနန္ျပည္နယ္နဲ႔ တ႐ုတ္ျပည္မႀကီး အဓိကကုန္သြယ္ေနတဲ့ မန္စီလမ္းမႀကီးကိုလည္း တ႐ုတ္ဘက္က မေန႔က ပိတ္လိုက္ပါတယ္။ ဒါေၾကာင့္ လက္ရွိတခုတည္းက်န္ေနတဲ့ က်င္စန္းေက်ာ့- ဝမ္တိန္ ဂိတ္ကိုလည္း တ႐ုတ္ဘက္က ပိတ္လိုက္မွာကို ကုန္သည္ေတြ စိုးရိမ္ေနၾကပါတယ္။

“ဝမ္တိန္ဂိတ္ပဲ အခုအားထားေနရတာဆိုေတာ့ ျပည္တြင္းထဲက ကူးစက္မႈေတြ မ်ားလာရင္လည္း အဲဒီေကာင္လည္းပိတ္ဖို႔ စိုးရိမ္ရတဲ့ အေနအထားေတာ့ ရွိတယ္။ အခုဟာက က်င္စန္းေက်ာ့ ( - ဝမ္တိန္) နဲ႔ ပန္ဆိုင္း ( - ဝမ္တိန္) ေပါ့။”

မူဆယ္ သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္ေျပာသြားတာပါ။

တ႐ုတ္ ျမန္မာနယ္စပ္ဂိတ္ေတြကေန ျမန္မာဘက္က ကုန္ကားေတြကို တ႐ုတ္က ဝင္ခြင့္ျပဳထားေပမဲ့ လူအဝင္ကိုေတာ့ ပိတ္ထားတာ တႏွစ္ေလာက္ရွိပါၿပီ။ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈၾကားမွာ တ႐ုတ္- ျမန္မာ နယ္စပ္ ကုန္သြယ္ေရးဟာ စိန္ေခၚမႈ အမ်ားအျပားရွိေနတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။ တ႐ုတ္ရဲ႕ အကန႔္အသတ္ေတြေၾကာင့္ ျမန္မာ့ေရထြက္ကုန္ တင္ပို႔တဲ့ႏႈန္း အခုႏွစ္မွာ သိသိသာသာက်ဆင္းသြားသလို လမ္းခရီး အခ်ိန္ၾကန႔္ၾကာမႈေတြေၾကာင့္ သစ္သီးဝလံေတြလည္း ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ခြမ်း ယာယီပိတ်ပင်

တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်ကားတွေ ဝင်ထွက်နေတဲ့ ကချင်ပြည်နယ်ဖက်က လွယ်ဂျယ်နယ်စပ်ဂိတ်ကို တရုတ်အစိုးရက ဒီနေ့ ဂျူလိုင် ၅ ရက်နေ့ စပြီး ပိတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ မြင့်တက်နေတဲ့အတွက် တရုတ်ဖက်က ခုလို ပိတ်လိုက်တာပါ။ မြန်မာနိုင်ငံက ဆန်တင်ကုန်ကားတွေ အဓိကသွားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ပိတ်လိုက်တဲ့အတွက် ဆန်ကုန်သည်တွေအတွက် ဘယ်လောက်ထိခိုက်နေလဲဆိုတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်း မခွာညို ပြောပြပါမယ်

မြန်မာပြည်ကနေ တရုတ်ပြည်ထဲကို ဆန်၊ ဆန်ကွဲအိတ်ရေ ၂၀,၀၀၀ လောက် နေ့စဉ်တင်ပို့နေရတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က လွယ်ဂျယ်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဒီကနေ့စပြီး ပိတ်လိုက်ပါတယ်။ ဒါကြောင့် တရုတ်နယ်စပ် ဆန်တင်ပို့တဲ့လုပ်ငန်းဟာ ရာခိုင်နှုန်းအတော်များများ ကျဆင်းသွားတယ်လို့ မူဆယ် ဆန်ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“လွယ်ဂျယ်ကနေ တရုတ်ပြည်အဝင်ကို ပိတ်လိုက်တဲ့အတွက် ဆန်နဲ့ဆန်ကွဲရောင်းဝယ်ရေးဟာ ၈၀ % လောက် ကျဆင်းသွားပြီ။ မနေ့ကမှ ၆၀ % ရှိသေးတာ။ အဲဒီ (ကျန်တဲ့) ၂၀ % က ဘယ်ကသွားရလဲဆိုတော့ ဝမ်တိန်၊ ကျင်စန်းကျော့က သွားနေရတယ်။ ဝမ်တိန်၊ ကျင်စန်းကျော့ပါ ပိတ်လိုက်ရင်တော့ ၁၀၀ % လုံးဝ ရပ်တန့်သွားမယ့်သဘော ရှိတယ်။”

မြန်မာပြည်တွင်းကိုဗစ်ရောဂါစတွေ့တဲ့ ၂၀၂၀ ဧပြီလ ၁ ရက်ကစလို့ မြန်မာနဲ့ အဓိက ကုန်သွယ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားတာပါ။ ဒီကြားထဲမှာ တချို့ဂိတ်တွေကို ယာယီပြန်ဖွင့်ပေးခဲ့ပေမဲ့ အခု မြန်မာပြည်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာတဲ့အတွက် တရုတ် မြန်မာ ၂ နိုင်ငံ နယ်စပ်ဂိတ်တွေကို တဖြည်းဖြည်းပိတ်ဖို့ ကြိုးစားနေပုံရပါတယ်။

လက်ရှိမှာ မူဆယ်မြို့က ကျင်စန်းကျော့ဂိတ်တခုကိုပဲ တရုတ်ဘက်က ဖွင့်ပေးထားတာပါ။ ဒါကြောင့် ဆန်ကုန်သည်တချို့က ကျင်စန်းကျော့ဂိတ်ကတဆင့် တရုတ်နိုင်ငံဖက် ပို့နိုင်အောင် ကြိုးစားနေကြပါတယ်။ အဲဒီလမ်းဘက်မှာလည်း ရေနဲ့ ရေထွက်ပစ္စည်းတွေအပြင် ကုန်စိမ်း ကုန်ခြောက်တင်ပို့တဲ့ကားရာနဲ့ချီ တရုတ်နိုင်ငံထဲ ဝင်ဖို့ နှောင့်နှေးနေပြီး ကုန်တင်ကားတွေရာနဲ့ချီပြီး ပိတ်ဆို့နေပါတယ်။ ကိုဗစ်ရောဂါစစ်ဆေး တင်းကျပ်မှုတွေကြောင့် တရုတ်ပြည်ထဲကို ရောက်ဖို့ဆိုရင် အချိန်တလလောက် စောင့်ဆိုင်းရပါတယ်။

“၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ကြားထဲမှာ ကား ၁,၀၀၀ ကျော်ရှိသေးတယ်။ ၁,၀၀၀ ကျော်တနေ့မှ ဘယ်လောက်ဝင်ရလဲဆိုတော့ ကားမျိုးစုံ ဆန်၊ ဆန်ကွဲ၊ ကြက်သွန်၊ ငရုပ်သီး၊ တနေ့မှ အစီး ၃၀ နဲ့ ၄၀ ကြားပဲဝင်နေတာ တွေ့ရတယ်။ ကား ၁,၂၀၀ လောက်ဖြေရှင်းဖို့က လနဲ့ချီစောင့်ရဦးမယ်၊ ဘယ်သူမှ ထပ်မသွားတော့ဘူး။ အဲဒီလမ်းကိုတော့။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဂျူလိုင် ၅ ရက် ညနေ ၅ နာရီထုတ်ပြန်ချက်အရ မူဆယ်မှာ အတည်ပြုလူနာသစ် ၃၄ ယောက်ရှိပါတယ်။

မူဆယ်မြို့တဖက်ကမ်း တရုတ်ဘက်မှာလည်း ကိုဗစ်ကူးစက်မှုတွေရှိနေလို့ ရွှေလီနဲ့ ကျယ်ဂေါင်ကို ဂျူလိုင်လ ၄ ရက်နေ့ ကစပြီး အသွားအလာ ပိတ်ထားပါတယ်။ ယူနန်ပြည်နယ်နဲ့ တရုတ်ပြည်မကြီး အဓိကကုန်သွယ်နေတဲ့ မန်စီလမ်းမကြီးကိုလည်း တရုတ်ဘက်က မနေ့က ပိတ်လိုက်ပါတယ်။ ဒါကြောင့် လက်ရှိတခုတည်းကျန်နေတဲ့ ကျင်စန်းကျော့- ဝမ်တိန် ဂိတ်ကိုလည်း တရုတ်ဘက်က ပိတ်လိုက်မှာကို ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။

“ဝမ်တိန်ဂိတ်ပဲ အခုအားထားနေရတာဆိုတော့ ပြည်တွင်းထဲက ကူးစက်မှုတွေ များလာရင်လည်း အဲဒီကောင်လည်းပိတ်ဖို့ စိုးရိမ်ရတဲ့ အနေအထားတော့ ရှိတယ်။ အခုဟာက ကျင်စန်းကျော့ ( - ဝမ်တိန်) နဲ့ ပန်ဆိုင်း ( - ဝမ်တိန်) ပေါ့။”

မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်ပြောသွားတာပါ။

တရုတ် မြန်မာနယ်စပ်ဂိတ်တွေကနေ မြန်မာဘက်က ကုန်ကားတွေကို တရုတ်က ဝင်ခွင့်ပြုထားပေမဲ့ လူအဝင်ကိုတော့ ပိတ်ထားတာ တနှစ်လောက်ရှိပါပြီ။ ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြားမှာ တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ စိန်ခေါ်မှု အများအပြားရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ တရုတ်ရဲ့ အကန့်အသတ်တွေကြောင့် မြန်မာ့ရေထွက်ကုန် တင်ပို့တဲ့နှုန်း အခုနှစ်မှာ သိသိသာသာကျဆင်းသွားသလို လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် သစ်သီးဝလံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

#MyanmarChinaBorder #BorderTrade #Kachin #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG