သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ျပန္ ျမန္မာလုပ္သားတို႔ စားဝတ္ေနေရး အခက္ၾကံဳ


(Zawgyi / Unicode)

တ႐ုတ္ - ျမန္မာ နယ္စပ္ဂိတ္ကေန ျမန္မာလုပ္သားေတြ ျပန္လည္ဝင္ေရာက္လာတာ တလေက်ာ္ကာလအတြင္းမွာ ၉,၅၀၀ ေက်ာ္ ရွိထားပါတယ္။ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ စက္႐ုံလုပ္ငန္းေတြ ပုံမွန္မလည္ပတ္ႏိုင္တာ၊ ေနထိုင္ေရးအခက္ႀကဳံေနတာေၾကာင့္ ေနရပ္ကိုျပန္လာသူေတြ ျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ေျပာျပေပးမွာပါ။

တ႐ုတ္နယ္စပ္ၿမိဳ႕ေတြမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ကိုဗစ္ကာလ အက်ပ္အတည္းေၾကာင့္ ေနရပ္ကိုျပန္လာၾကတာ ဇူလိုင္လ ၂၆ ရက္ေန႔ကစၿပီး ဒီကေန႔အထိဆို ၉,၅၀၀ ေက်ာ္ ရွိထားပါတယ္။ ကပ္ေရာဂါကာလျဖစ္လို႔ ျပန္လာမယ့္သူေတြမွာ ကိုဗစ္ေရာဂါရွိ၊ မရွိ တ႐ုတ္ဘက္ကေန စစ္ေဆးေပးၿပီး ေရာဂါပိုးကင္းစင္သူေတြကိုသာ ျပန္လႊဲေပးတယ္လို႔ သိရပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တ႐ုတ္- ျမန္မာ နယ္စပ္ နန္းေတာ္ဂိတ္ကေန မူဆယ္ၿမိဳ႕ထဲကို ျပန္ဝင္လာသူေတြဟာ စားေသာက္ေနထိုင္ေရးနဲ႔ အလုပ္အကိုင္အခက္အခဲေတြေၾကာင့္ တ႐ုတ္ျပည္ဘက္ကို ျပန္သြားၿပီး အလုပ္လုပ္ႏိုင္ဖို႔ ႀကိဳးစားေနသူေတြလည္း ရွိတယ္လို႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးအပ္ေရးကြန္ရက္ တာဝန္ရွိသူက ေျပာပါတယ္။

"ကိုဗစ္ကာလျဖစ္လိုက္ေတာ့ လုပ္ငန္းကလည္း တႏွစ္ေက်ာ္ေလာက္ ပိတ္ၾကေတာ့ အဓိကေတာ့ အခန္းငွားခ၊ စားဖို႔ အခက္အခဲရွိတာေပါ့။ တ႐ုတ္ကလည္း Quarantine ဝင္ရမယ္ဆိုရင္ ကုန္က်စရိတ္ေတြ မ်ားတာကို။ အဲဒီအခါက်ေတာ့ သူတို႔ မေနႏိုင္ေတာ့ဘူးေပါ့။ ဒီဘက္မွာကေတာ့ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာဆိုေတာ့ သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ မူဆယ္မွာ အတူေနခ်င္တယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔ေနရပ္ျပန္ၾကတယ္။ ဒါေပမယ့္ ၁၀ ရာခိုင္ႏႈန္းေလာက္ကေတာ့ မူဆယ္မွာပဲ ေနခ်င္ၾကတယ္။ အလုပ္ေကာင္းရင္ ဟိုဘက္ျပန္ဝင္မယ္ေပါ့။"

ျပန္လာသူအမ်ားစုဟာ ေနရာေဒသစုံမွာ ေနထိုင္သူေတြျဖစ္ၿပီးေတာ့ အဲဒီထဲက ၂၀ ရာခိုင္ႏႈန္းေလာက္က ရခိုင္ျပည္နယ္မွာ ေနထိုင္သူေတြလို႔ ျပန္လည္လက္ခံေရး ေဆာင္႐ြက္သူေတြဆီက သိရပါတယ္။ ျပည္တြင္းမွာ ကပ္ေရာဂါတတိယလႈိင္းဒဏ္ ခံၿပီးတဲ့ေနာက္ စားေသာက္ေနထိုင္ေရး အခက္အခဲေတြကိုလည္း အလႉရွင္ေတြနဲ႔ ပရဟိတေဆာင္႐ြက္သူေတြက ပံ့ပိုးကူညီေပးေနတာပါ။ ဒီလို ေနရာေဒသအလိုက္ အခက္အခဲေတြရွိေနခ်ိန္ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕မွာေတာ့ အရင္က လုပ္ကိုင္ေနၾကျဖစ္တဲ့ စိုက္ပ်ိဳးေရးနဲ႔ ေရလုပ္ငန္းေတြလည္း ပုံမွန္လည္ပတ္ႏိုင္ဖို႔ ခက္ခဲေနပါတယ္။ ေဒသကို ျပန္ေရာက္လာတဲ့ ျပည္ေတာ္ျပန္ေတြအတြက္ အခုလိုအခ်ိန္မွာ ပိုအခက္ႀကဳံႏိုင္တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"အလုပ္အကိုင္ အခြင့္အလမ္းကေတာ့ေလ သိတဲ့အတိုင္းပဲေပါ့။ က်ေနာ္တို႔ တျပည္လုံးမွာ ျဖစ္ေနတဲ့အတိုင္းပဲ။ ရွားပါးတယ္ေပါ့ ေျပာရရင္ေတာ့။ တခ်ိဳ႕ဆိုရင္ ႏိုင္ငံျခားကေန ဒီျပန္လာရတယ္၊ ဒီမွာက် အလုပ္မရွိဘူး။ အလုပ္အကိုင္ကေတာ့ ရွားပါးတယ္။ ဒီအခ်ိန္ကေတာ့ သိတဲ့အတိုင္းပဲ ဘယ္ဟာမဆို ျပတ္ေနေတာ့ သြားလာေရးေတြကလည္း မရွိေတာ့ေလ။"

ျမန္မာလုပ္သား အမ်ားဆုံးရွိတဲ့ ေ႐ႊလီနဲ႔ က်ယ္ေဂါင္မွာလည္း ကပ္ေရာဂါစည္းမ်ဥ္း အေျပာင္းအလဲေတြေၾကာင့္ အလုပ္ဆက္လုပ္ဖို႔အတြက္ အခက္ႀကဳံရသူေတြ ရွိေနပါတယ္။ နန္းေတာ္ဂိတ္ကေနတဆင့္ ျမန္မာျပည္ထဲျပန္ေရာက္လာတာ ရက္ ၂၀ ပဲရွိေသးတဲ့ ပရိေဘာဂစက္႐ုံလုပ္သား ကိုလင္းကေတာ့ သူ႔ရဲ႕အခက္အခဲကို အခုလိုေျပာလာပါတယ္။

"က်ေနာ္တို႔ျပန္လာရတယ္ဆိုတာက အဲဒီမွာ အလုပ္အကိုင္က အမွန္ေတာ့ အဆင္ေျပတယ္။ က်ေနာ္တို႔ စက္႐ုံပိုင္ရွင္ေတြကလည္း မျပန္ေစခ်င္ဘူး။ ဒါေပမယ့္ အစိုးရက ျပန္ခိုင္းတဲ့အတြက္ က်ေနာ္တို႔ျပန္လာရတာ။ ဒီမွာေနေတာ့လည္း အလုပ္အကိုင္ကမရွိဘူး။ ပုံမွန္ဝင္ေငြလည္း မရွိေတာ့ အဲမွာထက္စာရင္ ေလာေလာဆယ္ကေတာ့ အမ်ိဳးစုံပဲေပါ့။ အလုပ္လည္း မလုပ္ရဘူး။ အဲဒါေၾကာင့္မို႔ ဟိုဘက္က သူေဌးေတြကလည္း ျပန္လာေစခ်င္တဲ့အတြက္ တကယ္လို႔ ျပန္ထြက္လို႔ရရင္ ျပန္သြားမယ္ေပါ့။"

အလုပ္အကိုင္အခက္အခဲေၾကာင့္ ကိုယ့္ေနရပ္ကို ျပန္ဖို႔အခက္ေတြ႕ေနသူေတြရွိသလို တ႐ုတ္နယ္စပ္ဘက္မွာ ေနထိုင္ဖို႔ အဆင္မေျပေတာ့လို႔ ေနရပ္ျပန္ခ်င္သူတိုင္း ကေတာ့ ျပန္လာလို႔ မရေသးပါဘူး။ ေနရပ္ျပန္ဖို႔အတြက္ စာရင္းေပးထားေပမယ့္ အခုအခ်ိန္အထိ စက္႐ုံထဲမွာသာ ေနေနရသူေတြလည္း ရွိေနတယ္လို႔ ကိုလင္းက ဆက္ေျပာပါတယ္။

"က်ေနာ္တို႔စက္႐ုံမွာေတာင္မွ ျပန္လို႔မရေသးတဲ့ စာရင္းတင္ထားတဲ့သူေတြ အဲဒီမွာ က်န္ေနခဲ့ေသးတယ္။ တခ်ိဳ႕ေနရာေတြမွာက်ေတာ့ သူတို႔က အေထာက္အထားမျပည့္စုံသူေတြကို ျပန္လႊတ္တယ္။ တခ်ိဳ႕ေနရာေတြမွာက်ေတာ့ အကုန္လုံးျပန္လႊတ္တယ္။ အဲလိုမ်ိဳး တကယ္ျပန္ခ်င္တဲ့သူက် အဲဒီမွာ က်န္ေနခဲ့ေရာ။ ဥပမာ စက္႐ုံလုပ္သားေတာ္ေတာ္မ်ားမ်ားကို သူတို႔က ျပန္မလႊတ္ဘူး။ သူတို႔လုပ္ငန္းလည္ပတ္မႈေတြ ရပ္တန႔္သြားမွာစိုးလို႔ သူေဌးေတြကလည္း ျပန္မလႊတ္ဘူး။ ေနာက္ၿပီးေတာ့ အေထာက္အထားေတြကိုလည္း သူတို႔က အကုန္လုံးသိမ္းထားတယ္။ သူတို႔ေပးထားတဲ့ အေထာက္အထားနဲ႔ပဲ ေနေပါ့။ အဲဒါေတြက အျပင္လည္းထြက္လို႔မရဘူး။ ေဘးကအလုပ္ေတြလည္း ေလွ်ာက္လို႔မရဘူး။"

အခုလက္ရွိမွာေတာ့ နယ္စပ္ၿမိဳ႕မွာ လုပ္ကိုင္ေနသူေတြကို တ႐ုတ္အစိုးရက ေပါက္ေဖာ္ကဒ္နဲ႔ ေနထိုင္ခြင့္ေပးထားတာပါ။ ကပ္ေရာဂါကာလ ႏိုင္ငံရပ္ျခားမွာ ေရာက္ေနသူေတြ ကိုယ့္ေနရပ္ဆီ ျပန္လာဖို႔ကိုလည္း စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းထားပါတယ္။ နယ္စပ္ေဒသေတြမွာ ႀကိဳဆိုေရးဂိတ္ေတြဖြင့္ၿပီး ျမန္မာျပည္ထဲျပန္ဝင္လာသူေတြကို လက္ခံေပးေနတဲ့ အစီအစဥ္ေတြရွိေပမယ့္လည္း ျပည္တြင္းမွာ စားေသာက္ေနထိုင္ေရးအတြက္ အလုပ္အကိုင္ ရွားပါးမႈအေျခအေနကေတာ့ ရွိေနတုန္းပါ။ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO ကေတာ့ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ အခုႏွစ္ဝက္အတြင္းမွာ အလုပ္အကိုင္ ၂ ဒသမ ၂ သန္း ဆုံးရႈံးႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်ပြန် မြန်မာလုပ်သားတို့ စားဝတ်နေရေး အခက်ကြုံ

တရုတ် - မြန်မာ နယ်စပ်ဂိတ်ကနေ မြန်မာလုပ်သားတွေ ပြန်လည်ဝင်ရောက်လာတာ တလကျော်ကာလအတွင်းမှာ ၉,၅၀၀ ကျော် ရှိထားပါတယ်။ ကပ်ရောဂါအခြေအနေတွေကြောင့် စက်ရုံလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာ၊ နေထိုင်ရေးအခက်ကြုံနေတာကြောင့် နေရပ်ကိုပြန်လာသူတွေ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ပြောပြပေးမှာပါ။

တရုတ်နယ်စပ်မြို့တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုဗစ်ကာလ အကျပ်အတည်းကြောင့် နေရပ်ကိုပြန်လာကြတာ ဇူလိုင်လ ၂၆ ရက်နေ့ကစပြီး ဒီကနေ့အထိဆို ၉,၅၀၀ ကျော် ရှိထားပါတယ်။ ကပ်ရောဂါကာလဖြစ်လို့ ပြန်လာမယ့်သူတွေမှာ ကိုဗစ်ရောဂါရှိ၊ မရှိ တရုတ်ဘက်ကနေ စစ်ဆေးပေးပြီး ရောဂါပိုးကင်းစင်သူတွေကိုသာ ပြန်လွှဲပေးတယ်လို့ သိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တရုတ်- မြန်မာ နယ်စပ် နန်းတော်ဂိတ်ကနေ မူဆယ်မြို့ထဲကို ပြန်ဝင်လာသူတွေဟာ စားသောက်နေထိုင်ရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေကြောင့် တရုတ်ပြည်ဘက်ကို ပြန်သွားပြီး အလုပ်လုပ်နိုင်ဖို့ ကြိုးစားနေသူတွေလည်း ရှိတယ်လို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

"ကိုဗစ်ကာလဖြစ်လိုက်တော့ လုပ်ငန်းကလည်း တနှစ်ကျော်လောက် ပိတ်ကြတော့ အဓိကတော့ အခန်းငှားခ၊ စားဖို့ အခက်အခဲရှိတာပေါ့။ တရုတ်ကလည်း Quarantine ဝင်ရမယ်ဆိုရင် ကုန်ကျစရိတ်တွေ များတာကို။ အဲဒီအခါကျတော့ သူတို့ မနေနိုင်တော့ဘူးပေါ့။ ဒီဘက်မှာကတော့ ကိုယ့်မြို့ကိုယ့်ရွာဆိုတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မူဆယ်မှာ အတူနေချင်တယ်။ တော်တော်များများကတော့ သူတို့နေရပ်ပြန်ကြတယ်။ ဒါပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ကတော့ မူဆယ်မှာပဲ နေချင်ကြတယ်။ အလုပ်ကောင်းရင် ဟိုဘက်ပြန်ဝင်မယ်ပေါ့။"

ပြန်လာသူအများစုဟာ နေရာဒေသစုံမှာ နေထိုင်သူတွေဖြစ်ပြီးတော့ အဲဒီထဲက ၂၀ ရာခိုင်နှုန်းလောက်က ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေလို့ ပြန်လည်လက်ခံရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။ ပြည်တွင်းမှာ ကပ်ရောဂါတတိယလှိုင်းဒဏ် ခံပြီးတဲ့နောက် စားသောက်နေထိုင်ရေး အခက်အခဲတွေကိုလည်း အလှူရှင်တွေနဲ့ ပရဟိတဆောင်ရွက်သူတွေက ပံ့ပိုးကူညီပေးနေတာပါ။ ဒီလို နေရာဒေသအလိုက် အခက်အခဲတွေရှိနေချိန် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာတော့ အရင်က လုပ်ကိုင်နေကြဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဒေသကို ပြန်ရောက်လာတဲ့ ပြည်တော်ပြန်တွေအတွက် အခုလိုအချိန်မှာ ပိုအခက်ကြုံနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အလုပ်အကိုင် အခွင့်အလမ်းကတော့လေ သိတဲ့အတိုင်းပဲပေါ့။ ကျနော်တို့ တပြည်လုံးမှာ ဖြစ်နေတဲ့အတိုင်းပဲ။ ရှားပါးတယ်ပေါ့ ပြောရရင်တော့။ တချို့ဆိုရင် နိုင်ငံခြားကနေ ဒီပြန်လာရတယ်၊ ဒီမှာကျ အလုပ်မရှိဘူး။ အလုပ်အကိုင်ကတော့ ရှားပါးတယ်။ ဒီအချိန်ကတော့ သိတဲ့အတိုင်းပဲ ဘယ်ဟာမဆို ပြတ်နေတော့ သွားလာရေးတွေကလည်း မရှိတော့လေ။"

မြန်မာလုပ်သား အများဆုံးရှိတဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မှာလည်း ကပ်ရောဂါစည်းမျဉ်း အပြောင်းအလဲတွေကြောင့် အလုပ်ဆက်လုပ်ဖို့အတွက် အခက်ကြုံရသူတွေ ရှိနေပါတယ်။ နန်းတော်ဂိတ်ကနေတဆင့် မြန်မာပြည်ထဲပြန်ရောက်လာတာ ရက် ၂၀ ပဲရှိသေးတဲ့ ပရိဘောဂစက်ရုံလုပ်သား ကိုလင်းကတော့ သူ့ရဲ့အခက်အခဲကို အခုလိုပြောလာပါတယ်။

"ကျနော်တို့ပြန်လာရတယ်ဆိုတာက အဲဒီမှာ အလုပ်အကိုင်က အမှန်တော့ အဆင်ပြေတယ်။ ကျနော်တို့ စက်ရုံပိုင်ရှင်တွေကလည်း မပြန်စေချင်ဘူး။ ဒါပေမယ့် အစိုးရက ပြန်ခိုင်းတဲ့အတွက် ကျနော်တို့ပြန်လာရတာ။ ဒီမှာနေတော့လည်း အလုပ်အကိုင်ကမရှိဘူး။ ပုံမှန်ဝင်ငွေလည်း မရှိတော့ အဲမှာထက်စာရင် လောလောဆယ်ကတော့ အမျိုးစုံပဲပေါ့။ အလုပ်လည်း မလုပ်ရဘူး။ အဲဒါကြောင့်မို့ ဟိုဘက်က သူဌေးတွေကလည်း ပြန်လာစေချင်တဲ့အတွက် တကယ်လို့ ပြန်ထွက်လို့ရရင် ပြန်သွားမယ်ပေါ့။"

အလုပ်အကိုင်အခက်အခဲကြောင့် ကိုယ့်နေရပ်ကို ပြန်ဖို့အခက်တွေ့နေသူတွေရှိသလို တရုတ်နယ်စပ်ဘက်မှာ နေထိုင်ဖို့ အဆင်မပြေတော့လို့ နေရပ်ပြန်ချင်သူတိုင်း ကတော့ ပြန်လာလို့ မရသေးပါဘူး။ နေရပ်ပြန်ဖို့အတွက် စာရင်းပေးထားပေမယ့် အခုအချိန်အထိ စက်ရုံထဲမှာသာ နေနေရသူတွေလည်း ရှိနေတယ်လို့ ကိုလင်းက ဆက်ပြောပါတယ်။

"ကျနော်တို့စက်ရုံမှာတောင်မှ ပြန်လို့မရသေးတဲ့ စာရင်းတင်ထားတဲ့သူတွေ အဲဒီမှာ ကျန်နေခဲ့သေးတယ်။ တချို့နေရာတွေမှာကျတော့ သူတို့က အထောက်အထားမပြည့်စုံသူတွေကို ပြန်လွှတ်တယ်။ တချို့နေရာတွေမှာကျတော့ အကုန်လုံးပြန်လွှတ်တယ်။ အဲလိုမျိုး တကယ်ပြန်ချင်တဲ့သူကျ အဲဒီမှာ ကျန်နေခဲ့ရော။ ဥပမာ စက်ရုံလုပ်သားတော်တော်များများကို သူတို့က ပြန်မလွှတ်ဘူး။ သူတို့လုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်သွားမှာစိုးလို့ သူဌေးတွေကလည်း ပြန်မလွှတ်ဘူး။ နောက်ပြီးတော့ အထောက်အထားတွေကိုလည်း သူတို့က အကုန်လုံးသိမ်းထားတယ်။ သူတို့ပေးထားတဲ့ အထောက်အထားနဲ့ပဲ နေပေါ့။ အဲဒါတွေက အပြင်လည်းထွက်လို့မရဘူး။ ဘေးကအလုပ်တွေလည်း လျှောက်လို့မရဘူး။"

အခုလက်ရှိမှာတော့ နယ်စပ်မြို့မှာ လုပ်ကိုင်နေသူတွေကို တရုတ်အစိုးရက ပေါက်ဖော်ကဒ်နဲ့ နေထိုင်ခွင့်ပေးထားတာပါ။ ကပ်ရောဂါကာလ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေ ကိုယ့်နေရပ်ဆီ ပြန်လာဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားပါတယ်။

နယ်စပ်ဒေသတွေမှာ ကြိုဆိုရေးဂိတ်တွေဖွင့်ပြီး မြန်မာပြည်ထဲပြန်ဝင်လာသူတွေကို လက်ခံပေးနေတဲ့ အစီအစဉ်တွေရှိပေမယ့်လည်း ပြည်တွင်းမှာ စားသောက်နေထိုင်ရေးအတွက် အလုပ်အကိုင် ရှားပါးမှုအခြေအနေကတော့ ရှိနေတုန်းပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကတော့ မြန်မာနိုင်ငံမှာ ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုနှစ်ဝက်အတွင်းမှာ အလုပ်အကိုင် ၂ ဒသမ ၂ သန်း ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG