သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးပိုင္နဲ႔ ဖက္စပ္လုပ္ေနတာ POSCO C&C ကုမၸဏီ ရပ္ေတာ့မယ္


POSCO လုပ္ငန္းခြင္တခု။

ZAWGYI/UNICODE
ျမန္မာစစ္တပ္ပိုင္ကုမၸဏီနဲ႔ စီးပြားေရးတြဲလုပ္ေနတာကို ရပ္ေတာ့မယ္လို႔ ေတာင္ကိုရီးယား သံမဏိကုမၸဏီတစ္ခုက ဒီကေန႔ေျပာပါတယ္။ ဒီလို စီးပြားေရး ဖက္စပ္လုပ္ေဆာင္မႈဟာ ဒီမိုကေရစီေရးေတာင္းဆိုေနတဲ့ ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲေနတဲ့ စစ္ေခါင္းေဆာင္ေတြအတြက္ အက်ိဳးအျမတ္ျဖစ္ေနတာေၾကာင့္ ရပ္ဆိုင္းဖို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေတာင္းဆိုထားတာပါ။

ကာကြယ္ေရးဝန္ႀကီးဌာနက ၄၀% ပိုင္ဆိုင္တဲ့ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္နဲ႔ တြဲလုပ္ေနတာကို ရပ္ဆိုင္းဖို႔ ဆုံးျဖတ္လိုက္ၿပီလို႔ POSCO Coated & Color ကုမၸဏီကေၾကညာတာပါ။ ဒါေပမယ့္ ျမန္မာႏိုင္ငံကေန ထြက္သြားမွာေတာ့မဟုတ္ဘူးလို႔ ဆိုပါတယ္။ MEHL နဲ႔ ဖက္စပ္တည္ေထာင္ထားတဲ့ ျမန္မာ POSCO C&C ကုမၸဏီရဲ႕ ၇၀% ကို POSCO C&C ကုမၸဏီကပိုင္ပါတယ္။

ဖက္စပ္ကုမၸဏီကို အျပည့္အဝပိုင္ဆိုင္ၿပီး ဆက္လုပ္ႏိုင္ဖို႔အတြက္ ျမန္မာ POSCO C&C ကုမၸဏီမွာ MEHL ကပိုင္ဆိုင္တဲ့ အစုရွယ္ယာ ၃၀% ကို ဝယ္ခ်င္တဲ့အေၾကာင္း MEHL ကို အေၾကာင္းၾကားထားတယ္လို႔ POSCO C&C ကုမၸဏီ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Min Ji-hyun က ေျပာပါတယ္။ ဒီအေပၚ MEHL ဘက္က အေၾကာင္းမျပန္ေသးဘူးလို႔ သူကေျပာပါတယ္။

ဒီလိုဝယ္ယူဖို႔အတြက္ POSCO C&C ကုမၸဏီအေနနဲ႔ ဘယ္ေလာက္ေပးရမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ အေသးစိတ္ကို မေျပာႏိုင္ေသးဘူးလို႔ Min Ji-hyun က ေျပာပါတယ္။ MEHL က ေရာင္းဖို႔ျငင္းတယ္ဆိုရင္ ျမန္မာႏိုင္ငံမွာ စီးပြားေရးဆက္လုပ္ဖို႔ ကုမၸဏီအေနနဲ႔ တျခားနည္းလမ္းေတြကို ရွာသြားမယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ ဘယ္လိုနည္းလမ္းေတြ ဆိုတာကိုေတာ့ သူကမေျပာပါဘူး။

POSCO C&C ကုမၸဏီဟာ ေတာင္ကိုရီးယား သံမဏိကုမၸဏီႀကီးျဖစ္တဲ့ POSCO ရဲ႕လက္ခြဲတစ္ခုျဖစ္ပါတယ္။ သူတို႔ရဲ႕ သံမဏိစီးပြားေရးလုပ္ငန္းဟာ "ျမန္မာႏိုင္ငံမွာ လူေနမႈဝန္းက်င္ တိုးတက္ေရး ဆက္လက္ အေထာက္အကူျဖစ္ေစၿပီး ႏိုင္ငံစီးပြားေရးကို ဆက္ၿပီး ပံ့ပိုးကူညီသြားမယ္" လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း POSCO ကုမၸဏီရဲ႕ထုတ္ျပန္ခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE
မြန်မာစစ်တပ်ပိုင်ကုမ္ပဏီနဲ့ စီးပွားရေးတွဲလုပ်နေတာကို ရပ်တော့မယ်လို့ တောင်ကိုရီးယား သံမဏိကုမ္ပဏီတစ်ခုက ဒီကနေ့ပြောပါတယ်။ ဒီလို စီးပွားရေး ဖက်စပ်လုပ်ဆောင်မှုဟာ ဒီမိုကရေစီရေးတောင်းဆိုနေတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေတဲ့ စစ်ခေါင်းဆောင်တွေအတွက် အကျိုးအမြတ်ဖြစ်နေတာကြောင့် ရပ်ဆိုင်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားတာပါ။

ကာကွယ်ရေးဝန်ကြီးဌာနက ၄၀% ပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တွဲလုပ်နေတာကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီလို့ POSCO Coated & Color ကုမ္ပဏီကကြေညာတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံကနေ ထွက်သွားမှာတော့မဟုတ်ဘူးလို့ ဆိုပါတယ်။ MEHL နဲ့ ဖက်စပ်တည်ထောင်ထားတဲ့ မြန်မာ POSCO C&C ကုမ္ပဏီရဲ့ ၇၀% ကို POSCO C&C ကုမ္ပဏီကပိုင်ပါတယ်။

ဖက်စပ်ကုမ္ပဏီကို အပြည့်အဝပိုင်ဆိုင်ပြီး ဆက်လုပ်နိုင်ဖို့အတွက် မြန်မာ POSCO C&C ကုမ္ပဏီမှာ MEHL ကပိုင်ဆိုင်တဲ့ အစုရှယ်ယာ ၃၀% ကို ဝယ်ချင်တဲ့အကြောင်း MEHL ကို အကြောင်းကြားထားတယ်လို့ POSCO C&C ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Min Ji-hyun က ပြောပါတယ်။ ဒီအပေါ် MEHL ဘက်က အကြောင်းမပြန်သေးဘူးလို့ သူကပြောပါတယ်။

ဒီလိုဝယ်ယူဖို့အတွက် POSCO C&C ကုမ္ပဏီအနေနဲ့ ဘယ်လောက်ပေးရမယ်ဆိုတဲ့ ခန့်မှန်းချက် အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ Min Ji-hyun က ပြောပါတယ်။ MEHL က ရောင်းဖို့ငြင်းတယ်ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေးဆက်လုပ်ဖို့ ကုမ္ပဏီအနေနဲ့ တခြားနည်းလမ်းတွေကို ရှာသွားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းလမ်းတွေ ဆိုတာကိုတော့ သူကမပြောပါဘူး။

POSCO C&C ကုမ္ပဏီဟာ တောင်ကိုရီးယား သံမဏိကုမ္ပဏီကြီးဖြစ်တဲ့ POSCO ရဲ့လက်ခွဲတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ သံမဏိစီးပွားရေးလုပ်ငန်းဟာ "မြန်မာနိုင်ငံမှာ လူနေမှုဝန်းကျင် တိုးတက်ရေး ဆက်လက် အထောက်အကူဖြစ်စေပြီး နိုင်ငံစီးပွားရေးကို ဆက်ပြီး ပံ့ပိုးကူညီသွားမယ်" လို့ မျှော်လင့်တဲ့အကြောင်း POSCO ကုမ္ပဏီရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG