သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိ္ုင္ငံတြင္း ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္း တိုးခ်ဲ႕ဖို႔ ေဒၚလာသန္း ၃၀၀ ေက်ာ္ သံုးမည္ (M1 Group)


M1 Group Logo. (ဓာတ္ပုံ - M1 Group Facebook)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံက တယ္လီဖုန္းနဲ႔ အင္တာနက္ဆက္သြယ္မႈေပးတဲ့ လုပ္ငန္းကို ေနာ္ေဝအေျခစိုက္ Telenor ကုမၸဏီဆီကေန ဝယ္ယူခဲ့တဲ့ လက္ဘႏြန္အေျခစိုက္ M1 Group က လာမယ့္ ၃ ႏွစ္အတြင္း လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ဖို႔အတြက္ အေမရိကန္ေဒၚလာ သန္း ၃၃၀ သံုးစြဲမွာျဖစ္ေၾကာင္း အဖြဲ႔အမႈေဆာင္အရာရွိခ်ဳပ္ Azmi Mikati က ေျပာပါတယ္။

ဒီေငြကို ဆက္သြယ္ေရးကြန္ရက္ တုိးခ်ဲ႕ဖို႔အျပင္ Broadband စနစ္တပ္ဆင္ဖို႔နဲ႔ ဝန္ေဆာင္မႈေတြေပးရာမွာ သံုးမွာျဖစ္ေၾကာင္း Azmi Mitaki ရဲ႕ ေျပာၾကားခ်က္ကို ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ႀကံဳေနရတဲ့ စိန္ေခၚမႈရွိတဲ့ ဝန္းက်င္ကို ေရွာင္တာထက္ လက္ရွိႏိုင္ငံေရးအေျခေနကို ဂ႐ုမစိုက္ဘဲ ျမန္မာျပည္သူေတြအတြက္ ကမာၻ႔အဆင့္မီ ဝန္ေဆာင္မႈေပးဖို႔ လုပ္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

Telenor က ဇူလိုင္လထဲမွာ ေဒၚလာ ၁၀၅ သန္းနဲ႔ M1 Group ကို ေရာင္းခ်ဖို႔ သေဘာတူခဲ့တာပါ။ စည္းမ်ဥ္းစည္းကမ္းပိုင္းဆိုင္ရာ အတည္ျပဳခ်က္ မရေသးေပမယ့္ ျမန္မာႏိုင္ငံသား ၅၅ သန္းထဲက ၁၉ သန္းေလာက္ သံုးစြဲေနတဲ့ တယ္လီဖုန္းဆက္သြယ္ေရးလုပ္ငန္းကို လက္ဘႏြန္ႏိုင္ငံ ေဘရြတ္အေျခစိုက္ ကုမၸဏီက ထိန္းခ်ဳပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

သံုးစြဲသူေတြရဲ႕ လက္ကိုင္ဖုန္းနဲ႔ အင္တာနက္သံုးစြဲမႈကို ေစာင့္ၾကည့္ႏိုင္တဲ့ Spyware ထားေပးဖို႔ စစ္တပ္ရဲ႕ ၫႊန္ၾကားခ်က္ကို မလိုက္နာခ်င္တဲ့အတြက္ ျမန္မာႏိုင္ငံကေန ထြက္ဖို႔ Telenor က ဆံုးျဖတ္ခဲ့တယ္လို႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့လေတြအတြင္း Telenor ကုမၸဏီအေနနဲ႔ လံုၿခံဳေရး စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ လိုက္နာသင့္မသင့္ အေၾကာင္းအခ်က္ စတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ခဲ့ရၿပီး ဒီအေျခအေနမွာ ကုမၸဏီကို ေရာင္းခ်ျခင္းသာ အေကာင္းဆံုးနည္းလမ္းျဖစ္တယ္လို႔ သံုးသပ္ခဲ့ေၾကာင္း Telenor အမႈေဆာင္အရာရွိခ်ဳပ္ Sigve Brekke က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

M1 Group ကုမၸဏီဟာ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ေဟာင္း Najib A. Mikati ဦးေဆာင္တဲ့ လက္ဘႏြန္အေျခစိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အစုစပ္ကုမၸဏီျဖစ္ၿပီး ျမန္မာစစ္တပ္က ခ်ဳပ္ကိုင္ထားတဲ့ Mytel အင္တာနက္မိုဘိုင္းနဲ႔ ဆက္သြယ္ေရးနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ Irrawaddy Green Towers ကုမၸဏီမွာ M1 Group က အဓိက ရွယ္ယာဝင္ထားတာျဖစ္ေၾကာင္း Burma Campaign UK အဖြဲ႔နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ FFM တို႔ရဲ႕ မွတ္တမ္းေတြမွာ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့ဖို့ ဒေါ်လာသန်း ၃၀၀ ကျော် သုံးမည် (M1 Group)

မြန်မာနိုင်ငံက တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုပေးတဲ့ လုပ်ငန်းကို နော်ဝေအခြေစိုက် Telenor ကုမ္ပဏီဆီကနေ ဝယ်ယူခဲ့တဲ့ လက်ဘနွန်အခြေစိုက် M1 Group က လာမယ့် ၃ နှစ်အတွင်း လုပ်ငန်းချဲ့ထွင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၃၀ သုံးစွဲမှာဖြစ်ကြောင်း အဖွဲ့အမှုဆောင်အရာရှိချုပ် Azmi Mikati က ပြောပါတယ်။

ဒီငွေကို ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ဖို့အပြင် Broadband စနစ်တပ်ဆင်ဖို့နဲ့ ဝန်ဆောင်မှုတွေပေးရာမှာ သုံးမှာဖြစ်ကြောင်း Azmi Mitaki ရဲ့ ပြောကြားချက်ကို ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စိန်ခေါ်မှုရှိတဲ့ ဝန်းကျင်ကို ရှောင်တာထက် လက်ရှိနိုင်ငံရေးအခြေနေကို ဂရုမစိုက်ဘဲ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုပေးဖို့ လုပ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

Telenor က ဇူလိုင်လထဲမှာ ဒေါ်လာ ၁၀၅ သန်းနဲ့ M1 Group ကို ရောင်းချဖို့ သဘောတူခဲ့တာပါ။ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အတည်ပြုချက် မရသေးပေမယ့် မြန်မာနိုင်ငံသား ၅၅ သန်းထဲက ၁၉ သန်းလောက် သုံးစွဲနေတဲ့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်နိုင်ငံ ဘေရွတ်အခြေစိုက် ကုမ္ပဏီက ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေရဲ့ လက်ကိုင်ဖုန်းနဲ့ အင်တာနက်သုံးစွဲမှုကို စောင့်ကြည့်နိုင်တဲ့ Spyware ထားပေးဖို့ စစ်တပ်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာချင်တဲ့အတွက် မြန်မာနိုင်ငံကနေ ထွက်ဖို့ Telenor က ဆုံးဖြတ်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း Telenor ကုမ္ပဏီအနေနဲ့ လုံခြုံရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့ လိုက်နာသင့်မသင့် အကြောင်းအချက် စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး ဒီအခြေအနေမှာ ကုမ္ပဏီကို ရောင်းချခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သုံးသပ်ခဲ့ကြောင်း Telenor အမှုဆောင်အရာရှိချုပ် Sigve Brekke က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

M1 Group ကုမ္ပဏီဟာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib A. Mikati ဦးဆောင်တဲ့ လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု အစုစပ်ကုမ္ပဏီဖြစ်ပြီး မြန်မာစစ်တပ်က ချုပ်ကိုင်ထားတဲ့ Mytel အင်တာနက်မိုဘိုင်းနဲ့ ဆက်သွယ်ရေးနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ Irrawaddy Green Towers ကုမ္ပဏီမှာ M1 Group က အဓိက ရှယ်ယာဝင်ထားတာဖြစ်ကြောင်း Burma Campaign UK အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM တို့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG