သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Telenor ကုမၸဏီရဲ႕ ျမန္မာလုပ္ငန္း Mytel နဲ႔ဆက္စပ္တဲ့ M1 Group ဝယ္ယူ


ရန္ကုန္ျမိဳ ့က Telenor ေၾကာ္ျငာတခု (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ တယ္လီဖုန္းနဲ႔ အင္တာနက္ဆက္သြယ္ေရးဝန္ေဆာင္မႈေပးေနတဲ့ ေနာ္ေဝးအေျခစိုက္ Telenor ကုမၸဏီက သူ႔ရဲ႕ ျမန္မာႏိုင္ငံတြင္း လည္ပတ္ေနတဲ့ လုပ္ငန္းအားလုံးကို ေဒၚလာ ၁၀၅ သန္းနဲ႔ M1 Group ကို ေရာင္းခ်ဖို႔ သေဘာတူလိ္ုက္ပါတယ္။

Telenor ကုမၸဏီအေနနဲ႔ ျမန္မာႏိုင္ငံမွာ လုပ္ငန္းဆက္လုပ္သင့္မသင့္ သံုးသပ္စဥ္းစားတဲ့အေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီးေနာက္မွာ အခု M1 Group ကို ေရာင္းခ်ဖို႔ သေဘာတူလိုက္တယ္ဆိုတဲ့ သတင္းထြက္ေပၚလာတာပါ။

ျမန္မာႏိုင္ငံတြင္း ဆိုးဝါးလာတဲ့ စီးပြားေရးနဲ႔ စီးပြားေရးလုပ္ႏိုင္မယ့္ အေနအထား၊ ယိုယြင္းလာတဲ့ လံုျခံဳေရးနဲ႔ လူ႔အခြင့္အေရး အေျခအေနေတြေၾကာင့္ လုပ္ငန္းတိုးတက္ႏိုင္ဖို႔ အေျခအေန၊ အကန္႔အသတ္ေတြ ရွိေနတယ္ယ္လို႔လည္း Telenor ကုမၸဏီက မၾကာေသးခင္ရက္ပိုင္းကပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

Telenor ကုမၸဏီရဲ႕ လုပ္ငန္းေတြကို၀ယ္ယူဖို႔ သေဘာတူလိုက္တဲ့ M1 Group ကုမၸဏီဟာ လက္ဘႏြန္၀န္ႀကီးခ်ဳပ္ေဟာင္း Najib A. Mikati ဦးေဆာင္တဲ့ လက္ဘႏြန္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ အစုစပ္ကုမၸဏီျဖစ္ပါတယ္။

ျမန္မာစစ္တပ္က ခ်ဳပ္ကိုင္ထားတဲ့ Mytel အင္တာနက္မိုဘိုင္းနဲ႔ ဆက္သြယ္ေရးနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ Irrawaddy Green Towers ကုမၸဏီမွာ M1 Group က အဓိက ရွယ္ယာ၀င္ထားတဲ့အေၾကာင္း Burma Campaign UK အဖြဲ႕နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ FFM တို႔ရဲ႕ မွတ္တမ္းေတြမွာ ေဖၚျပပါတယ္။

Telenor ကုမၸဏီအေနနဲ႔ လုပ္ငန္း ဆက္လက္လည္ပတ္ႏိုင္မယ့္ ေရြးခ်ယ္စရာ နည္းလမ္းေပါင္းစုံကို စဥ္းစားခဲ့ၿပီး ေရာင္းခ်တာကသာ အေကာင္းဆုံးအေျဖလို႔ ျမင္တဲ့အတြက္ အခုလို ဆုံးျဖတ္လိုက္တာလို႔ ကုမၸဏီ အလုပ္အမႈအေဆာင္အႀကီးအကဲ Sigve Brekke က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

...........................................................................................

Telenor ကုမ္ပဏီရဲ့ မြန်မာလုပ်ငန်း Mytel နဲ့ဆက်စပ်တဲ့ M1 Group ဝယ်ယူ

(Unicode)

မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီက သူ့ရဲ့ မြန်မာနိုင်ငံတွင်း လည်ပတ်နေတဲ့ လုပ်ငန်းအားလုံးကို ဒေါ်လာ ၁၀၅ သန်းနဲ့ M1 Group ကို ရောင်းချဖို့ သဘောတူလိုက်ပါတယ်။

Telenor ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်သင့်မသင့် သုံးသပ်စဉ်းစားတဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ အခု M1 Group ကို ရောင်းချဖို့ သဘောတူလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။

မြန်မာနိုင်ငံတွင်း ဆိုးဝါးလာတဲ့ စီးပွားရေးနဲ့ စီးပွားရေးလုပ်နိုင်မယ့် အနေအထား၊ ယိုယွင်းလာတဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် လုပ်ငန်းတိုးတက်နိုင်ဖို့ အခြေအနေ၊ အကန့်အသတ်တွေ ရှိနေတယ်ယ်လို့လည်း Telenor ကုမ္ပဏီက မကြာသေးခင်ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Telenor ကုမ္ပဏီရဲ့ လုပ်ငန်းတွေကိုဝယ်ယူဖို့ သဘောတူလိုက်တဲ့ M1 Group ကုမ္ပဏီဟာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib A. Mikati ဦးဆောင်တဲ့ လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု အစုစပ်ကုမ္ပဏီဖြစ်ပါတယ်။

မြန်မာစစ်တပ်က ချုပ်ကိုင်ထားတဲ့ Mytel အင်တာနက်မိုဘိုင်းနဲ့ ဆက်သွယ်ရေးနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ Irrawaddy Green Towers ကုမ္ပဏီမှာ M1 Group က အဓိက ရှယ်ယာဝင်ထားတဲ့အကြောင်း Burma Campaign UK အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM တို့ရဲ့ မှတ်တမ်းတွေမှာ ဖေါ်ပြပါတယ်။

Telenor ကုမ္ပဏီအနေနဲ့ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်မယ့် ရွေးချယ်စရာ နည်းလမ်းပေါင်းစုံကို စဉ်းစားခဲ့ပြီး ရောင်းချတာကသာ အကောင်းဆုံးအဖြေလို့ မြင်တဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာလို့ ကုမ္ပဏီ အလုပ်အမှုအဆောင်အကြီးအကဲ Sigve Brekke က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG