သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တယ်လီဖုန်း အင်တာနက်လုပ်ငန်း ဆက်လုပ်သင့် မသင့် Telenor Group စဉ်းစားနေ

Myanmar Telenor
Myanmar Telenor

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ နော်ဝေးအခြေစိုက် Telenor Group လုပ်ငန်းကြီးက မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်သင့် မသင့်ကို သုံးသပ်စဉ်းစားနေပြီလို့ ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုးရွားလားတဲ့ စီးပွားရေးနဲ့ စီးပွားရေးလုပ်နိုင်မယ့် အနေအထား၊ ယိုယွင်းလာတဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် လုပ်ငန်းတိုးတက်နိုင်ဖို့ အခြေအနေ အကန့်အသတ်တွေရှိနေတယ်လို့ တယ်လီနောရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ တယ်လီနောရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆက်ပေးထားပေမဲ့ အနာဂါတ်အတွက်တော့ မြန်မာနိုင်ငံ တိုးတက်မှုအပေါ် မူတည်သလို မြန်မာပြည်သူတွေအကျိုးအတွက် ဘယ်လောက်အပြုသဘောနဲ့ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ပေါ်မှာ မူတည်တယ်ဆိုတာကိုလည်း Telenor Group ကအဓိက ထောက်ပြပါတယ်။

ခုလို မြန်မာနိုင်ငံထဲမှာ လုပ်ငန်းဆက်လုပ်သင့် မသင့်ဆိုတာ သုံးသပ်နေဆဲဖြစ်ပြီး လောလောဆယ် ဒီထက် ထပ်မပြောနိုင်သေးဘူးလို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Telenor ကုမ္ပဏီဟာ မြန်မာနိုင်ငံထဲမှာ ၂၀၁၃ ခုနှစ်ထဲက လုပ်ငန်းလည်ပါတ်နေတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း Telenor အပါအဝင် မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ငန်းတွေ အကြီးအကျယ် ကန့်သတ်ခံထားရပါတယ်။ Telenor Group လုပ်ငန်းကြီးရဲ့ မြန်မာနိုင်ငံက ဝင်ငွေလည်း ဒေါ်လာ သန်း ၇၀၀ ကျော် ထိခိုက်ဆုံးရှုံး နေပါတယ်။

(Unicode)




This item is part of
XS
SM
MD
LG